Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သေချာပေါက်ရလဒ်များ

    အကယ်၍ သာမန်အသင်းသူ/အသင်းသားများသည် အသက်ဝိညာဉ် များစွာသခင်ယေရှုထံရောက်လာကြသည်ကို မြင်လိုကြသောကြောင့် အမှုတော် မြတ်ထဲ၌ မိမိတို့ပါဝင်ကူညီလုပ်ကိုင်နိုင်သောအလုပ်များကို မိမိတို့စရိတ်၊ မိမိတို့ဆန္ဒအလျောက်လုပ်လာကြမည်ဆိုလျှင် များစွာသောလူတို့သည် စာတန် ၏တပ်မတော်မှထွက်ခွာခဲ့ပြီး ခရစ်တော်၏အလံတော်အောက်သို့ ရောက်ရှိ လာကြမည့်သူများလှကြောင်းကို ကျွန်ုပ်တို့မြင်တွေ့ကြရပါလိမ့်မည်။ “အကယ် ၍ ကျွန်ုပ်တို့၏လူများသည် သြဝါဒစကားလုံးအတိုင်းရရှိသည့် အလင်းတရားနှင့်အညီ လုပ်ဆောင်နေထိုင်သွားကြမည်ဆိုပါလျှင် ထာဝရဘုရား၏ကယ်တင်မစတော်မူခြင်းကို ကျွန်ုပ်တို့သည် ဧကန် မုချမြင်တွေ့ ကြရပါလိမ့်မည်။ အံ့ဩဖွယ်ပြန်လည်နိုးထခြင်းများ လည်း ဖြစ်ပေါ်လာပါလိမ့်မည်။” (ChS 184.1)ChSBur 308.1

    ကျွန်ုပ်တို့၏အသင်းသူ/အသင်းသားများသည် အိမ်တွင်းအိမ်ပြင် သာသနာများကို လေးနက်စွာစိတ်ဝင်စားရပါမည်။ ဒေသသစ်တွေမှာ သမ္မာ တရားစံနှုန်းကို တည်ထောင်စိုက်ပျိုးခြင်း၌ ကိုယ်ကျိုးမဖက်အားစိုက်လျက် လုပ်ဆောင်ကြသည်နှင့်အမျှ ထာဝရဘုရားထံတော်မှ ကြီးစွာသောကောင်းချီး မင်္ဂလာကို ရရှိကြပါလိမ့်မည်။ ထိုဒေသသစ်များ၌ မြှုပ်နှံလိုက်သောကြေးငွေ အတွက် ကြွယ်ဝခြင်းအကျိုးကိုလည်း တုံ့ပြန်ခံစားရနိုင်ပါလိမ့်မည်။ နှုတ်ကပတ် တော်၏အလင်းကို ယုံကြည်သူလူသစ်များရရှိသဖြင့် ဝမ်းမြောက်ကြလိမ့်မည်။ “ထိုသူတို့သည်လည်း ဘုရားသခင့်ကျေးဇူးတော်ကို တုံ့ပြန်သော အားဖြင့် မိမိတို့ပိုင်ပစ္စည်းဥစ္စာများကို သာသနာတော်ထွန်းကားရေး အတွက် ပေးကမ်းစွန့်ကြဲကြပါလိမ့်မည်။” ဤသို့ဖြင့် အခြားသူတို့သည် သမ္မာတရားအလင်းကို ဆက်လက်ဆောင်နှင်းလာကြပါလိမ့်မည်။ (ChS 184.2)ChSBur 308.2

    အမှုတော်ဆောင်များမသွားလိုသောနေရာဒေသတချို့ရှိပါသည်။ ထိုဒေသမျိုး၌ ဆန့်ကျင်မှုများ၊ စိတ်ပျက်စရာများစွာရှိပါ၏။ “ဒီမှာလာပြီး သာသနာမပြုနဲ့” ဟု သူတို့ကိုအော်ငေါက်ပြောဆိုတတ်ပါသည်။ ထိုသို့သော ဒေသမျိုးတွင် လူများကိုအပြောင်မြောက်ဆုံးနှင့် အကောင်းဘက်သို့ပြောင်းလဲ ပေးနိုင်သူတို့သည် ကိုယ်ကျိုးမဖက်ဆက်ကပ်ကြိုးစားအားထုတ်ကြသောသာမန် အသင်းသူ/အသင်းသားများပင်ဖြစ်ပါသည်။ ထိုကဲ့သို့စိတ်နှလုံးနှိမ့်ချသော ထာဝရဘုရား၏အစေခံလူတို့သည် သည်းခံခြင်း၊ လုံ့လဝီရိယစိုက်ထုတ်ခြင်း၊ လူ့သြဇာတန်ခိုးအပေါ်၌ အားမကိုးခြင်း၊ ထာဝရဘုရားကိုသာ အားကိုးသဖြင့် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရသူများဖြစ်သောကြောင့် သူတို့ကိုအကျိုး များစွာပေးလျက် အမှုတော်မြတ်ကြီးပြီးမြောက်သွားရသည်။ ဤကဲ့သို့သော ဘုရားအစေခံကျွန်တို့၏ကောင်းမှုကုသိုလ်များကို ဤလောကကြီးထဲမှာ လူအများ သည် ဘယ်သောအခါမျှ သိနားလည်နိုင်ကြမည်မဟုတ်ပါ။ (ChS 184.3)ChSBur 308.3