Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၉)—ပြည်တွင်းပြည်ပသာသနာနယ်မြေ

    ပြည်ပသာသနာကဲ့ သို့အရေးကြီးသောတန်းတူလုပ်ကွက်တစ်ခု

    နိုးလော့၊ နိုးလော့၊ ညီအစ်ကို၊ ညီအစ်မတို့ တစ်ခါမျှမဝင်ရသေးသော အမေရိကန်ပြည်တွင်းရှိ သာသနာကွင်းများဆီသို့ ဝင်ကြပါစို့။ ပြည်ပသာသနာ ကွင်းများဆီသို့ တစ်စုံတစ်ရာကို သင်ပေးလှူပြီးခဲ့သည်နောက် သင့်တာဝန် ကျေလှပြီဟု မထင်လိုက်ပါလေနှင့်။ ပြည်ပသာသနာကွင်း၌ လုပ်ကွက်ရှိပါသည်။ သို့သော် ထိုကဲ့သို့ပင် အရေးကြီးသောအမေရိကပြည်တွင်း၌လည်း လုပ်ဆောင် စရာရှိသေး၏။ အမေရိကန်ပြည်နယ်တစ်လွှားမြို့များ၌ ဘာသာစကားမျိုးစုံ ကိုပြောဆိုနေသည့် တိုင်းတစ်ပါးသားလူမျိုးများစွာနေထိုင်ကြသည်။ ဤသူတို့ သည် အသင်းတော်၌ ကိုယ်တော်ပေးထားပြီးသည့် အလင်းရောင်ကို လိုအပ် နေကြပါသည်။ (ChS 199,1)ChSBur 331.1

    ဝေးသောတိုင်းပြည်များ၌ နေထိုင်နေကြသောလူမျိုးအသီးသီးတို့ထံ သတင်းစကားရောက်စေရန် စီမံလုပ်ကိုင်နေသည့်အချိန်၌ပင် ကျွန်ုပ်တို့၏ ကမ်းခြေဒေသများသို့ ဝင်ရောက်လာကြသည့် တိုင်းတစ်ပါးသားများအတွက် လည်း များစွာလုပ်စရာရှိလာပါသည်။ တရုတ်တိုင်းပြည်၌ရှိသောဝိညာဉ်များ သည် ကျွန်ုပ်တို့၏တံခါးဝအရိပ်အောက်ရောက်နေသည့်ဝိညာဉ်ထက်သာ၍ အရေးကြီးလှသည်မဟုတ်ပါ။ ဘုရားသခင်၏လူများသည် ဝေးသောတိုင်းပြည် များ၌ ကိုယ်တော်ပေးသောလမ်းမကြီးသည် ပွင့်နေပါလျှင် သစ္စာရှိစွာအမှ ဆောင်ကြရမည်။ ထို့အတူ ဒေသချင်းကပ်လျက်ရှိသောမြို့ရွာဒေသအရပ်များ၌ နေထိုင်လျက်ရှိကြသောလူမျိုးပေါင်းစုံနိုင်ငံခြားသားများဆီ၌လည်း အမှုတော် ဆောင်ရန်တာဝန်ရှိပါသည်။ (ChS 199.2)ChSBur 331.2

    နယူးယောက်မြို့၊ ချီကာဂိုမြို့ ၊ အခြားလူနေထူထပ်သည့်မြို့များ၌ နိုင်ငံခြားသားများအနေများသောကြောင့် လူမျိုးပေါင်းစုံသည်အစုအဝေးနှင့် ရှိနေကြသည်။ ထိုသူများအား လက်တွေ့ ထိထိရောက်ရောက်သတိပေးသတင်း စကားမရောက်သေးပါ။ သတ္တမနေ့မြော်လင့်ခြင်းအသင်းသည် စိတ်အားကြီး လျက် အလုပ်လုပ်နေပါသည်။ ပြည်ပနိုင်ငံများ၌ အမှုဆောင်ရန် နေရာများ များမရှိတော့ဟူ၍ ကျွန်ုပ်ပြောနေသည်မဟုတ်ပါ။ ရပ်နီးမြို့များ၌လည်း အချိုး ညီစွာဖြင့် စိတ်ပါလျက် အမှုဆောင်ကြပါလျှင် ဘုရားသခင်ကို ကြည်နူး ဝမ်းမြောက်စေလိမ့်မည်ဖြစ်ပါသည်။ ကိုယ်တော့်လူများသည် အာရုံခံမိဖို့လို ၏။ ဤမြို့တွေမှာ ဝင်ရောက်အမှုတော်ဆောင်ရန် အပြင်းအထန်အလေးအနက် ထား၍ သူတို့ဆုံးဖြတ်ချက်ချဖို့လိုသည်။ အမှုဆောင်ရန် ဆက်ကပ်ပြီးသော ပါရမီရှိသူများကို ထိုမြို့များသို့စေလွှတ်၍ အမှုတော်ဆောင်စေရမည်။ လုပ်ဆောင်သူလူတန်းစားများစွာသည် ထိုတိုင်းတစ်ပါးသားများအား သတိ ပေးသတင်းစကားကြားပြောရာ၌ ကြိုးစား၍လမ်းပြခံယူရာတွင် ညီညွတ်မှုရှိ ကြရမည်။ (ChS 199.3)ChSBur 331.3