Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်စီကိုယ်ငနေရာတကျရှိစေခြင်း

    အသင်းတော်သို့ ပြောင်းလဲမှုအဆင့်သို့ရောက်ရှိလာသူတိုင်းသည် သူ၏တာဝန်ပိုင်းကိုလည်း ချမှတ်ခွဲဝေယူကြရမည်။ တစ်ဦးတစ်ယောက်စီတိုင်း ကလည်း ဤကာလဝိညာဉ်ရေးရာတိုက်ပွဲတွင် ဘာမဆိုဝင်ရောက်လုပ်ကိုင် လိုသောစိတ်ဆန္ဒရှိနေရမည်။ (ChS 74.1)ChSBur 117.1

    ဘုရားသခင်အလိုရှိသည်မှာ အုပ်စုများများ၊ အဆောက်အဦကြီးကြီး နှင့်ခမ်းနားသောအပြင်အဆင်မျိုးတွေမဟုတ်ပါ။ ဘုရားသခင်ရွေးကောက်တော် မူ၍ အဖိုးတန်ခြင်းနှင့်တစ်မူထူးခြားစွာနေထိုင်ကြသောလူများ၏သင့်မြတ်စွာ လက်ညီတက်ညီလှုပ်ရှားမှုကို လိုလားတော်မူသည်။ လူတိုင်းသည် သူ့နေရာ နှင့်သူလျော်ညီစွာတွေးခြင်း၊ ပြောခြင်း၊ လှုပ်ရှားခြင်းများ၌ ဘုရားဝိညာဉ်တော် အားဖြင့် ညီညွတ်မှုရှိနေရမည်။ နောင်အခါနှင့် နောင်ကာလမရောက်မီ၌ပင် ဥဿုံအချိုးညီသောအမှုတော်မြတ်သည် ပြည့်ဝစုံလင်ခြင်းရှိလာလိမ့်မည်ဖြစ် သတည်း။ (ChS 74.2)ChSBur 117.2

    တပ်မကြီးတစ်ခု၏အင်အားသည် စစ်သည်တော်များ၏အစွမ်းကို ကြီးစွာတွက်ဆကြည့်ယူရပါမည်။ ဥာဏ်ကောင်းသောဗိုလ်ချုပ်သည် သူ့လက်အောက်အရာရှိများကို စစ်သားတိုင်းတက်ကြွစွာတာဝန်ထမ်းဆောင် နေစေဖို့ သွန်သင်ပေးထားရန် လမ်းညွှန်မိန့်ဆိုထားရမည်။ စစ်တပ်တစ်တပ် လုံး၏ကဏ္ဍတိုင်း၌ အမြင့်ဆုံးစွမ်းရည်တိုးတက်မှုရှိနေစေရန်မှာ ဗိုလ်ချုပ် တစ်ယောက်၏လိုလားချက်ဖြစ်၏။ ဗိုလ်ချုပ်သည် သူ့လက်အောက်အရာရှိ များ၌သာ မှီခိုနေရပါလျှင် အောင်မြင်သောတိုက်ပွဲတစ်ခုကို ရယူနိုင်ဖို့ သူ၌ ဘယ်အခါမျှဖြစ်မလာပါ။ သူ့တပ်တစ်ခုလုံးရှိ လူတိုင်းက တပ်မအပေါ် သစ္စာရှိခြင်းနှင့် လုံးလုံးလျားလျားဝန်ဆောင်တိုက်ပွဲဝင်ကြမည်ကို ဗိုလ်ချုပ် တန်ဖိုးထားတတ်သည်။ ထို့ကြောင့် တာဝန်ရှိမှုအပိုင်းသည် တပ်သားများ အပေါ်ဝယ် ကျယ်ကျယ်ပြန့်ပြန့်တည်နေပါ၏။ (ChS 74.3)ChSBur 117.3

    သခင်ဘုရားသည် ဧဝံဂေလိအမှုဆောင်ရန် ခေါ်ယူနေပါသည်။ မည်သူလိုက်ပါမည်နည်း။ တပ်မကြီးတစ်ခုထဲသို့ဝင်သောသူတို့သည် ဗိုလ်ချုပ်များ၊ ဗိုလ်ကြီးများ၊ အကြပ်အရာရှိများ (သို့မဟုတ်) တပ်ကြပ်ငယ်များအားလုံး ဖြစ်လာကြရမည်မဟုတ်ပါ။ လူတိုင်းသည်လည်း ဂုဏ်ပြုခံ၊ တာဝန်ရှိသော ခေါင်းဆောင်ပိုင်းကိုမရနိုင်ပါ။ အဆင့်အမျိုးမျိုး၌လုပ်နိုင်ဖို့ ကြီးစွာကြိုးစား ရပါသည်။ တချို့ကတုတ်ကျင်းတူး၊ တချို့ ရဲတိုက်များဆောက်၊ တချို့ ကင်းစောင့်တာဝန်ယူ၊ တချို့လူများက သတင်းပေးပို့ခြင်းတာဝန်နှင့်ပြေးလွှား နေကြရမည်။ စစ်တပ်မှာအရာရှိအနည်းအကျဉ်းသာရှိတတ်ပြီး အခြားအဆင့် အကြပ်တပ်သားများ များစွာလိုအပ်သည်။ သို့တိုင်အောင်မြင်မှုသည် စစ်သား တိုင်း၏ သစ္စာရှိမှုအပေါ်၌တည်ပါ၏။ တစ်ယောက်ယောက်၏ သူရဲဘောကြောင် မှု (သို့မဟုတ်) သစ္စာဖေါက်ပုန်ကန်မှုသည် တပ်မကြီးတစ်ရပ်လုံးအပေါ်ဝယ် ဆိုးကျိုးရောက်စေပါသည်။ (ChS 74.4)ChSBur 118.1