Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဝိညာဉ်ရေးရာခွဲခြမ်းစိတ်ဖြာမှုအမြင်များမှေးမှိန်သွားပါပြီ

    ခရစ်တော်၏လမ်းကြောင်းထဲရှိအမှုတော်အား အသင်းတော်မှလျစ်လျူ ပြုနေခြင်းအကျိုးဆက်ကို ကျွန်ုပ်တို့မြင်ကြရသည်မှာ လောကအထဲ၌သာမဟုတ်၊ ယင်းကဲ့သို့လျစ်လျူရှုခြင်းအားဖြင့် အခြေအနေတစ်ရပ်သည် ဘုရားသခင့် အမှုတော်၏ မြင့်မြတ်သန့်ရှင်းတော်မူသောအာရုံကို ‘လငပုပ်ဖမ်းသကဲ့သို့’ လွှမ်းမိုး၍ အသင်းတော်အထဲသို့ ဝင်ရောက်လာပါသည်။ ဝေဖန်ပြစ်တင်ခြင်း နှင့်ခါးသီးမုန်းတီးခြင်းစိတ်သည်လည်း အသင်းတော်ထဲမှာပေါ်လာသည်။ လူများစွာ၌ ဝိညာဉ်ရေးရာခွဲခြားသိမြင်ခြင်းများလည်း မှေးမှိန်လာပါ၏။ ဤအကြောင်းကြောင့် ခရစ်တော်၏သာသနာလုပ်ငန်းသည် ကြီးမားစွာဆုံးရှုံး ခဲ့ရပါသည်။ . (ChS 38.3)ChSBur 56.2

    လူတစ်ယောက်အနေဖြင့် ကျွန်ုပ်တို့၏ အခြေအနေကိုစဉ်းစားမိသော အခါ .. ကျွန်ုပ်ဝမ်းနည်းမိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံကိုပိတ်မထားပါ။ သို့သော် ကျွန်ုပ်တို့၏ထပ်တလဲလဲနောက်ပြန် လှည့်ခြင်းများက ကျွန်ုပ်တို့ကိုဘုရားနှင့်ခွဲခြားပစ်နေ၏။ ကျွန်ုပ်တို့၏မာနကြီး မှု၊ လိုချင်တပ်မက်မှုနှင့်လောကကိုချစ်ခြင်းတို့သည် အတားအဆီးမရှိ၊ ပြစ်တင် ရှုတ်ချသည်ကို အကြောက်အလန့်မရှိ ကျွန်ုပ်တို့၏နှလုံးသားထဲမှာ နေရာ ယူထားကြပါ၏။ အလွန်ဆိုးရွားသော၊ အတင့်ရဲလွန်းသောဒုစရိုက်သည် ကျွန်ုပ် တို့အထဲတွင် နေရာယူထားကြပါပြီ။ သို့တိုင်အသင်းတော်ရှင်သန်နေပါသည် ဟူသောယေဘုယျယူဆချက်ရှိပါသေးသည်။ ငြိမ်းချမ်းခြင်းနှင့်ဝိညာဉ်ရေးရာ ကြွယ်ဝခြင်းသည် အသင်းတော်အနားစွန်းနေရာတိုင်း၌ ရှိနေသည်ဟုလည်း ယူဆချက်ရှိပါသည်။ အသင်းတော်သည် ခရစ်တော်၏ခေါင်းဆောင်မှုနောက် သို့လိုက်ပါနေရာမှ ကျောခိုင်းပြီး အပြစ်ကျွန်ခံရာအဲဂုတ္တုပြည်ဆီသို့ တရွေ့ ရွေ့ဆုတ်ခွါသွားနေကြပါပြီတကား။ သို့တိုင်မိမိတို့၌ ဝိညာဉ်တန်ခိုးလိုအပ် နေသည်ကို ထိတ်လန့်တုန်လှုပ်အံ့သြခြင်းရှိကြသူလူတချို့ရှိကြပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်ထောက်ခံချက်များကို သံသယနှင့်မယုံကြည်မှုများ ပင်လျှင် ကျွန်ုပ်တို့၏အသင်းတော်နေရာအနှံ့၌ ဖေါင်းကြွရှိနေသည်။ ဤနည်း ဖြင့်စာတန်အလုပ်လုပ်နေပါသည်။ (ChS 38.4)ChSBur 57.1

    Larger font
    Smaller font
    Copy
    Print
    Contents