Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဂျုံစပါးထဲမှအဖျင်းများကိုဖယ်ထုတ်လိုက်ခြင်း

    ထာဝရဘုရားသခင်၏ ဖျက်ဆီးရာ၊ တရားစီရင်ရာနေ့ရက်ဆိုသည် များမှာ သမ္မာတရားကို လေ့လာခွင့်မရခဲ့သူများအတွက် သက်ညှာမှုပေးချိန် ပင်ဖြစ်ပါသည်။ ချစ်ခင်သနားသောစိတ်အလိုတော်ဖြင့် သူတို့အပေါ် ထာဝရ ဘုရားသခင်ကြည့်ရှုတော်မူပါ၏။ မဝင်လာလိုသူများအတွက် တံခါးပိတ် ထားလျက်ရှိစဉ်တွင် ကိုယ်တော်၏ကရုဏာနှလုံးသားသည် ယိုဖိတ်လျက် သူတို့ကိုကယ်တင်ရန် လက်တော်ကိုဆန့်ထားဆဲရှိပါ၏။ (ChS 56.2)ChSBur 88.1

    ဘုရားသခင်ကို အစေခံသောသူတို့နှင့် ဘုရားသခင်ကိုအစေမခံလို သောသူတို့အကြား၌ ဖြစ်လာမည့်ပြင်းထန်သောတိုက်ပွဲကို မကြာမီဆင်နွှဲရပါ တော့မည်။ တုန်လှုပ်မည့်အရာအားလုံးသည် မကြာမီတုန်လှုပ်လာကြလိမ့်မည်။ မတုန်လှုပ်သောအရာများအားလုံးသည် ကျန်ရစ်လိမ့်မည်။ (ChS 56.3)ChSBur 88.2

    လူအမျိုးမျိုးတို့သည် မငြိမ်မသက်စိုးရိမ်ကြောင့်ကြနေချိန်မှာ လောကီ စည်းစိမ်ညစ်ညမ်းမှုများနှင့် စာတန်၏အစေခံခြင်းနောက်သို့ လုံးဝမလိုက်ကြ သူများစွာသည် ဘုရားသခင်ရှေ့တော်မှောက်၌ စိတ်နှိမ့်ချနေလျက်နှင့် စိတ်နှလုံး ပါလျက် ကိုယ်တော်ဘက်သို့ လှည့်ရောက်သောသူများဖြစ်လေရာ ဘုရားသခင် ၏လက်ခံတော်မူခြင်း၊ သနားငဲ့ညှာတော်မူခြင်းကို ခံရကြလိမ့်မည်။ (ChS 56.4)ChSBur 89.1

    လူများစွာသည် အမှန်အာရုံဖြင့် နားလည်ခြင်းမရဘဲ သမ္မာကျမ်းစာ ကိုဖတ်နေကြကုန်၏။ လူအားလုံးသည်လည်း ကောင်းကင်ဘုံသို့ တောင့်တောင့် တတသွားလိုကြ၏။ ဆုတောင်းလျက်၊ မျက်ရည်ကျလျက်၊ စူးစမ်းလျက်နေ ကြသည်မှာလည်း အလင်းတရားရဖို့၊ ကျေးဇူးတော်ခံရဖို့နှင့် သန့်ရှင်းသော ဝိညာဉ်တော်ရဖို့ သူတို့ဝိညာဉ်များမှာ တက်ကြွလျက်ရှိနေသည်။ ဘုရားသခင် နိုင်ငံတော်အနီးအထဲမှာနေလျက် ကြွလာခြင်းကို မျှော်လင့်နေကြသူများသာလျှင် စုသိမ်းခံကြရလိမ့်မည်။ (ChS 57.1)ChSBur 89.2