Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ယုံကြည်ခြင်း

    ဘုရားအမှုတော်ဆောင်များသည် ဘုရားသခင်၌ယုံကြည်ခြင်းရှိဖို့ လိုသည်။ သူတို့၏ဝန်ဆောင်ခြင်းကို ကိုယ်တော်သည် မေ့၍မထား။ သူတို့ ပြုသောအမှုကိုတန်ဖိုးထားတော်မူ၏။ ကောင်းကင်ကိုယ်စားလှယ်များကိုလည်း ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်ကြသူများနှင့် ပူးပေါင်းပါဝင်လာစေ ရန် ခန့်ထားတော်မူသည်။ ဘုရားသခင်သည် ပြောသည့်အတိုင်းမလုပ်၊ လုပ်ဆောင်သူများကိုလည်း သတိထားရန် အချိန်မရှိဟူ၍ တွေးတောနေသော သူသည် သူ၏ဖန်ဆင်းရှင်ကို ရှုတ်ချသူဖြစ်၏။ (ChS 233.5)ChSBur 387.3

    ဘုရားသခင်အတွက် အမှုဆောင်သူသည် အားကောင်းသောယုံကြည် ခြင်းရှိဖို့လို၏။ ပုံပန်းအားဖြင့် ကြောက်စရာအသွင်ရှိမည်ဟု ထင်ရသည်။ သို့သော်လည်း အမှောင်လွမ်းသောကာလ၌ အလင်းပေါ်ထွန်းလာမည်။ ယုံကြည်ခြင်းနှင့်မေတ္တာထား၍ ဘုရားအမှုကိုဆောင်သူတို့၏အားမာန်သည် တစ်နေ့ပြီးတစ်နေ့အသစ်နိုးထလာလိမ့်မည်။ (ChS 234.1)ChSBur 388.1

    စစ်မှန်သောယုံကြည်ခြင်း၌ ဖေါ့ဂုဏ်တစ်ရပ်ရှိသည်။ ၎င်းမှာအခြေခံ သဘောတရားမဖေါက်ပြန်မှုနှင့်ရည်ရွယ်ချက်ပုံသေရှိမှုတို့ဖြစ်ပြီး အချိန်အားဖြင့် လည်းကောင်း၊ အလုပ်အားဖြင့်လည်းကောင်း၊ အားနည်းခြင်းသို့မရောက်နိုင် ပါ။ (ChS 234.2)ChSBur 388.2

    ခရစ်ယာန်အသက်တာသည် မကြာခဏအန္တရာယ်များနှင့်ပတ်ချာ ဝိုင်းနေတတ်၏။ တာဝန်ကိုလည်း ထမ်းဆောင်ရခက်သည်ဟု ထင်ရစေ၏။ ရှေ့မှာအဆွေးရုပ်ပုံများပျက်သုဉ်းခြင်းဖြစ်လာ၏။ နောက်မှာလည်း ကျေးကျွန် ဘဝ (သို့မဟုတ်) သေဆုံးခြင်းရှိ၏။ သို့တိုင်ဘုရားစကားအသံတော်က ရှင်းလင်း စွာပြောလာသည်။ ရှေ့ဆက်သွားပါ။ ကျွန်ုပ်တို့၏မျက်လုံးများက အမှောင် ကိုထိုးဖေါက်မမြင်ရနိုင်သော်လည်း ဤအမိန့်ကိုကျွန်ုပ်တို့နာခံကြရမည်။ ကျွန်ုပ် တို့၏ခြေဖျားများအေးစက်ခံစားရနိုင်သည်။ ကျွန်ုပ်တို့၏တိုးတက်မှုကို တားဆီး လာသောအခက်အခဲများသည် အထစ်ထစ်အငေါ့ငေါ့နှင့် သံသယစိတ်ဖြင့် ဘယ်သောအခါမျှပျောက်ကွယ်၍ သွားမည်မဟုတ်။ မသေချာခြင်းအရိပ်အားလုံး ပျောက်ကွယ်သွားသည့်တိုင်အောင် နာခံမှုကိုရွှေ့ဆိုင်းလိုက်သူသည် ရှုံးနိမ့် ခြင်း သို့မဟုတ် အနိုင်ယူခြင်းကို အရဲစွန့်မလုပ်နိုင်ဘဲကျန်ရစ်ခဲ့သောကြောင့် ဘယ်တော့မှလုံးဝနာခံခြင်းရှိလာလိမ့်မည်မဟုတ်တော့ပါ။ မယုံကြည်စိတ်နှင့် တိုးတိုးပြောတတ်သည်။ ပိတ်ဆို့မှုများကို ဖယ်ထုတ်လိုက်သည့်တိုင် ကျွန်ုပ် တို့စောင့်နေကြပါစို့။ ဒါမှလမ်းကိုကျွန်ုပ်တို့ရှင်းရှင်းလင်းလင်းမြင်ရနိုင်သည်။ သို့သော် ယုံကြည်ခြင်းသည် ရှေ့တိုးရန် သတ္တိရှိရှိတိုက်တွန်း၏။ အရာရာ ကိုမျှော်လင့်ခြင်း၊ အရာရာကိုယုံကြည်ခြင်းရှိနေရမည်။ (ChS 234.3)ChSBur 388.3

    Larger font
    Smaller font
    Copy
    Print
    Contents