Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄၀)—ဘုရားသခင်၏သားသမီးများ ကယ်လွှတ်ခံရခြင်း

    ဘုရားသခင်၏ပညတ်တော်များကို အလေးထားရိုသေသူများ အား အကာအကွယ်ပေးထားသည့် တရားဥပဒေများကို ပြန်လည် ရုတ်သိမ်း လိုက်သောအချိန်တွင် နိုင်ငံအသီးသီးတွင် ၎င်းတို့အား သုတ် သင်ကွပ်မျက်ရန် လှုပ်ရှားလုပ်ဆောင်လာကြလိမ့်မည်။ အမိန့်စာပါ သတ်မှတ်ထားသည့်အချိန် နီးကပ်လာသောအခါ မညီညွတ်မှုနှင့် အ ပြစ်တင်ဆုံးမသံများကို တိတ်သွားစေ မည့် ထိုးနှက်ချက်တစ်ခုကို ည တစ်ညတွင် လုပ်ဆောင်ကြရန် သူတို့ပူးပေါင်း ကြံစည်ကြလိမ့်မည်။GCBur 690.1

    အကျဉ်းထောင်နှင့်တကွ တောထဲတောင်ထဲသို့ရောက်ရှိနေ ကြသော ယုံကြည်သူသားသမီးများမှာမူ ဘုရား၏ကာကွယ်မှုကို အသ နားခံနေကြ ပါသည်။ နတ်ဆိုးများ၏လှုံ့ဆော်ခြင်းခံရသော လက်နက် ကိုင်လူသားများသည် ဘုရား၏သားသမီးများကိုသတ်ရန် အဆင် သင့်ရှိနေကြပါသည်။ အလွန့်အလွန် အကျဉ်းအကျပ်ဖြစ်နေသော ထို အချိန်တွင် “သင်တို့သည် ပွဲခံသောနေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ GCBur 690.2

    ဣသရေလအမျိုး၏ကျောက်၊ ထာဝရဘုရား၏တောင်တော် သို့----သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။ ထာဝရဘုရား သည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော်သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီလျှံလောင် ခြင်း၊ မိုးသီးပါသောမိုးသက်မုန်တိုင်းကျခြင်းများတို့ကို ပြတော်မူလိမ့် မည်။” ဟေရှာ၊ ၃၀:၂၈-၃၀။ ဤကမ္ဘာကြီးတွင် သာမန်ညဉ့်အချိန်ထက် ပို၍မိုက်သော အ မှောင်ထုကြီးကျနေသောအချိန်တွင် လူယုတ်မာအုပ်ကြီးသည် ၎င်း တို့၏သားကောင်များထံသို့ အပြေးအလွှားသွားကြတော့မည်ဖြစ် သည်။ GCBur 690.3

    ထိုစဉ်တွင် သက်တံတစ်ခုသည် ကောင်းကင်ယံတွင် ပေါ်လာ ကာ ဆုတောင်းနေသောအဖွဲ့ တစ်ဖွဲ့စီကို ပတ်ရစ်ဝန်းရံထားသယောင် တွေ့ရပါသည်။ ထိုမြင်ကွင်းကြောင့် ဒေါသူပုန်ထနေသော ထိုလူအုပ် ကြီးသည် ရန်တန့်ငြိမ်သက်သွားကာ ဒေါသ အလျောက် လုပ်ဆောင် နေသည့် ၎င်းတို့လုပ်ဆောင်မှု၏ ဦးတည်ချက်ကိုပင် မေ့လျော့ကုန် ကြပါသည်။ သူတို့သည် ဘုရားသခင်၏ ပဋိညာဉ်ဆိုင်ရာ အထိမ်း အမှတ်များအပေါ် စူးစူးစိုက်စိုက်ကြည့်ကာ ထွန်းလင်းတောက်ပ နေ သည့် ဘုန်းရောင်ခြည်တော်များမှ ကာကွယ်မှုရရန် တောင့်တနေ ကြပါသည်။GCBur 691.1

    “မော့ကြည့်လိုက်ပါ” ဟူသောအသံတစ်ခုကို ဘုရားသခင်၏ သားသမီးများကြားလိုက်သဖြင့် သတေဖန်ကဲ့သို့ ၎င်းတို့မော့ကြည့် လိုက်ရာ ပလ္လင်တော်ထက်တွင်ထိုင်နေသည့် ခမည်းတော်ဘုရားနှင့် သားတော်ဘုရားကို ဖူးမြင်ကြရပါသည်။ တမန်၊ ၇:၅၅-၅၆ ကိုကြည့် ပါ။”အကျွန်ုပ်အား ပေးတော်မူသောသူတို့သည်---- အကျွန်ုပ်ရှိ ရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏” ဟူသောတောင်းလျှောက်သံကို ၎င်းတို့ ကြားရုံသာမကဘဲ ကိုယ်တော် ရှင်၏နှိမ့်ချမှုအမှတ်အသားများကိုလည်း ၎င်းတို့ သိမြင်ကြရပါသည်။ (တမန်၊ ၁၇:၂၄)။ “သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ် လျက်ရှိသောသူတို့၊ လာကြပါ။ ငါ့စကားကို သူတို့ နားထောင်လိုက် လျှောက်ခဲ့ကြပြီ” ဟူသောအသံတစ်ခုကိုလည်း ကြားနေရပါသည်။GCBur 691.2

    ညဉ့်သန်းခေါင်အချိန်ကြီးတွင် ဘုရားသခင်သည် မိမိလူတို့ကို ကယ်နုတ်ရန် တန်ခိုးပြပါတော့သည်။ ခြစ်ခြစ်တောက်ပူနေသည့် နေမင်းကြီး ပေါ်လာပါသည်။ ထိုနောက် ထူးဆန်းသည့်နိမိတ်လက္ခဏာ များ ဆက်တိုက် ဖြစ်ပေါ်လာပါသည်။ ဆိုးယုတ်သူများက ထိုမြင်ကွင်း များကို ကြောက်ရွံ့သော စိတ်ဖြင့် ကြည့်နေကြသော်လည်း ဖြောင့်မတ် သူများမှာမူ ကယ်နုတ်ခြင်း၏ အထိမ်းအမှတ်ဖြစ်သော ထိုမြင်ကွင်း များကို ဝမ်းသာအားရရှုကြည့်နေကြ ပါသည်။ GCBur 692.1

    ထိုစဉ်တွင် ကောင်းကင်အလယ်၌ ဖော်ပြခြင်းငှာ မစွမ်းနိုင် လောက်အောင် ဘုန်းတော်နှင့်ပြည့်ဝသည့် အကွက်ငယ်တစ်ခု ပေါ် လာပါသည်။ လှိုင်းတံပိုးသံများအလား ကြီးမားသောအသံတော် တစ်ခု သည် ထိုနေရာမှပေါ်ထွက်လာကာ “ပြီးပြီ” ဟု ဖွင့်ဆိုနေပါသည်။ ဗျာ၊ ၁၆:၁၇။GCBur 692.2

    ထိုအသံတော်ကြောင့် ကောင်းကင်နှင့်မြေကြီး လှုပ်ရှားသွား ကာကြီးမားပြင်းထန်သည့် မြေငလျင်တစ်ခုဖြစ်ပေါ်လာပါသည်။ “မြေ ကြီးပေါ်မှာ လူတို့ဖြစ်သည့်ကာလမှစ၍ ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာ မြေလှုပ်ခြင်းသည် မဖြစ်စဖူး။” ဗျာ၊ ၁၆:၁၈။ ကျောက်တောင်များပြိုကွဲ ကုန်ကြသည်။ ပင်လယ်ရေပြင်တွင်လည်း လှိုင်းတံပိုးများပြင်းထန်နေပါသည်။ လေမုန်တိုင်းအသံများသည်လည်း နတ်ဆိုးသံများအလား ဆူညံနေပါသည်။ မြေကြီးအုတ်မြစ်များပြို ကျကုန်သည့်အလား မြေကြီးမျက်နှာပြင်များ သည်လည်း ကွဲကုန်ပါ သည်။ GCBur 692.3

    ဆိုးယုတ်မှုများကြောင့် သောဒုံမြို့ကြီး ရင်ဆိုင်ခဲ့ ရသလို ပင် လယ်ဆိပ်ကမ်းများသည်လည်း ရေအောက်ရောက်ကုန်ကြပါသည်။ “ဘုရားသခင်သည် ပြင်းစွာသောဒေါသအမျက်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကိုအောက်မေ့တော်မူ၏။” ဗျာ၊ ၁၆:၁၉။ ကြီးကျယ်သောမိုးသီးများသည် ၎င်းတို့လုပ်ဆောင်ရမည့်အဖျက်လုပ် ငန်းကို လုပ်ဆောင်နေကြပါသည်။ မာနထောင်လွှားခဲ့သည့် မြို့ကြီး များလည်း ပြိုပျက် ကုန်ကြချေပြီ။ GCBur 692.4

    လူသားများ ဂုဏ်ယူစည်းစိမ်ခံစားခဲ့ကြသည့် ဘုရင့်နန်းတော် ကြီးများလည်း ၎င်းတို့၏မျက်စိရှေ့မှာပင် ပြိုလဲကုန်ကြချေပြီ။ အကျဉ်းထောင် အုတ်ရိုးများကွဲကုန်ကာ ဘုရားသခင်၏သားသမီး များလည်း လွတ်မြောက် လာကြချေပြီ။GCBur 693.1

    သင်္ချိုင်းဂူများလည်းပွင့်လာချေပြီ။ “မြေမှုန့်၌အိပ်ပျော်သော သူများ” မှ ---- အချို့တို့ကား ထာဝရအသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက် ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။ “ကိုယ်တော်ကိုထိုးဖောက် သောသူတို့၊ သေခါနီးကိုယ်တော်ရှင်ဝေဒနာခံစား နေသည်ကို ပြက် ရယ်ပြုသောသူတို့နှင့် သမ္မာတရားကို အကြမ်းဖက်ငြင်းဆန်ခဲ့ သူတို့ သည် သစ္စာစောင့်သိပြီး နားထောင်လိုက်လျှောက်သူတို့အား ဂုဏ် ပြုတော် မူခြင်းကိုတွေ့မြင်နိုင်ရန် နိုးထကြရပါသည်။ ဒံ၊ ၁၂:၂။ ဗျာ၊ ၁:၇။GCBur 693.2

    မီးလျှံများကြားတွင် ရောက်နေသောဤကမ္ဘာကြီးကို ပြင်းထန် သော မိုးကြိုးသံများက လွှမ်းမိုးနေပါသည်။ ထိုမိုးကြိုးသံ၊ လှိုင်းတံပိုးသံ များထက် ကျယ်လောင်သည့်အသံဖြင့် ဆိုးယုတ်သူများအား စီ ရင်ချက်ချနေသည်ကိုလည်း ကြားနေရပါသည်။ ထောင်လွှားဝါကြွား ကာ ပညတ်တော်စောင့်ရှောက်သူ များအား ရက်ရက်စက်စက်နှိပ် စက်ခဲ့သူများသည် ယခုတွင်မူ ကြောက်ရွံ့သဖြင့် ဖိမ့်ဖိမ့်တုန်နေကြ ချေပြီ။GCBur 693.3