Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်ရေးရာနှင့်ခန္ဓာဝန်ထုပ်ဝန်ပိုးများကိုကလေးများအားမျှဝေပေးခြင်း

    လူတိုင်းက တစ်ခုခုလုပ်နိုင်ကြပါသည်။ သူတို့ကိုခွင့်လွှတ်နားလည် ပေးဖို့ တချို့လူတွေက ပြောတတ်ကြ၏။ “အိမ်အလုပ်တွေ၊ ကလေးတာဝန် တွေနဲ့ သူတို့အတွက်ပဲ လုပ်နေရ၊ ကျွန်ုပ်အချိန်လည်း ကုန်ပါလေရော” ဟူ၍ မိဘများသိထားကြပါသည်။ အိမ်ကသင့်ကလေးတွေဟာ အရှင်သခင်အတွက် အမှုဆောင်ရာမှာ သင်တို့၏ အစွမ်းနှင့်အရည်အချင်းတိုးတက်လာစေဖို့အတွက် အကူအညီပေးနိုင်တဲ့ လက်တိုလက်တောင်းတွေဖြစ်သင့်၏။ ကလေးများသည် သခင်ဘုရားမိသားစုထဲတွင် ငယ်သောအဖွဲ့ဝင်များဖြစ်ကြသည်။ သူတို့ ကိုဖန်ဆင်းခြင်း၊ ရွေးနုတ်ခြင်းပြုတော်မူသောဘုရားသခင်ထံ သူတို့ ကိုယ်တိုင်ဆက်ကပ်အပ်နှံခံယူစေဖို့ ဦးဆောင်လမ်းပြပေးရမည်။ ကလေးတွေကိုသူတို့၌ရှိသောခန္ဓာကိုယ်၊ စိတ်ဓာတ်နှင့်ဝိညာဉ်ရေးရာ များသည် ဘုရားသခင်ဖန်ဆင်းပေးအပ်ထားကြောင်းကို သင်ပေး ထားရမည်။ ကိုယ်ကျိုးမဲ့အလုပ်မျိုးစုံကို လုပ်ဆောင်တတ်အောင် သူတို့ကိုသွန်သင်ပေးထားသင့်၏။ သင့်ကလေးက သင့်ကိုတားဆီး နှောင့်ယှက်လုပ်လာတာမျိုးအခွင့်မပေးပါနှင့်။ သင့်ကလေးသည် သင်နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတာဝန်များကို မျှဝေခံစားတတ်အောင်သင်ပေး ရမည်။ တခြားသူများအား အကူအညီပေးခြင်းအားဖြင့် သူတို့၌ပျော်ရွှင်မှု၊ အသုံးဝင်မှုကို တိုးတက်ခံယူတတ်ကြပါစေ။ (ChS 207.3)ChSBur 344.2