Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြောက်လန့်ဖွယ်ကာလ

    ယုံကြည်သူများအား သတ်မှတ်ထားသည့်လျှို့ဝှက်နေရာတွင် စုရုံးရန် ဆင့်ခေါ်ခြင်းတာဝန်ကိုထမ်းဆောင်နေကျ ပြုပြင်ပြောင်းလဲရေး သမား တစ်ဦးမှာ အဖမ်းခံခဲ့ရသည်။ မြို့ထဲရှိ ပရိုတက်စတင့်အိမ်များကို တစ်အိမ်ချင်း လိုက်မပြပေးလျှင် အခုချက်ချင်း မီးရှို့သတ်ပစ်မည်ဟု သူ့အားခြိမ်းခြောက်သော် မီးရှို့သတ်မှာကြောက်သဖြင့် မိမိညီအစ် ကိုတို့အပေါ် သူသစ္စာဖေါက်လိုက်တော့သည်။ GCBur 231.2

    မိုရင်းဆိုသူ ဘုရင့်စုံထောက်သည် ထိုသစ္စာဖေါက်နှင့်အတူ မြို့တော် လမ်းများကို ဖြည်းဖြည်းချင်း ငြိမ်သက်စွာ ဖြတ်သွားနေ ပါသည်။ လူးသာ၏ နောက်လိုက်များ၏အိမ်သို့ရောက်လျှင် စကား တစ်လုံးမျှမပြောဘဲ ထိုသစ္စာဖေါက်က အချက်ပြလိုက်သည်။ နောက်မှ လိုက်လာသော................................................................................. ကြသော ရောမဘက်တော်သားများက ရပ်တန့်ကာ ထိုအိမ်ထဲသို့ဝင်ပြီး မိသားစုကို ချည်နှောင်ဖမ်းဆီးခေါ်ဆောင်သွားကြပါသည်။ “မိုရင်းဟာ ဒီမြို့တော်ကို တုန်လှုပ်သွားစေခဲ့တယ်။ တကယ့်ကြောက်စရာကာ လပါပဲ။”GCBur 231.3

    ဖမ်းဆီးရမိသူများကို ရက်စက်စွာညှဉ်းဆဲပြီးမှ ကွပ်မျက်ကြ သည်။ ဝေဒနာကို ကြာရှည်စွာခံစားရစေရန် မီးအရှိန်ကိုလျှော့၍ မီးလောင်တိုက် သွင်းခဲ့ကြပါသည်။ သို့ရာတွင် ထိုယုံကြည်သူများသည် သစ္စာထားမှုကို မဖေါက်ဖျက်၊ ငြိမ်သက်မှုကိုမထိခိုက်ဘဲ အောင်နိုင် သူများအနေဖြင့် သေပွဲဝင်ခဲ့ ကြပါသည်။ ၎င်းတို့အား နှိပ်စက်ကလူပြုခဲ့ သူများပင် မိမိတို့ရှုံးနိမ့်သည်ဟု ခံစားမိခဲ့ကြပါသည်။ GCBur 232.1

    “ပဲရစ်မြို့သားများသည် အသစ်သောအယူအဆ တစ်ခုမှ မွေးထုတ်လိုက်သူများ၏ အခြေအနေကို မြင်တွေ့ခွင့်ရကြချေပြီ။ ထိုအာ ဇာနည် များကို မီးရှို့ရန် ပြင်ဆင်ထားသောထင်းပုံနှင့်တူသော တရား ပလ္လင်မရှိခဲ့ပါချေ။ ကွပ်မျက်မည့်နေရာသို့ သွားနေစဉ် ထိုသူများ၏ မျက် နှာပေါ်တွင် ထွန်းတောက်နေသော ငြိမ်းအေးသည့် ဝမ်းမြောက်မှု များသည် ဧဝံဂေလိတရား တော်ကိုယ်စား အခုအခံခမဲ့ဖွင့်ဟ အသနား ခံခဲ့ပါသည်။GCBur 232.2

    ပရိုတက်စတင့်များသည် ကာတိုလိတ်များအား အစုလိုက် အပြုံလိုက် သတ်ရန် ကြံစည်မှု၊ အစိုးရအားဖြုတ်ချရန် ကြံစည်မှု၊ ဘုရင်ဧကရာဇ်အား လုပ်ကြံဖို့ ကြံစည်မှုများဖြင့် အစွပ်စွဲခံကြရသည်။ GCBur 232.3

    သို့ရာတွင် စွပ်စွဲမှုများအတွက် သက်သောအထောက်အထား တစ်စုံတစ်ခုကိုမျှ မပြနိုင်ကြချေ။ အပြစ်မဲ့သော ပရိုတက်စတင့်များ အပေါ် ပြုကျင့်ခဲ့သော ရက်စက်မှုများသည် လက်တုံ့ပြန်မှုကို ရောက် သည့်.................................................................................................. အဆင့်အထိ များပြားလှပါသည်။ နောက်ပိုင်းရာစုနှစ်များတွင် သူတို့နိမိတ် ဖတ်ထားသည့် ကြမ္မာဆိုးများအတိုင်း ဧကရာဇ်ဘုရင်၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူများခံစားခဲ့ကြရပါသည်။ သို့ရာတွင် ထိုကြ မ္မာဆိုး၏လက်သည်များမှာ ဘုရားတရားမဲ့သူများနှင့် ရဟန်းမင်းအ ဖွဲ့ကိုယ်တိုင် ဖြစ်နေပါသည်။ ပရိုတက်စတင့် အယူဝါဒအပေါ် ဖိနှပ်ရက် စက်ခြင်းများကြောင့် ပြင်သစ်ပြည်သည် ကြောက်စရာဘေးဥပဒ်များ နှင့်ရင်ဆိုင်ခဲ့ရပါသည်။GCBur 232.4

    မယုံသင်္ကာစိတ်၊ သံသယစိတ်နှင့် ကြောက်စိတ်များသည် ယခုတွင် လူတန်းစားအသီးသီးတို့၏ စိတ်နှလုံးတွင် ငြိတွယ်နေပေပြီ။ ရာပေါင်းများစွာ သောယုံကြည်သူများသည် ပြုပြင်ပြောင်းလဲရေး သ မားများ၏ ယုံကြည်ချက် များအပေါ် ထောက်ခံကြောင်း ဖေါ်ပြသည့် အနေဖြင့် ဇာတိမြေပဲရစ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြပါသည်။ ဘာသာရေး ဖေါက်ပြန် သူများဟု မိမိတို့ထင်မထားသော ထိုသူများ ထွက်ခွာသွားခြင်းကြောင့် ရဟန်းမင်းအဖွဲ့သည် အံ့အား သင့်ခဲ့ကြရပါသည်။GCBur 233.1