Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကျွမ်းကျင်လိမ္မာခြင်း

    စနစ်တကျရှိခြင်း၊ စေ့စပ်သေချာခြင်းနှင့် အစီရင်ခံခြင်းစသည့်ကျင့်ဝတ် လိုအပ်ချက်များသည် ခရစ်ယာန်တိုင်း၏တာဝန်ဖြစ်သည်။ အမှုတော်၌နှေးကွေး ပြီးအလွဲလွဲအချော်ချော်ဖြစ်နေသောလက္ခဏာသည် ခွင့်ပြုချက်ပေးရမည့်အရာ များမဟုတ်။ လူတစ်ယောက်သည် အလုပ်လုပ်တိုင်း အလုပ်ကိုဘယ်တော့ မှပြီးအောင်လုပ်မသွားနိုင်ဆိုသည်မှာ သူ၏စိတ်နှလုံးသည် အလုပ်ထဲ၌မရှိ သူသာဖြစ်၏။ အလုပ်လုပ်နေသည်မှာ နှေးကွေးနေပြီး အလုပ်ထဲက အကျိုး ထွက်မလာဘဲဖြစ်နေကြသူများသည် ယင်းအမှားကို မှန်အောင်လုပ်ဖို့လိုကြောင်း သိစေအပ်သည်။ ထိုသူသည် ကောင်းကျိုးသေချာစေရန် အချိန်ကိုမည်သို့ အသုံးပြုရမည့်အကြောင်း ရေးဆွဲရမည်။ စီမံချက်ထဲ၌ သူ့စိတ်ကိုလေ့ကျင့် ပေးသွားဖို့ လိုအပ်မည်။ ပါးနပ်မှုနှင့်စနစ်ကျမှုရှိခြင်းအားဖြင့် လူတချို့သည် အခြားသူများဆယ်နာရီကြာကြာလုပ်ရမည့်အလုပ်ကို အချိန်ငါးနာရီနှင့်ပြီးစီး အောင်လုပ်နိုင်ကြသည်။ အချို့သူများသည် အိမ်အလုပ်ထဲ၌ အလုပ်နှင့်လက် မပြတ်တမ်းရှိနေကြသည်။ သူတို့၌ လုပ်စရာအလုပ်အများကြီးရှိနေ၍မဟုတ်။ အချိန်ကာမိအောင် သူတို့စီမံခြင်းမရှိသောကြောင့်ဖြစ်သည်။ သူတို့၏နှေးကွေး ကြန့်ကြာသောနည်းလမ်းဖြင့် သူတို့အလုပ်ကို နည်းနည်းချင်းပဲ ပြီးအောင် လုပ်နေကြသည်။ သို့သော် စိတ်ရှိသူအားလုံးသည် ဤသို့ဇီဇာကြောင်အချိန် ဆွဲနေတတ်သောအကျင့်ကို အောင်ရနိုင်သည်။ အလုပ်ထဲ၌ တိကျသော ရည်စူးချက်ကို ထားပေးပါ။ ပေးထားသည့်တာဝန်၌ ပြီးအောင်လုပ်ရန် အချိန် မည်မျှလိုအပ်သည်ကို ဆုံးဖြတ်လုပ်ကိုင်ပါ။ ထို့နောက်ရထားသည့်အချိန်အတွင်း အလုပ်ကိုပြီးစီးအောင်ရှေးရှု၍ ကြိုးပမ်းလုပ်ကိုင်သွားပါ။ စိတ်ဓာတ်အားကို လေ့ကျင့်ခြင်းသည် လက်များကိုကျွမ်းကျင်ပိုင်နိုင်စွာလှုပ်ရှားနိုင်၏။ (ChS 237.1)ChSBur 394.1

    ခရစ်တော်အတွက် အမှုဆောင်ခြင်းသည် နာခံမှုကိုလက်ငင်း တောင်းဆို၏။ (ChS 237.2)ChSBur 394.2

    သခင်ဘုရားတောင်းဆိုသည်မှာ ကိုယ်တော်၏အစေခံအမှုဆောင်များ သည် ဝိညာဉ်များ၏တန်ဖိုးကိုခံစားမိရာ၌ လျင်မြန်သောစိတ်ရှိကြရမည်။ တာဝန်ကိုပြီးစီးအောင်မြင်စေရန် အသိစိတ်လျင်မြန်စွာရှိရကြမည်။ သခင်ဘုရား မှသူတို့အပေါ်၌ တင်ပေးထားသောတာဝန်များကို လက်ခံတုံ့ပြန်ရာ၌ လျင်မြန် ရမည်။ (ChS 238.1)ChSBur 395.1

    ဘုရားပေးသောတာဝန်ထဲက လုပ်ငန်းခွင်သည် မှန်သောဘာသာရေး ၏အရေးကြီးသောအပိုင်းဖြစ်သည်။ လူသည် အလိုတော်ကို လုပ်ဆောင်ရန် ဘုရားသခင်၏ တန်ဆာပလာများကဲ့သို့ အခြေအနေကို ဆုပ်ကိုင်ထားရမည်။ မှန်ကန်သောအချိန်၌ ချက်ချင်းနှင့်ဆုံးဖြတ်ချက်ချလှုပ်ရှားခြင်းသည် ဘုန်းတော် ထင်ရှားသောအောင်ပွဲကို ရလိမ့်မည်။ နှေးကွေးနောက်ကျဘေးချထားခြင်းသည် အရှုံးနှင့်ရင်ဆိုင်ရပြီး ဘုရားသခင်၏အသရေကို ရှုတ်ချ၏။ (ChS 238.2)ChSBur 395.2

    Larger font
    Smaller font
    Copy
    Print
    Contents