Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၈)—ခရစ်ယာန်အင်အားစုများကိုဖွဲ့စည်းတည်ဆောက်ခြင်း

    ဖွဲ့စည်းလိုအပ်ချက်

    အချိန်သည် ကုန်လွယ်၏။ ကျွန်ုပ်တို့၏အင်အားစုများသည် ကျယ်ကျယ်ပြန့်ပြန့်အမှုဆောင်ချက်တစ်ရပ်လုပ်နိုင်ရန် ဖွဲ့စည်းမှုရှိရမည်။ (ChS 72.1)ChSBur 114.1

    ခရစ်ယာန်ကြိုးပမ်းမှုအခြေခံအဖြစ် အုပ်စုအဖွဲ့ငယ်ကလေးများဖွဲ့စည်း ခြင်းကို အမှားကင်းသောသူ၊ တစ်ပါးတည်းသောပုဂ္ဂိုလ်က ကျွန်ုပ်အား ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ (ChS 72.2)ChSBur 114.2

    အသင်းတော်အနီးဝန်းကျင်တစ်ဝိုက် အမှုတော်ဝန်ဆောင်မှုပေးကြရန် ကောင်းစွာဖွဲ့စည်းထားသည့် လုပ်ဆောင်သူအုပ်စုများကို အသင်းတော်တိုင်းက တည်ဆောက်ကြပါစို့။ (ChS 72.3)ChSBur 114.3

    မြို့တိုင်းမှာစည်းကမ်းကောင်းသောလုပ်ဆောင်သူများဖြင့် ဖွဲ့စည်းထား သည့်အုပ်စုအဖွဲ့တစ်ခုရှိရမည်။ ထိုအဖွဲ့တွင် တစ်ယောက်နှစ်ယောက်နှင့်သာ မဟုတ်ဘဲ အဖွဲ့ဝင်အရေအတွက် သတ်မှတ်ချက်ချမှတ်၍ အမှုဆောင်စေရ မည်။ (ChS 72.4)ChSBur 114.4

    ကျွန်ုပ်တို့၏အသင်းတော်ထဲ၌ အမှုဆောင်ရွက်စေရန် အုပ်စုများ ဖွဲ့စည်းထားရှိရမည်။ သီးခြားလူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း လူကိုမျှား သောတံငါများအဖြစ် ဝန်ဆောင်စေရန် စုစည်းပေးကြပါစို့။ ထိုသူတို့သည် လောကကြီး၏ဆိုးညစ်ရာထဲမှ ဝိညာဉ်များစွာကို စုသိမ်း၍ စင်ကြယ်သော ခရစ်တော်၏မေတ္တာကရုဏာတော်ထဲသို့ ကယ်တင်ဝင်ရောက်လာစေရမည်။ (ChS 72.5)ChSBur 114.5

    မြေကြီးပေါ်ရှိ ခရစ်တော်၏အသင်းတော်သည် ... သာသနာပြုရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားပါသည်။ အသင်းတော်တစ်ရပ်လုံး၌ နည်းလမ်း တီထွင်မှုနှင့် ရည်ရွယ်ချက်အားဖြင့် လူတန်းစားအနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ မရွေး သမ္မာတရားသတင်းကောင်းကို ကြားသိစေရန် သခင်ဘုရားအလိုရှိ လေသည်။ (ChS 72.6)ChSBur 114.6

    အသင်းတော်ကြီးဖြစ်လျှင် အသင်းဝင်များကို အုပ်စုငယ်များအဖြစ် ဖွဲ့စည်းပေးထားပြီး အသင်းသားများအတွက်သာလျှင် အလုပ်လုပ်ပေးကြရန် မဟုတ်ဘဲ မယုံကြည်သူများအတွက်လည်း ဝန်ဆောင်ကြစေပါ။ တချို့နေရာ မျိုး၌ သမ္မာတရားကို သိကျွမ်းသူတစ်ဦးနှစ်ဦးသာ အမှန်ရှိပါလျှင် သူတို့ကို ကိုယ်တိုင်အုပ်စုအဖွဲ့ဖွဲ့စည်းခိုင်းပါ။ (ChS 72.7)ChSBur 115.1

    တိုက်ပွဲ၌အောင်မြင်သောလှုပ်ရှားမှုအတွက် လိုအပ်ချက်သည် စည်းကမ်းနှင့်စနစ်ကျမှုဖြစ်ပါလျှင် ထိုနည်းတူ ကျွန်ုပ်တို့အောင်မြင်ဖို့ ရည်မှန်း တိုက်ပွဲဝင်နေသည့်ဝိညာဉ်တိုက်ပွဲ၌ ပို၍များစွာလိုအပ်သောအရာသည် စစ်မြေပြင်၌ ဆန့်ကျင်ဘက်အင်အားစုကို ယှဉ်ပြိုင်တိုက်ခိုက်ရသောအခါ၌ လိုအပ်ချက်ထက် ကြီးစွာသောတန်ဖိုးနှင့် အကျင့်စာရိတ္တ၌ ပို၍တိုးမြှင့်နေထိုင် ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ဆင်နွှဲနေသည့်တိုက်ပွဲ၌ အနိုင်အရှုံးသည် ထာဝရ အကျိုးတရားဖြစ်လေသည်။ (ChS 72.8)ChSBur 115.2

    ဘုရားသခင်သည် စနစ်တကျရှိသောဘုရားဖြစ်သည်။ ကောင်းကင် ဘုံနှင့်ဆက်စပ်နေသောအရာတိုင်းသည် ကောင်းကင်ဗိုလ်ခြေတပ်လှုပ်ရှားမှု၏ အမှတ်သင်္ကေတဖြစ်သောစုံလင်သည့်စနစ်၊ ကိုယ်ပိုင်ခံစားချက်များနှင့် စေ့စပ် သေချာသောစည်းကမ်းများဖြစ်ရသည်။ အောင်ပွဲကိုစနစ်တကျနှင့် တက်ညီ လက်ညီတိုက်ခိုက်မှသာရနိုင်သည်။ ဘုရားသခင်သည် ယနေ့အမှုတော်မြတ် ထဲတွင် ဣသရေလလူမျိုးတို့၏နေ့ကာလများ၌ထက် မလျှော့သောစည်းကမ်း နှင့်စနစ်တကျရှိခြင်းကို လိုလားတော်မူသည်။ ဘုရားသခင်အတွက် အလုပ် လုပ်နေကြသူအားလုံးသည် ဂရုမစိုက်ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ ဉာဏ်ရည် ထက်မြက်စွာဖြင့် လုပ်ဆောင်ကြရမည်။ ကိုယ်တော်သည် ယုံကြည်ခြင်း၊ တိကျမှုရှိခြင်းတို့နှင့်အတူ အမှုတော်ကိုပြီးစီးစေတော်မူလိမ့်မည်ဖြစ်၍ ယင်း အပေါ် ကိုယ်တော်၏သက်သေခံတံဆိပ်တော်ခတ်နှိပ်ပေးတော်မူပါလိမ့်မည်။ (Chs 73.1)ChSBur 115.3

    ကောင်းစွာဖွဲ့စည်းပြုလုပ်သောအမှုတော်လုပ်ငန်းသည် အသင်းတော်၌ လုပ်ဆောင်ပြီးစီးစေရမည်။ ဤသို့ဖြင့် အသင်းသားများက အခြားသူတို့အား မည်သို့တရားအလင်းပေးရမည်ကို နားလည်ကြပြီ။ သူတို့၏ကိုယ်ပိုင် ယုံကြည်ခြင်းသည် အားကောင်းလာ၍ သူတို့၏အသိဉာဏ်သည်လည်း တိုးပွား လာမည်။ ဘုရားသခင့်အထံတော်မှ သူတို့ရခဲ့သည်များကို သူတို့ပေးကမ်း လိုက်နိုင်သည့်အခါ သူတို့၏ယုံကြည်ခြင်းသည်လည်း တည်တံ့နေပါလိမ့်မည်။ အလုပ်လုပ်သောအသင်းတော်သည် အသက်ရှင်သောအသင်းတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်ရှင်သောကျောက်တုံးများအဖြစ် ဖွဲ့စည်းတည်ထောင် နေ၏။ ကျောက်တုံးတိုင်းသည် အလင်းကိုထုတ်လွှင့်ပေးရသည်။ ခရစ်ယာန် တိုင်းသည် အဖိုးတန်သောကျောက်မျက်ရတနာကဲ့သို့ဖြစ်၍ ဘုန်းတော်ရောင်ခြည် ကို ဖမ်းယူကာ ရောင်ပြန်ထုတ်လွှင့်နိုင်ကြပါသည်။ (ChS 73.2)ChSBur 116.1

    Larger font
    Smaller font
    Copy
    Print
    Contents