Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘာကြောင့် လူပျင်းများကိုညှဉ်းဆဲရမည်နည်း

    တမန်တော်ကြီးပေါလုပြောခဲ့သည်။ ” ယေရှုခရစ်၏တရားတော် နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။” ဤသို့ဆိုလျှင် လူပျင်းတွေကို အဆင့် အမြင့်ကြီးနှင့် ညှဉ်းဆဲမှုရှိလိမ့်မည်ဟု အဘယ်ကြောင့် ထင်ရပါသလဲ။ တစ်ခု တည်းသောအကြောင်းမှာ အသင်းတော်သည် လောကစံနှုန်းအတိုင်း လိုက်လျောနေလာသောကြောင့် ဆန့်ကျင်ဘက်တွေနိုးထရန် သတိ မပြုမိကြတော့ပြီ။ ကျွန်ုပ်တို့နေ့မှာလက်ရှိဖြစ်နေသောဘာသာရေးသည် ခရစ်တော်နှင့် သူ့တမန်တော်ကြီးများနေ့ကကဲ့သို့ ခရစ်ယာန်ယုံကြည် ခြင်းအမှတ်လက္ခဏာဖြစ်သောစင်ကြယ်မှုနှင့် သန့်ရှင်းသောအကျင့် စရိုက်များမရှိတော့လေပြီ။ ဤသို့ဖြစ်ရသည်မှာ လူ့စိတ်ဓာတ်များသည် အပြစ်တရားနှင့် ရောနှောနေကြသောကြောင့်လည်းကောင်း၊ ဘုရားသခင့်စကား တော်ဖြစ်သောသမ္မာတရားမြတ်ကြီးကို ဂရုမစိုက်ဟန်ဖြင့် သဘောပိုက်နေကြ သောကြောင့်လည်းကောင်း၊ အသင်းတော်အထဲမှာ အလွန်အရေးတကြီးဖြစ် နေရမည့်ဘုရားဝတ်မွေ့လျော်ခြင်းနည်းလွန်းသောကြောင့်လည်းကောင်း ကမ္ဘာ ကြီးသည် ခရစ်ယာန်ဘာသာရေးကို အပြင်းပန်းအားဖြင့်သာလျှင် လူသိများ သလိုဖြစ်နေပါသည်။ ယုံကြည်ခြင်းပြန်လည်နိုးထစေ၍ ကနဦးအသင်းတော် ၏တန်ခိုးကိုခံယူကြပါစို့။ ညှဉ်းဆဲခြင်းဝိညာဉ်များပြန်လည်သတိရလာပြီး ညှဉ်းဆဲခြင်းမီးသည်လည်း ပြန်လည်ထွန်းတောက်လာလိမ့်မည်။ (ChS 159.3)ChSBur 264.3