Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၉)—နိုးထစေရန်ခေါ်ယူခြင်း

    ဒေသနာများ (လှုံ့ဆော်သံများ)

    ဧဝံဂေလိဟောပြောချက်များသည် ကျွန်ုပ်တို့၏အသင်းတော်များမှ တစ်ဆင့် ခေါင်းလောင်းထိုးသံပေး၍ တစ်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ဆင့်ခေါ်ကြရမည်။ အသင်းတော်ရှိအသင်းသူ/အသင်းသားများသည် သူတို့ မျက်မြင်မရသောကောင်းကင်ဘုံသားမဟာမိတ်များထံမှသော်လည်းကောင်း၊ သူတို့၏မနွမ်းမနယ်သောအရင်းအမြစ်ဉာဏ်ပညာမှသော်လည်းကောင်း၊ သူတို့ ပါဝင်လုပ်ကိုင်နေသောလုပ်ငန်းကြီး၏ခမ်းနားခြင်းနှင့် ခေါင်းဆောင်များ၏ အစွမ်းအစများဆီမှသော်လည်းကောင်း၊ ယုံကြည်ခြင်းတိုးတက်စေ၍ စိတ်အား ကြီးလာခြင်းကို အမြတ်ထုတ်ယူတတ်ကြပါစို့။ ဘုရားသခင်၏ဦးဆောင်လမ်းညွှန် ခြင်းကိုခံယူရန် ကိုယ်တော်၏ထိန်းချုပ်မှုအောက်၌ ကိုယ်တိုင်ရယူနေရာချထား သူများသည် ကိုယ်တော်ခင်းကျင်းသောဖြစ်စဉ်များအထဲပါဝင်နိုင်ရန် ဟန်ချက် ညီသောခြေလှမ်းများဖြင့် တိုးဝင်ကြရမည်။ လောကီသားတို့၏အသက်ရဖို့ အတွက် အသက်ပေးအပ်ခဲ့သူ၊ ခရစ်တော်ဝိညာဉ်နှိုးဆော်ခြင်းကိုခံရလျက်နှင့် သူတို့မလုပ်တတ်၊ မကိုင်တတ်ဟုဆို၍ ဘယ်တော့မျှရပ်တန့်မနေကြရ။ မလုပ် နိုင်၊ မကိုင်နိုင်ဟုဆို၍လည်း လက်ညှိုးထိုးပြမနေကြရ။ ကောင်းကင်ဘုံမှ ပေးသောလက်နက်စုံကို ဝတ်ဆင်လျက် ဘုရားသခင်အတွက် လုပ်ရဲသည်။ ရင်ဆိုင်ရဲသည်ဆိုသည့်စိတ်ကိုမွေးကာ ဝိညာဉ်တိုက်ပွဲဆီသို့ သူတို့ရှေ့ဆက် ချီတက်တိုက်ပွဲဝင်ရလိမ့်မည်။ သူတို့လိုအပ်သမျှကိုလည်း အရာရောပေးကမ်း နိုင်စွမ်းသောအနန္တတန်ခိုးရှင်မှ ပေးကမ်းလိမ့်မည်ဆိုသည်ကို သူတို့သိထားကြ ပါသည်။ (ChS 77.1)ChSBur 121.1

    နိုးထကြပါစို့၊ တိုက်ပွဲဆင်နွှဲနေကြသည်။ သမ္မာတရားနှင့် မိစ္ဆာတရား တို့ယှဉ်ပြိုင်မှုနိဂုံးရောက်လုနီးပြီ။ ဧမာနွေလမင်းသား၏သွေးစွန်းသောရဲတံခွန် တိုင်အောက်မှာ ကျွန်ုပ်တို့ချီတက်ကြမည်။ ယုံကြည်ခြင်းတိုက်ပွဲအတွက် ကောင်းစွာတိုက်လှန်မည်။ သမ္မာတရားအောင်ပွဲအတွက် ထာ၀ရဂုဏ်ပြုခြင်းကို ခံယူမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုချစ်တော်မူသောသခင်ဘုရားမှတစ်ဆင့် အောင်ခြင်းကို ပို၍ရနိုင်ကြပြီး အဖိုးတန်စမ်းသပ်ကာလနာရီများသည် နိဂုံး ရောက်ပေတော့မည်။ ကောင်းကင်ဘုံရှင်ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင် ဘုန်းတော်ကို ထင်ရှားစေရန် ထာဝရအသက်အတွက် အမှုတော်ကို ကျွန်ုပ် တို့အသေအချာလုပ်ဆောင်ကြပါစို့။ သို့ပြုလျှင် ခရစ်တော်အသက်ပေး၍ ချစ်ခဲ့ ရသောဝိညာဉ်များစွာ၏ကယ်တင်ခြင်းအဓိပ္ပါယ်ကို ပေါ်လွင်လာစေမည်ဖြစ် သတည်း။ (ChS 77.2)ChSBur 121.2

    Larger font
    Smaller font
    Copy
    Print
    Contents