Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကောင်းကင်ဘုံသို့သတင်းပို့စနစ်

    ကောင်းကင်တမန်များသည် လူတိုင်းပြုလုပ်ခဲ့သောအမှုများကို သစ္စာ ရှိရှိမှတ်တမ်းရေးထိုး တင်ထားပါသည်။ (ChS 222.1)ChSBur 367.2

    မေတ္တာနှင့်ပြုသောအမှုတိုင်း၊ သနားကြင်နာစွာပြောသောစကားလုံး တိုင်း၊ ဒုက္ခရောက်သူ၊ ဖိနှိပ်ခံရသူများအတွက် ကိုယ်စားပြုဆုတောင်းပေးသော အချက်တိုင်းသည် ထာဝရဘုရား၏ပလ္လင်ရှေ့သို့ သတင်းပို့ရောက်၍ ကောင်းကင်ဘုံရှိမပျက်စီးနိုင်သောမှတ်တမ်းထဲ၌ ရေးသွင်းထားပါသည်။ (ChS 222.2)ChSBur 367.3

    သတင်းပို့ခြင်းတစ်ခုသည် အမှောင်ကိုလွင့်ပျောက်စေရန်နှင့်ခရစ်တော် ၏အကြောင်းကို ပြည်ပသို့ပျံ့နှံ့ရောက်သွားစေရေးအတွက် ကျွန်ုပ်တို့အောင်မြင် စွာကြိုးပမ်းမှုပြုချက်တိုင်းကို ကောင်းကင်ဘုံ၌ ပေါ်ထွန်းစေပါသည်။ အကျင့် တရားကို ခမည်းတော်ဘုရားသခင့်မျက်မှောက်တော်၌ အသေးစိတ်ပြောကြား စေလိုက်တိုင်းမှာ ကောင်းကင်ဘုံသားများအားလုံးက ဝမ်းမြောက်ဝမ်းသာ မြည်ကျူးကြကုန်၏။ (ChS 222.3)ChSBur 367.4

    ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ကိုကူညီရန် စေစားခံထားကြရ ပါသည်။ ထိုသူများသည် လူ့သားသမီးတို့၏လုပ်ဆောင်ခဲ့ကြသောမှတ်တမ်း ကိုသယ်ဆောင်၍ မြေကြီးမှကောင်းကင်ဘုံသို့ ပေးပို့နေကြသည်။ (ChS 222.4)ChSBur 368.1

    ကောင်းပေသည်။ မှတ်မိစေရန် အမြင့်ဘုံ၌ မှတ်တမ်းရှိစေရပါမည်။ ထိုမှတ်တမ်းစာအုပ်ထဲ၌ ဖုံးကွယ်မှုမရှိ၊ အမှားမရှိသည်ဖြစ်၍ ထိုသို့သော အားဖြင့် သူတို့စစ်ကြောစီရင်ခံကြရပါလိမ့်မည်။ ဘုရားအမှုတော်ကို ဆောင်ရွက် ဖို့အခွင့်အရေးရှိလျက် ပစ်ပယ်မှုတိုင်းသည် မှတ်တမ်းရေးသွင်းခံရခြင်းရှိမည်။ ထို့အတူ ယုံကြည်ခြင်းနှင့်မေတ္တာဖြင့် ပြုသောအမှုတိုင်းကိုလည်း ထာဝရအမှတ် ရနေစေလိမ့်မည်။ (ChS 222.5)ChSBur 368.2

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents