Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    စိတ်နှိမ့်ချခြင်း

    ဘုရားသခင်သည် အမှုတော်ဆောင်ရန်အတွက် လူယောက်ျား မိန်းမတို့ကိုရွေးချယ်ရာ၌ သူတို့ဘယ်လောက်ပညာတတ်သည်ကိုလည်းကောင်း၊ ဟောပြောတတ်သည်ကိုလည်းကောင်း၊ လောကချမ်းသာနှင့်ပြည့်စုံသည် ကိုလည်းကောင်း သူတို့၌ပိုင်ဆိုင်မှုရှိ၏၊ မရှိ၏ဟူ၍ မေးခွန်းထုတ်လိမ့် မည်မဟုတ်။ ကိုယ်တော်မေးမည်မှာ “ငါ၏တရားလမ်းကို သူတို့အား သင်ပေးနိုင်ရန် သူတို့သည် စိတ်နှိမ့်ချခြင်းရှိပါသလား။ ငါ့စကားသံတွေ ကိုသူတို့နှုတ်ခမ်းအထဲသို့ ငါသွင်းပေးနိုင်ပါ့မလား။ ငါ့ကိုကိုယ်စားပြု၍ သူတို့ လုပ်ဆောင်ကြမလား။ (ChS 246.1)ChSBur 409.1

    ဆင်းရဲသူများ၊ အထင်သေးခံရသူများ၊ အပစ်ပယ်ခံရသူများအား အကူအညီပေးရန် ကြိုးစားရာတွင် သင်၏သိက္ခာရှိမှုနှင့် အဆင့်အတန်းမြင့် မှုဆိုသောထောင့်တိုင်ပေါ်တင်ရန် သူတို့၌ မလုပ်ဆောင်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ထိုနည်းအားဖြင့် သင်သည် ပြီးမြောက်အောင်ဘာမျှလုပ်နိုင်မည် မဟုတ်၍ဖြစ်သည်။ (ChS 246.2)ChSBur 409.2

    ကျွန်ုပ်တို့၏အသင်းတော်များကို သူတို့၏ကြိုးစားမှုဖြင့် အားမာန် တက်ကြွလာစေ၍ အောင်မြင်အောင်လုပ်ပေးနိုင်သည်ဆိုသည်မှာ ပျာယာခတ် အလုပ်ရှုပ်ခြင်းမရှိဘဲ အေးအေးဆေးဆေးနှင့်စိတ်နှိမ့်ချလုပ်ကိုင်ခြင်းအားဖြင့် လည်းကောင်း၊ ဝင့်ဝါပြစားခြင်းနှင့်အရည်မရအဖတ်မရလူအထင်ကြီးစရာ စကားလုံးများကို မပြောမလုပ်ဘဲ သည်းခံခြင်း၊ ဆုတောင်းနေခြင်း၊ ဇွဲနပဲ ဖြင့်ကြိုးစားအားထုတ်ခြင်းအားဖြင့်လည်းကောင်း သူတို့ပြုလုပ်ကြခြင်းကြောင့် ဖြစ်သည်။ (ChS 246.3)ChSBur 409.3

    ရှုံးနိမ့်၍အရှက်ရခြင်းသည် ဘုရားသခင်အကူအညီကိုမရဘဲ အလို တော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့၌မဖြစ်နိုင်ကြောင်းကိုပြသသည်ဖြစ်၍ ကောင်းချီးတစ်ခု မကြာခဏသက်သေရပါ၏။ (ChS 246.4)ChSBur 410.1

    စိတ်နှလုံးနှိမ့်ချ၍ အိမ်ငယ်ကလေးများ၌ နေထိုင်သူတို့၏ပင်ကိုယ် စွမ်းရည်မျိုးကို တစ်အိမ်ဆင်းတစ်အိမ်တက်အမှုဆောင်လုပ်ငန်းခွင်၌ လိုအပ် သည်။ အလွန်တောက်ပြောင်သောဆုကျေးဇူးထက် ဤအမှုဆောင်လုပ်ငန်း သည် ပို၍ပြီးမြောက်စေနိုင်သည်။ (ChS 246.5)ChSBur 410.2

    ကောင်းကင်ဘုံတစ်ခွင်လုံးက စိတ်ပါဝင်စားသည်မှာ ဤအမှုတော် ကိုနာဇရက်မြို့ သားယေရှုခရစ်၏နာမ၌ ဘုရားသခင်၏သတင်းစကားပြောသော တမန်များသည် ရှေ့သို့သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။ ဤအမှုတော် သည် ကြီးမြတ်သောအမှုတော်ဖြစ်၏။ ညီအစ်ကို နှမ အစ်များတို့၊ ကျွန်ုပ်တို့ သည် ဘုရားသခင်ရှေ့တော်မှောက်၌ မိမိကိုယ်ကိုနေ့စဉ် နှိမ့်ချနေကြရမည်။ ကျွန်ုပ်တို့၏ဉာဏ်ပညာသည် ပြည့်ဝစုံလင်သည်ဟူ၍ မမှတ်ယူသင့်။ ဤအမှ တော်ကို အလွန်စိတ်ထက်သန်စွာကိုင်တွယ်လုပ်ဆောင်သင့်ကြ၏။ ကျွန်ုပ်တို့ ၌ နှိမ့်ချစိတ်ပေးရန် ဘုရားသခင်ထံ ဆုမတောင်းယူသင့်ကြပါ။ အကြောင်း မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏လက်တော်ထဲ၌ရှိနေလျှင် ကျွန်ုပ်တို့အား ကိုယ်တော်ပေးသောနှိမ့်ချခြင်းသည် ကျွန်ုပ်တို့၌ အရသာတွေ့ လောက်သော လမ်းမဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့သည် ခွန်အားကြီးတော်မူသောဘုရားသခင် ၏လက်တော်အောက်၌ မိမိတို့ကိုယ်တိုင်နေ့စဉ်နှင့်အမျှ စိတ်နှိမ့်ချနေသွားနိုင် ကြရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်တိုင်အတွက် ကယ်တင်ခြင်းကို ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းနှင့်တကွ လုပ်ယူသွားနိုင် ကြရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၌ ကိုယ်တော်ကောင်းစွာနှစ်သက် သောအမှုကို ကျွန်ုပ်တို့အား ဆန္ဒရှိစေ၊ လုပ်ဆောင်နိုင်စေတော်မူပါလျှင် ကျွန်ုပ်တို့မှတစ်ဆင့် အလုပ်လုပ်နေသောဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ဖက်စပ် လုပ်ဆောင်သွားကြရမည်။ (ChS 246.6)ChSBur 410.3

    ကျွန်ုပ်တို့သည် ဖြောင့်တန်းသောတံခါးပေါက်ဆီသို့ဝင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ကြရ၏။ ဤတံခါးပေါက်သည် အလွယ်တကူဖွင့်နိုင်သော၊ ပတ္တာချောင်နေသောတံခါးမဟုတ်။ သံသယစရိုက်အတွေးရှိသူများဝင်ခွင့်မရ နိုင်ပါ။ ထာဝရအသက်အတွက် ယခုအပြင်းအထန်ကြိုးစားကြရမည်။ ၎င်းသည် ကျွန်ုပ်တို့အရှေ့ရောက်လာမည့်ဆုတန်ဖိုးနှင့်အချိုးညီပါသည်။ ၎င်းသည် ငွေမဟုတ်၊ မြေယာမဟုတ်၊ အဆင့်အတန်းမဟုတ်၊ ခရစ်တော်နည်းတူ လက္ခဏာ များကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ ထိုအရာသည် ပရဒိသုဘုံတံခါးပေါက်ကို ကျွန်ုပ်တို့အား ဖွင့်ပေးလိမ့်မည်။ ဂုဏ်သိက္ခာလည်းမဟုတ်။ ဉာဏ်ပညာကို ကြိုးစားရယူခြင်းလည်းမဟုတ်။ မသေသောအသက်သရဖူကို ကျွန်ုပ်တို့အတွက် အနိုင်ရလိုက်ခြင်းဖြစ်၏။ စိတ်နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချနေထိုင်ခြင်းရှိကြ သူအယောက်စီတိုင်းသာလျှင် သူတို့၏ဘုရားသခင်ကို သူတို့ကောင်းစွာသိ ကြသူများဖြစ်သောကြောင့် ဤဆုကိုလက်ခံရကြလိမ့်မည်ဖြစ်သတည်း။ (ChS 247.1)ChSBur 411.1

    သင်သည် သာသနာပြုအလုပ်ခွင်ထဲမှ ပြန်လာသောအခါ သင့်ကိုယ် သင်မချီးမြှောက်ပါနှင့်၊ ယေရှုကိုသာချီးမြှောက်ပါ။ လက်ဝါးကပ်တိုင်တော် ကိုမြှောက်တင်ပူဇော်ပါ။ (ChS 247.2)ChSBur 411.2

    ချီးမြှောက်ခြင်းအလျင် စိတ်နှိမ့်ချခြင်းရှိ၏။ လူတို့အရှေ့၌ မြင့်သော နေရာကိုပြည့်စေရန် ကောင်းကင်ဘုံသည် ဘုရားရှေ့မှောက်၌ နိမ့်သောနေရာ ကိုယူသောနှစ်ခြင်းဆရာယောဟန်ကဲ့သို့ အမှုဆောင်များကို ရွေးကောက်တင် ထားလိမ့်မည်။ ကလေးငယ်ကဲ့သို့ အဖြစ်ဆုံးတပည့်တော်သည် ဘုရားအတွက် အမှုဆောင်ရာ၌ အကျွမ်းကျင်ဆုံးဖြစ်၏။ ကောင်းကင်ဉာဏ်ကြီးရှင်တမန် များသည် ကိုယ်ကိုကိုယ်ချီးမြှောက်ခြင်းမခံယူဘဲ ဝိညာဉ်ကယ်တင်ခြင်း ကိုရှာသောသူတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မည်။ (ChS 247.3)ChSBur 411.3

    Larger font
    Smaller font
    Copy
    Print
    Contents