Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နူးညံ့ သိမ်မွေ့ခြင်း

    ပိတ်ပိတ် ရန်စမှုအောက်၌ သိမ်မွေ့ခြင်းကို ထိန်းရမည်ဖြစ်သောစိတ်သည် မည်သည့်အငြင်းပွားခြင်းထက်မဆို သမ္မာတရားမျက်နှာစာကို ပို၍ထိရောက် စွာပြောဆိုလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ဇွတ်အတင်းပြောဆိုပါလိမ့်မည်။ (ChS 241.1)ChSBur 400.2

    ခြောက်သွေ့ညှိုးနွမ်းသောစိုက်ခင်းအပေါ်သို့ နှင်းရည်နှင့်မိုးရေကျသကဲ့ သို့မှားယွင်းခြင်းထဲမှ လူအများကို ရှာဖွေရရှိရန် စကားလုံးကို သိမ်မွေ့စွာ ပြောတတ်ရမည်။ ဘုရားသခင်၏စီမံတော်မူချက်သည် ပထမ၌နှလုံးသား ဆီသို့ရောက်ဖို့ဖြစ်၏။ ကျွန်ုပ်တို့သည် သမ္မာတရားကိုမေတ္တာဖြင့် ပြောဆို ရမည်။ အသက်တာများပြောင်းလဲရောက်ရှိရေးအတွက် တန်ခိုးပေးသော ကိုယ်တော်၌ ယုံကြည်စိတ်ချမှုထားရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မေတ္တာဖြင့် ပြောသောစကားဖြင့် ဝိညာဉ်များဆီသို့ သက်ရောက်စေလိမ့်မည်။ (ChS 241.2)ChSBur 400.3

    ကြင်နာသနားတတ်သောစိတ်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကိုယ်ဟန် အမူအရာကောင်းခြင်းတို့သည် မှားယွင်းနေသူများကို ကယ်တင်နိုင်သည်။ ကြီးမားသောအပြစ်ကိုလည်း ဖုံးအုပ်တတ်သည်။ သင့်စရိုက်လက္ခဏာ၌ ခရစ်တော်ထင်ရှားခြင်းသည် သင်ထိတွေ့ ဆက်ဆံသူအားလုံးအပေါ်တွင် တန်ခိုး ဖြင့် အသွင်ပြောင်းပေးလိမ့်မည်။ ခရစ်တော်သည် သင့်အပေါ်ဝယ် နေ့စဉ်နှင့် အမျှ တည်ရှိနေတော်မူပါစေ။ ကိုယ်တော်သည် စကားသံတော်အားဖြင့် ဖန်တီးပေးသောစွမ်းအင်ကို သင့်အပေါ်၌ ဖွင့်ပြတော်မူလိမ့်မည်။ နူးညံ့သိမ်မွေ့ ခြင်း၊ ဆွဲဆောင်မှုရှိခြင်းသည် ငါတို့ဘုရားသခင်ခရစ်တော်၏အလှအပအောက် ဝိညာဉ်များစွာကို ပြန်လည်ဖန်တီးပေးရန် ကြီးမားသောအစွမ်းနှင့်လွှမ်းမိုးခြင်း ရှိလိမ့်သတည်း။ (ChS 241.3)ChSBur 400.4