Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြည်တွင်းသာသနာနှင့်ပြည့်ပသာသနာ

    ပြည်တွင်းသာသနာ့အလုပ်သည် နည်းလမ်းပေါင်းစုံဖြင့် ရှေ့သို့ တိုးတက်ကြီးပွားလာရသည့်အကြောင်းသည် ပြည်ပသာသနာလုပ်ငန်းတိုးတက် စေရေးအတွက် ပိုမို၍ရက်ရောခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းနှင့်အပ်နှံလုပ်ဆောင် သွားခြင်းအပေါ်၌ တည်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်း တိုးတက်အောင်မြင်မှုသည် ထာဝရဘုရား၏အလိုတော်ညွှန်ကြားသည့်အတိုင်း အခြားပြည်ပဒေသများ၌ မည်ကဲ့သို့ဧဝံဂေလိမျိုးစေ့ကြဲလုပ်ဆောင်နေ၍ မည်မျှ အလိုလိုတုံ့ပြန်သြဇာသက်ရောက်သည့်အပေါ် များစွာတည်မှီနေပါသည်။ ဤသည်မှာ တန်ခိုးတော်အပေါင်း၏ မှီငြမ်းရာဖြစ်သောဘုရားသခင်နှင့် အမြဲ ထိတွေ့နေစေရန် ကျွန်ုပ်တို့၏ဝိညာဉ်များကို ယူတင်ရသောကိုယ်တော်၏အမှု တော်၌လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နိုးကြားစွာကျွန်ုပ်တို့လုပ်ဆောင် နေခြင်းဖြစ်ပါသည်။ (ChS 170.3)ChSBur 284.1

    ခရစ်ယာန်အမေရိကန်စီးပွားရေးသမားတစ်ယောက်သည် မိမိ၏လုပ် သားချင်းနှင့်အတူ စကားစမြည်ပြောရာတွင် သူသည် တစ်နေ့လျှင် (၂၄) နာရီ ခရစ်တော်အတွက် အလုပ်လုပ်နေကြောင်း ပြောပြပါသည်။ သူဆက်၍ ပြောပါသည်။ “ကျုပ်ရဲ့စီးပွားရေးဆက်ဆံမှုတိုင်းမှာ သခင်ယေရှုကိုကိုယ်စား ပြုဖို့ ကြိုးစားပါတယ်။ အခွင့်အရေးရတိုင်းလည်း လူတွေကိုဘုရားသခင်ထံ ပို့နိုင်ဖို့ ကြိုးစားပါတယ်။ တစ်နေကုန်ကျုပ်ဟာ ခရစ်တော်အတွက် အလုပ် လုပ်ပေးနေပါတယ်။ ညအခါ အိပ်ပျော်နေစဉ်မှာလည်း တရုတ်ပြည်မှာ ခရစ်တော်အတွက် သာသနာပြုရောက်နေတဲ့ ကျုပ်ရဲ့လူတစ်ယောက်ရှိတာကို တွေးမိပါတယ်။ တကယ်တော့ ကျွန်ုပ်ဟာ အခြားတိုင်းပြည်တစ်ပြည်မှာ သာသနာပြုလုပ်ဖို့ ဆုံးဖြတ်ပြီးသား လူငယ်တစ်ယောက်ပါပဲ။ ဒါပေမယ့် အဖေသေသွားတော့ ကျုပ်ဟာ အိမ်စီးပွားရေးအလုပ်ကို ဦးစီးလုပ်ရမည့်တာဝန် ကျရောက်လာတာကြောင့် ပြည်ပကိုကိုယ်တိုင်မသွားနိုင်ပေမယ့် သာသနာပြု ဆရာတစ်ယောက်ကိုတော့ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျုပ်ရဲ့လူဟာ တရုတ် ပြည်မြို့တစ်မြို့မှာရှိတယ်။ အဲဒါကြောင့် ကျုပ်အိပ်ပျော်နေစဉ်မှာလည်း ကျုပ်ဟာကျုပ်ရဲ့အဲဒီကိုယ်စားလှယ်အားဖြင့် ခရစ်တော်သခင်အတွက် အမှုတော် ထမ်းဆောင်နေဆဲဖြစ်တယ်လို့ ပြောရတာပါ။ (ChS 170.4)ChSBur 284.2

    သတ္တမနေ့မြော်လင့်ခြင်းအသင်းသူ/ အသင်းသားတွေထဲမှာ အဲဒီလို လုပ်နေတာမရှိကြဘူးလား။ သမ္မာတရားကိုသိနှင့်ထားပြီးဖြစ်တဲ့ အသင်းတော် ရဲ့ဓမ္မဝန်ဆောင်တွေကို အသင်းတော်ထဲမှာပဲ အလုပ်ရှုပ်နေစေမည့်အစား သာမန်အသင်းသားများက သူတို့ကို ဤသို့ပြောကြပါစို့။ “အမှောင်ကမ္ဘာ ထဲမှာ ပျက်စီးဆုံးရှုံးမည့်အသက်ဝိညာဉ်များကို ကယ်ဆယ်ဖို့သွားလုပ်ကြပါ။ ကျုပ်တို့ကိုယ်တိုင်အသင်းတော်လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မယ်။ ဓမ္မစည်းဝေးခြင်းအမှုကို အမြဲပြုပြီး ခရစ်တော်သခင်၌ မြဲစွာရှိနေခြင်းအားဖြင့် ကျုပ်တို့ရဲ့ဝိညာဉ်ရေးအသက်တာတွေကို ထိန်းသိမ်းသွားပါ့မယ်။ ကျုပ်တို့ ရဲ့အနီးအနားမှာရှိကြတဲ့ အသက်ဝိညာဉ်တွေအတွက်လည်း ကျုပ်တို့အလုပ် လုပ်ပါ့မယ်။ ပြီးတော့ အကူအညီပိုပြီးလိုအပ်နေတဲ့ ခိုကိုးရာမဲ့သာသနာ့နယ်မြေ တွေမှာရှိနေကြတဲ့ သခင့်အမှုတော်ဆောင်တွေကို ကျွန်ုပ်တို့ရဲ့ ဆုတောင်းခြင်း၊ လက်ဆောင်ပစ္စည်းပေးပို့ခြင်းတွေနဲ့ ထောက်ပံ့ပေးပါ့မယ်။ (ChS 171.1)ChSBur 285.1