Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အစဦးစွာကပင်အလုပ်လုပ်နေသောသန့်ရှင်းသောဝိညာဉ်တော်

    အစအဦး၌ ဘုရားသခင်သည် ကျဆုံးသောလူမျိုးနွယ်အတွက် ကိုယ်တော်၏အကြံအစည်တော်ပြီးစီးစေရန် လူသားတန်ဆာပလာမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အလုပ်လုပ်ခဲ့သည်။ ဤအမှုသည် ရှေ့ဟောင်းဖခင်ကြီးများ၏အသက်ရှင်ခြင်းများ၌ တွေ့ခဲ့ရပါသည်။ တောထဲ၌ လှည့်လည်ပုန်းအောင်းနေသောလူမျိုးစု၌လည်းကောင်း၊ မောရှေလက်ထက် ကာလ၌လည်းကောင်း ဘုရားသခင်သည် ကိုယ်တော်၏ “ကောင်းသောဝိညာဉ် ဖြင့် ထိုသူတို့ကိုလမ်းပြပေးခဲ့ပါသည်။” ထို့နောက် တမန်တော်တို့၏နေ့ရက် များ၌လည်း ကိုယ်တော်ဘုရားသခင်၏အသင်းတော်အတွက် သန့်ရှင်းသော ဝိညာဉ်တော်သည် ခွန်အားကြီးစွာဖြင့် ပို့ဆောင်ပေးခဲ့သည်။ တန်ခိုးတော် သည် ရှေ့ဟောင်းဖခင်ကြီးများအား ထောက်မပေးခဲ့သည်နည်းတူ “ကာလက် နှင့်ယောရှု” တို့အား ယုံကြည်ခြင်းနှင့်ရဲရင့်ခြင်းများကို ပေးခဲ့သည်ဖြစ်၍ တမန်တော်တို့၏အသင်းတော်များကိုလည်း ထိရောက်မှုရှိစေခဲ့ပြီးလျှင် ရှေ့ဆက် ရောက်လာသည့်ခေတ်ကာလတစ်လျှောက်၌ ဘုရားသခင်၏ယုံကြည်ခြင်း သားသမီးများကို ထိန်းသိမ်းပြုစုပေးခဲ့ပါ၏။ ယင်းသန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သာလျှင် ဝေါဒင်ဆီယန်ခရစ်ယာန်များ (Waldensian Chris- tians) သည် အမှောင်ခေတ်ကာလအတွင်း၌ ပြန်လည်ပြုပြင်ရေးသာသနာ လမ်းကို ပြင်ဆင်နေထိုင်နိုင်ခဲ့ကြသည်။ ထိုနည်းတူ ယင်းတန်ခိုးအားဖြင့်သာ လျှင် ခေတ်သစ်မစ်ရှင်သာသနာတည်ထောင်ရန် လမ်းခရီးကို ရှေ့ဆောင် ရှေ့ရွက်ပြုခဲ့ကြသူဂုဏ်သရေရှိအမျိုးသား၊ အမျိုးသမီးများသည် အောင်မြင်စွာ ကြိုးပမ်းနိုင်ခဲ့ကြသည်။ ယင်းတန်ခိုးအားဖြင့်သာလျှင် သမ္မာကျမ်းစာကို တိုင်းပြည်လူမျိုးအသီးသီး၏ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ဆိုပေးနိုင် ခဲ့ကြသည်။ (ChS 256.1)ChSBur 427.1

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents