Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄၁)—ဤကမ္ဘာကြီးပျက်စီးသွားခြင်း

    “ထာဝရဘုရားသည် စာတန်၏ဖမ်းစားခြင်းခံနေရသော မိမိ၏သားသမီးများဘက်သို့လှည့်၍ မိန့်တော်မူလိုက်ရာ ဘဝတိုက် ပွဲတွင် ပိုင်ဆိုင်သမျှအရာအားလုံးကို ဆုံးရှုံးခဲ့သူများ၏ ကြောက်စရာ နိုးထလာမှု များကိုတွေ့ရပါသည်။ သူဌေးများသည် စာတန်၏လှည့်ဖြား မှုကြောင့် ကမ်းမမြင်လမ်းမမြင်ဖြစ်ကာ ချို့တဲ့သူများအပေါ် မာန ထောင်လွှားခဲ့ပါသည်။ သူတို့သည် ငတ်သူကိုအစာမကျွေး၊ အဝတ်မ ရှိသူကိုလည်း အဝတ်မပေး၊ အကြင်နာမေတ္တာကင်းစွာဆက်ဆံခဲ့ကြ သည်။ ယခုတွင် ၎င်းတို့အား သူဌေးပါဟုခေါ်ဝေါ်သမုတ်စေသည့်အ ရာအားလုံးသည် ပြောင်တလင်း ခါချေပြီ။ ရုပ်တုသဖွယ်ကိုးကွယ်ခဲ့ သောထိုပစ္စည်းဥစ္စာများပျက်စီးသွားသည်ကို ကြောက်လန့်တကြား သူတို့ကြည့်နေကြသည်။ သူတို့သည် လောကစည်းစိမ်များ အတွက် မိမိအသက်ဝိညာဉ်ကိုရောင်းခဲ့ကြသော်လည်း ဘုရားသခင် ရှေ့မှောက် တွင် မချမ်းသာကြပါတကား။ GCBur 711.1

    သူတို့၏အသက်တာသည် ကျဆုံးမှုနှင့်သာ အဆုံးသတ်ပြီး ခံစားခဲ့ရသောသာယာမှုများသည် ခါးသီးမှုများ အသွင်သို့ပြောင်းသွား ခဲ့ပါသည်။ တစ်သက်လုံးရှာဖွေစုဆောင်းခဲ့သမျှသည် တစ်ခဏ ချင်းတွင်ပျောက်ဖျက်သွားချေပြီ။ သူဌေးများသည် ၎င်းတို့ပိုင်သည့် အိမ်ကြီးခနိုင်များ ပျက်စီးဆုံးရှုံးမှုကြောင့်လည်းကောင်း၊ ပြန့်ကျဲ နေသော ရွှေငွေများကြောင့်လည်းကောင်း၊ ထိုပစ္စည်းများနှင့်အတူ မိမိတို့ပါသွားမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း ဝမ်းနည်း ပက်လက်....................................................................................... ဖြစ်နေကြပါသည်။ ဖြစ်ပေါ်လာသောရလဒ်များကြောင့် ထိုသူများ ဝမ်း နည်းပူဆွေးကြသော်လည်း ဆိုးယုတ်သောလုပ်ရပ်များအတွက် ၎င်း တို့နောင်တမရကြချေ။GCBur 711.2

    သမ္မာတရားများကိုမဟောကြားဘဲ လူကြိုက်များသည့် တရား ဟောချက်များကိုသာ ဟောကြားခဲ့သည့် တရားဟောဆရာများသည် မိမိ တို့ဟောကြားခဲ့သည့်အရာများ၏ ဩဇာသက်ရောက်မှုကို ယခုတွင် တွေ့မြင်ကြရပြီ။ လူတို့အား အမှားလမ်းထဲသို့ပို့ဆောင်သည့် ရေးသားခဲ့ သမျှစာလုံးတိုင်းနှင့် ဟောပြောခဲ့သမျှစကားလုံးတိုင်းသည် မျိုးစေ့ကြဲ လျက် ရှိရာ ယခုတွင် ရိတ်သိမ်းခြင်းကို သူတို့မြင်တွေ့ရပြီ။ GCBur 712.1

    “ထာဝရဘုရား မိန့်တော် မူသည်ကား ငါ့ထံမှကျက်စားသော သိုးတို့ကိုဖျက်ဆီး၍ အရပ်ရပ်သို့ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့် ဣသရေလအမျိုး၏ ထာဝရဘုရား သခင်မိန့်တော်မူသည်ကား-----သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာငါသက်ရောက်စမေည်။” GCBur 712.2

    “ငါမညှိုးငယ်စေသောလူကောင်း တို့ကို သင်သည်မုသားစ ကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကိုမရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍ သူတို့ ကိုခိုင်မာစေသောကြောင့်လည်းကောင်း နောက်တစ်ဖန် သင်တို့သည် အချည်းနှီးသောအရာကိုမမြင်ရကြ။” ယေရမိ ၂၃:၁-၂။ ယေဇကျေလ ၁၃:၂၂။GCBur 712.3

    ဖြောင့်မတ်သောပညတ်တော်ကိုပေးတော်မူသည့် ဘုရား သခင်ကို မိမိတို့ပုန်ကန်မိပြီဖြစ်ကြောင်း တရားဟောဆရာများနှင့် လူအပေါင်းတို့သည် တွေ့မြင်ကြသည်။ ဘရား၏ပညတ်တော်......... တို့ကိုဘေးဖယ်ထားခြင်းကြောင့် ပျက်စီးခြင်းပင်လယ်တွင် ကမ္ဘာကြီး နစ်မြုပ်သွားသည့်တိုင်အောင် ဒုစရိုက်စမ်းချောင်းများစွာကို စီးဆင်း စေခဲ့ပါသည်။ ဆုံးရှုံးသွားသည့်ထာဝရအသက်အတွက် ထိုသစ္စာမဲ့ သူများတမ်းတမှုကို စာဖွဲ့၍ပင်မဖေါ်ပြနိုင်အောင်ဖြစ်နေပါသည်။GCBur 712.4

    ပျက်စီးခြင်းသို့ ကျရောက်သွားခြင်းအတွက် အချင်းချင်း တစ် ယောက်ကိုတစ်ယောက်အပြစ်တင်ခဲ့ကြသော်လည်း ထိုသူအားလုံး သည် လူတို့အား “ချော့မော့သောစကား” ကိုပြောကာ ဘုရား၏ ပညတ် တော်အား အလေးမထားစေခဲ့ရုံသာမက ပညတ်တော်ကို စောင့်သော သူများအား ညှဉ်းပန်းနှိပ်စကစေခဲ့သော တရားဟောဆရာများအပေါ်သို့ ခါးခါးသီးသီး အပြစ်ပုံခဲ့ကြပါသည်။ (ဟေရှာ၊ ၃၀:၁၀)။ GCBur 713.1

    “မင်းတို့ကြောင့် တို့တော့ဆုံးရှုံးခြင်းသို့ရောက်ပြီ” ဟု သူတို့ဟစ် အော်ငိုကြွေးခဲ့ကြပါသည်။ တစ်ချိန်က ၎င်းတို့အား သရဖူဆောင်းပေး ခဲ့သည့်လက်များသည် ယခုတွင် ၎င်းတို့အား သတ်ဖြတ်ကြတော့မည်။ နေရာတကာတွင် တိုက်ခိုက်မှုများနှင့် သွေးထွက်သံယိုမှုများ ဖြစ် လျက်ရှိသည်။GCBur 713.2

    ခရစ်တော်နှင့် ကိုယ်တော်၏ကောင်းကင်တမန်များသည် လူသားများကို သတိပေးခြင်း၊ အလင်းပြခြင်းနှင့် ကယ်တင်ခြင်းလုပ် ငန်းများကို လုပ်ဆောင်ရာတွင် စာတန်နှင့်ရင်ဆိုင်တိုက်လှန်ခဲ့ကြရ သည်။ ယခုတွင် လူအသီးသီးတို့သည် ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ ဆိုး ယုတ်သူများသည် ဘုရားသခင်အား ဆန့်ကျင်အန်တုရန် စာတန်နှင့် လုံးလုံးလျားလျား ပေါင်းစည်း လိုက်ကြသည်။ “ထာဝရဘုရားသည် လူ အမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၏” ဟု ကျမ်းစာလာ သည့်အတိုင်း ဘုရားသခင်သည် စာတန်နှင့်သာတိုက်လှန်နေရ…. သည်မဟုတ်ဘဲ လူသားများနှင့်လည်း တိုက်လှန်နေရပါသည်။ ယေရမိ ၂၅:၃၁။GCBur 713.3