Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    တက်ကြွထက်သန်မှု

    ဘုရားသခင်သည် ကိုယ်တော်၏သမ္မာတရားရှေ့တိုးစေရန် ယေဘု ယျအားဖြင့် နိမိတ်လက္ခဏာများပြတော်မမူပါ။ အိမ်ထောင်ဦးစီးလင်ယောက်ျား သည် မြေကိုထွန်ယက်ဖို့ မေ့လျော့နေခဲ့လျှင် ဘုရားသခင်သည်လည်း အမှန် ရှိနေသည်ကို တိုက်လှန်ရန် နိမိတ်တန်ခိုးမသုံးပါ။ ကိုယ်တော်သည် ကျွန်ုပ် တို့အား အသိပေးပြီးဖြစ်သောအခြေခံစည်းမျဉ်းကြီးအတိုင်း လုပ်ဆောင်ပေး သည်။ ကျွန်ုပ်တို့အပိုင်း၌ ရင့်ကျက်သော၊ ကောင်းသောအကြံအစည်နှင့် ဘုရားသခင်အမှန်တကယ်အကျိုးပေးလိမ့်မည်ဖြစ်သောဘုရားသခင့်အလိုတော် ကိုစီမံပြုလုပ်ကြရမည်။ ဆုံးဖြတ်ချက်နှင့်ကြိုးစားလုပ်ကိုင်လိုခြင်းမရှိသောသူ များသည် သန့်ရှင်းသောဝိညာဉ်တော်က သူတို့အား အနိုင်အထက်ပြု၍ မစပေး လိမ့်မည်ဟု တမင်တကာစောင့်မျှော်နေသည်ဖြစ်၍ ထိုသူတို့သည် အမှောင်ထဲ ၌ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုတော်၌ ဘာမျှလုပ်ဆောင်ချက်မရှိဘဲ မလှုပ်မယှက်ထိုင်မနေရ။ (ChS 228.3)ChSBur 378.1

    မစ်ရှင်အမှုဆောင်အလုပ်ထဲ၌ရှိကြသောသူအချို့သည် အားနည်းခြင်း၊ အာရုံမရဖြစ်ခြင်း၊ ဝိညာဉ်သဘောမရှိခြင်းအပြင် အလွယ်တကူလည်း စိတ်ပျက် တတ်ကြသည်။ တွန်းကန်အား သူတို့၌မရှိ။ တစ်စုံတစ်ရာလုပ်ကိုင်ရန် စွမ်းအား ပေးသောအကောင်းမြင်ဥာဏ်စရိုက်လက္ခဏာလည်း သူတို့၌မရှိကြပါ။ စိတ်အားထက်သန်စေရန် မီးမွေးပေးနိုင်သောစိတ်စွမ်းအင်လည်း သူတို့၌ မရှိကြပါ။ အောင်မြင်မှုကိုရယူလိုသူတိုင်းသည် သတ္တိရှိရမည်။ မျှော်လင့်ခြင်း ရှိရမည်။ သူတို့သည် အကောင်းမြင်မှုသက်သက်ချည်းကိုသာရှာကြသည် မဟုတ်။ သူတို့၏စင်ကြယ်သောအကျင့်သီလကိုလည်း ရှင်သန်နေစေသည်။ (ChS 228.4)ChSBur 378.2

    ဘုရားသခင်သည် ခရစ်တော်၏လက်ဝါးကပ်တိုင်အောင်ပွဲကိုရှေ့တန်း တင်သောအမှုတော်ဆောင်များကို အလိုရှိတော်မူသည်။ (ChS 228.5)ChSBur 379.1

    ရိုးစင်းလွန်း၍ အသက်မပါသောလှစ်လှပ်မိန့်ဆိုသောစကားများအား ဖြင့် သတင်းစကားဟောပြောနေရသည်မဟုတ်။ ရှင်းရှင်းလင်းလင်းနှင့်ဆုံးဖြတ် ချက်ပိုင်ပိုင်နိုင်နိုင်လှုံ့ဆော်ခြင်းအဆိုအမိန့်များဖြစ်စေရမည်။ (ChS 229.1)ChSBur 379.2

    ဤသတင်းစကားကိုဟောပြောရန်အာဝဇ္ဇန်းရွှင်ရွှင်သူတစ်ပါးကျ လောက်အောင် စကားပြောကောင်းသူများမလိုအပ်ပါ။ သမ္မာတရား၏ပြင်းထန် ထိရောက်မှုအလုံးစုံကိုသာ ဟောပြောရမည်။ နိုးကြားတက်ကြွသောသူများ လိုအပ်သည်။ အသင်းတော်များစင်ကြယ်ရေးနှင့် လောကသို့သတိပေးစကား များကို အားသွန်ခွန်စိုက်မရပ်မနားစွမ်းအင်ဖြင့် လုပ်ဆောင်ကြသူများကို လိုအပ် နေသည်။ (ChS 229.2)ChSBur 379.3

    ဘုရားသခင်၏အမှုတော်ထဲ၌ ပျင်းရိသူများကို ဘုရားသခင်မသုံးပါ။ ကိုယ်တော်သည် အတွေးကောင်းသူ၊ ကြင်နာသူ၊ စာနာတတ်သူ၊ ကြိုးစား လုပ်ဆောင်သူများကို အလိုတော်ရှိ၏။ (ChS 229.3)ChSBur 379.4

    Larger font
    Smaller font
    Copy
    Print
    Contents