Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အသုံးချပုံဥပမာတစ်ခု

    ထာဝရဘုရား၏ပညတ်တော်အခြေခံအချက်ကြီးနှစ်ခုမှာ ဘုရားသခင် ကိုအကြီးမားဆုံးချစ်ခြင်းနှင့် ကျွန်ုပ်တို့၏နီးစပ်သူများကို ကိုယ်ကျိုးမဖက် ချစ်မြတ်နိုးရခြင်းဖြစ်ပါသည်။ ပညတ်တော်၏ပထမလေးချက်နှင့် နောက်ဆုံး ခြောက်ချက်တို့သည် ဤအခြေခံတရားနှစ်ပါးအပေါ်၌တည်၍ ကြီးထွား နေပါသည်။ မည်သူသည် နီးစပ်သောသူဖြစ်မည်ဟု ဆိုသည့်အကြောင်း မေးလာသောကျမ်းတတ်ဖါရိရှဲများကို ခရစ်တော်ရှင်းပြခဲ့ပါသည်။ လူတစ်ယောက်သည် ယေရုရှလင်မှယေရိခေါမြို့သို့ခရီးသွားစဉ် လမ်းပေါ်တွင် သူခိုးဓားပြတို့က ဖမ်းဆီး၍ ဥစ္စာလုယူပြီး လမ်းဘေး၌ သေမတတ်ရိုက်နှက် ပစ်ထားသည့်ဇာတ်လမ်းကို ပုံဥပမာပေး၍ ခရစ်တော်သရုပ်ပြရှင်းပြခဲ့ရာ၌ ယဇ်ပုရောဟိတ်တစ်ယောက်နှင့် လေဝိလူတစ်ယောက်တို့က ထိုသူဒုက္ခရောက် နေသည်ကို မခံစားမိ၍ မျက်နှာလွှဲရှောင်ထွက်ခဲ့ကြ၏။ ထိုနောက် ရှမာရိလူတစ်ယောက်သည် သူစိမ်းတစ်ယောက်အကူအညီမဲ့ဖြစ်နေသည်ကို မြင်လေသော် သူ့အမျိုး၊ သူ့အရပ်သား၊ သူ့ဘာသာတူလူအနွယ်ဖြစ်မည်ကို မတွေးတောဘဲနှင့် ဒုက္ခဝေဒနာခံစားနေရသူကို အကူအညီပေးရန် လိုအပ် သောကြောင့် ကူညီလုပ်ဆောင်ပေးခဲ့၏။ သူသည် ဝေဒနာသည်ကို သက်သာစေပြီး မိမိတိရစ္ဆာန်အပေါ်တွင်တင်၍ တည်းခိုဆောင်တစ်ခု၌ နေရာချထားပေးခဲ့သည်။ လူနာအတွက် လိုအပ်သမျှကုန်ကျစရိတ်ကိုလည်း သူ၏ငွေကြေးဖြင့် အကုန်အကျခံပေးခဲ့သည်။ (ChS 192.1)ChSBur 321.1

    ဤရှမာရိလူသည် ဓားပြတို့လက်ထဲ၌ ဒုက္ခရောက်ရသောသူ၏နီးစပ် သောသူမိတ်ဆွေဖြစ်ကြောင်းကို ခရစ်တော်ပြောခဲ့သည်။ ယဇ်ပုရောဟိတ်နှင့် လေဝိလူသည် စာနာသနားခြင်းဖြင့် အကူအညီလိုနေသူအယောက်စီတိုင်းကို လျစ်လျူရှုလွှဲရှောင်ထွက်သွားတတ်ကြသော ယနေ့အသင်းတော်ရှိ လူတန်းစား တစ်ခုကိုကိုယ်စားပြုပြောနေသည်။ ထိုလူတန်းစားသည် အသင်းတော်ထဲတွင် အဆင့်ရှိသည်ဆိုသော်ငြားလည်း ပညတ်တော်ချိုးဖေါက်ကြသူများဖြစ်လေ၏။ ရှမာရိလူသည် ခရစ်တော်နှင့်အတူ ကူညီတတ်သူ၊ ခရစ်တော်၏ကောင်းသော အမှုပြုခြင်းကို နည်းယူသူများအဖြစ်ကို ကိုယ်စားပြုနေပါသည်။ (ChS 192.2) အကြောင်းမလှသူများ၊ မျက်စိမမြင်၊ နားမကြား၊ ကိုယ်ဆွံ့အသူ များ၊ ဝေဒနာခံစားနေရသူများ၊ မုဆိုးမများ၊ မိဘမဲ့များနှင့်ဆင်းရဲသူများကို ညှာတာသနားတတ်သူတို့သည် ပညတ်တော်ကိုစောင့်သူများဖြစ်၍ ထာဝရ အသက်ကိုရလိမ့်မည်ဟု ခရစ်တော်မိန့်တော်မူခဲ့သည်။ စေတနာသဒ္ဒါတရားဖြင့် ပြုသောအမှုများနှင့် အကြောင်းမလှသူများ၊ မျက်စိမမြင်နားမကြားကိုယ်ဆွံ့ အသူများ၊ အနာရောဂါရသူများ၊ မုဆိုးမနှင့်မိဘမဲ့များတို့ကို ခရစ်တော်ကို ပြုစုသကဲ့သို့ အမြင်ကြည်လင်စွာဖြင့် ပြုစုလုပ်ဆောင်ခြင်းများသည် ကောင်းကင် ဘုံမှတ်တမ်းထဲတွင် ရေးသွင်းထားသည်ဖြစ်၍ အကျိုးကိုရလိမ့်မည်။ အခြား နည်းဆိုရလျှင် ဤမှတ်တမ်းစာသည် အကြောင်းမလှဒုက္ခရောက်သူကို လွှဲရှောင်ထွက်သွားသောယဇ်ပုရောဟိတ်နှင့် လေဝိလိုလူစားမျိုး၊ အကြောင်း မသင့်၍ ကျဆင်းဒုက္ခရောက်သူများထံမှ အကျိုးအမြတ်ရယူသူလူစားမျိုး၊ ကိုယ်ကျိုးရဖို့ကိုယ့်အတွက်သာကြည့်၍ အခြားသူများဝေဒနာတိုးစေသော လူစားမျိုးတို့ကို ရေးသွင်းသည့်စာရင်းနှင့် ဆန့်ကျင်ဘက်စာမျက်နှာ၌ရှိလိမ့် မည်။ ဘုရားသခင်သည် မတရားစွာပြုသောအမှုတိုင်းနှင့် ကျွန်ုပ်တို့အထဲရှိ ဒုက္ခရောက်နေသူများကိုပစ်ပယ်၍ အလေးမထားဂရုမစိုက်နေသူတိုင်းကို စိုက်သည့်အတိုင်း ပြန်ပေးဆပ်စေလိမ့်မည်။ ခရစ်တော်၏အမှုတော်ကို ပြီးစီးအောင်လုပ်ခဲ့ကြသူအယောက်တိုင်းသည် နောက်ဆုံး၌ အကျိုးကိုရမည် မှာသေချာပါ၏။ (ChS 192.3)ChSBur 321.2

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents