Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ညှဉ်းပန်းနှိပ်စက်ခံရမှုလိုအပ်ခြင်း

    ညှဉ်းဆဲခြင်းကိုခံရသောကြောင့် ပြန့်ကျဲရောက်သွားကြသောသူတို့ သည် သာသနာပြုစိတ်အားကြီးပြည့်လျက် ရှေ့ဆက်သွားခဲ့ကြသည်။ သူတို့ သာသနာပြုရမည့်တာဝန်အပေါ်တွင်လည်း သူတို့အမှန်သဘောပေါက်ကြသည်။ ငတ်မွတ်နေသောလောကသားများအား ပေးဖို့အတွက် အသက်မုန့်သူတို့လက် ထဲမှာပါလာသည်ကို သူတို့သိကြသည်။ ဤအသက်မုန့်လိုချင်နေသူများအား မုန့်ဖဲ့ပေးရန် ခရစ်တော်၏မေတ္တာသည် သူတို့ကိုအတင်းလုပ်ခိုင်းနေပါသည်။ (ChS 159.1)ChSBur 264.1

    ဘုရားသခင်၏ရည်စူးချက်မှာ သမ္မာတရားကိုစမ်းသပ်ခံဖို့ ရှေ့ကို ယူဆောင်သွားကြရန်ဖြစ်သည်။ ယင်းသမ္မာတရားအပေါ်သို့ အထင်သေးခြင်း ရောက်လာသည်ပင်လျှင် စစ်မေးခံယူခြင်း၊ ဆွေးနွေးခြင်းပြုရန် ဘာသာရပ် ဖြစ်လာစေလိုတော်မူသည်။ လူတို့၏စိတ်များသည် လှုပ်ရှားတောင်းဆိုလာ ကြရမည်။ အငြင်းပွားရမှုတိုင်း၊ ဆုံးမပဲ့ပြင်မှုတိုင်း၊ အသရေပျက်အောင်လုပ်ကြံ ပြောဆိုမှုတိုင်းသည် လူတွေစုံစမ်းမေးမြန်းလာရန် ဆွပေးခြင်းဖြစ်၍ ဘုရား သခင်သည်လည်း ရည်ရွယ်ခဲ့သည်။ ဤသို့ဖြင့် လူ့စိတ်ဝိညာဉ်များနိုးကြား လာမည်။ သို့မဟုတ်လျှင် သူတို့အိပ်ပျော်နေကြလိမ့်မည်။ (ChS 159.2)ChSBur 264.2