Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆင်ခြင်မျှော်တွေးမှုနှင့် အမြော်အမြင်

    ပုရောဖက်နေဟမိသည် ဘုရားရှင့်အကူအညီကို နူးညွတ်တောင်းခံ ယူစဉ် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန် အကြံရှိသည့်အတိုင်း သွားလုပ်ဖို့တာဝန်သည် သူ၌သာလျှင် ပို၍တာဝန်ရှိသည်မဟုတ်ဆိုသည့် အတွေးနှင့်သူလက်ပိုက်နေခဲ့သည်မဟုတ်ပါ။ လက်ခံနိုင်သောဆင်ခြင်တွေးမြော် မှု၊ အမြော်အမြင်နှင့်တကွ လုပ်ငန်းအောင်မြင်ရေးသေချာစေရန် လိုအပ်သော စီစဉ်ပြင်ဆင်မှုအားလုံးကို သူဆက်လုပ်ခဲ့သည်။ သူလုပ်သောလှုပ်ရှားမှုတိုင်း ကိုသတိကြီးစွာဖြင့် မှတ်သားလုပ်ကိုင်၏။ (ChS 239.1)ChSBur 397.1

    ဤသန့်ရှင်းသောလူ (နေဟမိ) ၏ နမူနာသည် ဘုရားသခင်၏ လူအားလုံးတို့အတွက် သင်ခန်းစာတစ်ခုဖြစ်ရမည်။ သူတို့သည် ယုံကြည် ခြင်းနှင့်ဆုတောင်းနေခြင်းသက်သက်သာမကဘဲ လုံ့လဝီရိယထားခြင်း၊ သစ္စာ ရှိခြင်းဖြင့် အလုပ်လုပ်ကြရမည်။ အခက်အခဲများကို ကျွန်ုပ်တို့အဘယ်မျှ ရင်ဆိုင်ခဲ့ကြရသနည်း။ ကျွန်ုပ်တို့ကိုယ်စားဘုရားရှင်မစတော်မူခြင်းကျေးဇူးကို ကျွန်ုပ်တို့မကြာမကြာ အဘယ်မျှတားဆီးမိခဲ့သနည်း။ အဘယ်ကြောင့်နည်း ဟူမူကား၊ ဆင်ခြင်မြော်တွေးခြင်း၊ အမြော်အမြင်ထားခြင်းနှင့် ဒဏ်ချက်ခံစား ခြင်းသည် ဘာသာရေးဆောင်ရွက်ခြင်း၌ အနည်းငယ်သာ မှတ်ယူခံစားခဲ့ကြ သောကြောင့်တည်း။ ဤအချက်သည် သေရာပါအမှားတစ်ခုဖြစ်၏။ ဘုရား သခင်အတွက် ပို၍ထိရောက်သောအမှုဆောင်များဖြစ်လာစေနိုင်သောစွမ်းအား အကုန်သုံး၍ ချဉ်းကပ်လေ့ကျင့်ရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ အသေ အချာတွေးဆခြင်းနှင့် ကောင်းစွာရင့်ကျက်မှုရစေမည့်စီမံခြင်းများသည် နေဟမိ အချိန်၌ကကဲ့သို့ အထွတ်အမြတ်ထားသောလုပ်ငန်းကြီးအောင်မြင်ရေးအတွက် လိုအပ်ချက်ဖြစ်ပါသည်။ (ChS 239.2)ChSBur 397.2