Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၀)—စာတန်နှင့်လူသားများတိုက်လှန်ခြင်း

    “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယနှင့် မိန်းမ၏ အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့် ကိုကြိတ်လိမ့်မည်။” ကမ္ဘာ ၃:၁၅။ ဤရန်ငြိုးဖွဲ့မှုသည် သဘာဝအ တိုင်းဖြစ်ပေါ်လာသည့် အရာတစ်ခုတော့မဟုတ်ချေ။ လူသည် ဘုရား သခင်၏ ပညတ်တော်ကို ချိုးဖေါက်သောအချိန်တွင် လူ့သဘာဝသည် ယုတ်မာလာပြီး စာတန်နှင့် တူလာသည် ကျဆုံးခဲ့သော ကောင်းကင် တမန်များနှင့် ယုတ်မာသောလူသား များသည် ပေါင်းစည်းမိခဲ့ကြသည်။ ဘုရားသခင်သာ ကြားဝင်တားဆီးမှု မပြုခဲ့လျှင် လူသားများသည် စာတန်နှင့်မဟာမိတ်ဖွဲ့ကာ ဘုရားသခင်ကို တိုက်လှန်ခဲ့ကြလိမ့်မည်။ ၎င်းပြင် လူသားမိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို ဆန့်ကျင် ရာတွင် စည်းလုံးမိခဲ့ကြလိမ့်မည်။GCBur 548.1

    မိမိနှင့်အမျိုးသမီးအကြားတွင်လည်းကောင်း၊ မိမိအမျိုးအနွယ် နှင့် အမျိုးသမီး၏အမျိုးအနွယ်အကြားတွင်လည်းကောင်း ရန်ငြိုး ဖွဲ့မှုများ ရှိလိမ့်မည်ဖြစ်ကြောင်း စာတန်ကြားသောအခါ တစ်နည်းနည်း တစ်ဖုံဖုံဖြင့် မိမိ၏အာဏာကို လူသားများတွန်းလှန်နိုင်သည်ဆိုသည့် အချက်ကို စာတန်သိထားပါသည်။GCBur 548.2

    ခရစ်တော်သည် လူသားများ၏နှလုံးသား၌ စာတန်အား ရန်ငြိုးဖွဲ့လို စိတ်များကို သွတ်သွင်းထားသည်။ စိတ်နှလုံးပြောင်းလဲ စေသည့် ဤကျေးဇူးတော်နှင့် ခွန်အားအသစ်များကို ဖြစ်စေသည့် တန်ခိုးတော်မရှိပါလျှင် လူသားတို့သည် စာတန်ခိုင်းသမျှကို လုပ် ဆောင်ကြ လိမ့်မည်။ သို့ရာတွင် စိတ်ဝိညာဉ်ထဲတွင်ရှိသော ဤစည်း မျဉ်းသစ်ကြောင့် တိုက်လှန်မှုများကိုဖြစ်စေသော်လည်း ခရစ်တော် မျှဝေသော တန်ခိုးတော်ကြောင့် လူသားများသည် စာတန်ကိုတွန်း လှန်နိုင်ကြပါသည်။ အပြစ်ဒုစရိုက်ကိုချစ်ရမည့်အစား ရွံမုန်းသော စိတ်ဖြစ်ပေါ်နေရခြင်းမှာ အထက်မှပြုပြင်လျက်ရှိသော စည်းမျဉ်း ကိုထင်ရှားစေပါသည်။GCBur 548.3

    ခရစ်တော်နှင့်စာတန်အကြားရှိ ရန်လိုမှုသည် ခရစ်တော်အား ကမ္ဘာကြီးက လက်ခံကြိုဆိုမှုတွင် ထင်ရှားပေါ်လွင်လျက်ရှိပါသည်။ ဘုရားတရားမရှိသူများက ခရစ်တော်အားစင်ကြယ်သန့်ရှင်းခြင်း များကြောင့် မုန်းတီးကြပါသည်။ ကိုယ်တော်၏ကိုယ်အလိုကို ငြင်း ပယ်ခြင်းသည် မာနကြီးသူများအတွက် ဆုံးမမှုတစ်ခုဖြစ်နေသည်။ ထို ကြောင့် စာတန်နှင့် ထိုလူယုတ်မာများသည်ပူးပေါင်းကာ ခရစ်တော် အားဆန့်ကျင်ကြပါသည်။ ၎င်းတို့သည် ခရစ်တော်၏နောက်လိုက် များကိုလည်း ထိုနည်းနှင်နှင် ဆန့်ကျင်တိုက်လှန်ကြပါသည်။ စုံစမ်း ခြင်းများကို ဆန့်ကျင်သူများသည် စာတန်၏အမျက်ကိုနှိုးဆွနေကြ သည်။ GCBur 549.1

    ခရစ်တော်နှင့် စာတန်သည် မည်သည့် အခါမျှသဟဇာတမ ဖြစ်နိုင်ချေ။” ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌ မွေ့ လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲ ခြင်းကို ခံရလိမ့်မည်။” ၂တိ၊ ၃:၁၂။GCBur 549.2

    စာတန်၏နောက်လိုက်နောက်ပါများသည် ခရစ်တော်၏ တပည့်များအား လှည့်ဖြားရန်ကြိုးစားကြပြီး ခရစ်ယာန်တို့၏သစ္စာ စောင့်သိ မှုကို လမ်းလွဲသွားအောင် သွေးဆောင်နေကြသည်။ မိမိတို့၏ ရည်မှန်းချက်ပြည့်စုံစေရန် သမ္မာကျမ်းစာကိုလည်း သွေဖည်တိမ်းယိမ်း စေပါသည်။ GCBur 549.3

    ခရစ်တော်အားအသေသတ်ရန် လူတို့အားလှုံ့ဆော်ပေးခဲ့ သည့်ထိုစာတန်သည် ခရစ်ယာန်များအား ဒုက္ခပေးရန် လူယုတ်မာ တို့အား လှုံ့ဆော် ပေးနေပါသည်။ ဤအချက်ကို “သင်နှင့်မိန်းမကို လည်းကောင်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်း ကောင်း ရန်ငြိုးဖွဲ့စေမည်” ဆိုသည့် ကနဦးအနာဂတ္တိစကားတွင် ကြို တင်နိမိတ်ပေးထားပြီးဖြစ်သည်။GCBur 550.1

    အဘယ်ကြောင့် စာတန်သည် ကြီးကျယ်သောခုခံမှုများကို မရင်ဆိုင်ရ သနည်း။ အကြောင်းမှာ ခရစ်ယာန်များသည် ခရစ်တော်နှင့် အဆက်အသွယ် မရှိသလောက် နည်းပါးနေသောကြောင့်ဖြစ်သည်။ အပြစ်ဒုစရိုက်သည် ခရစ်တော်အတွက် ရွံရှာဖွယ်ဖြစ်သော်လည်း ၎င်း တို့အတွက် ရွံရှာဖွယ်မဟုတ် သလိုဖြစ်နေသည်။ သူတို့သည် အပြစ် တရားကို ခိုင်ခိုင်မာမာမတွန်းလှန်နိုင်ကြချေ။ GCBur 550.2

    စာတန်၏ဇာတိရုပ်မှန်ကို သူတို့မမြင်ကြသဖြင့် မိမိတို့၏ရန် သူဖြစ်သော ထိုနတ်ဆိုးကြီးသည် ခရစ်တော်အား ရန်ဖက်ပြုနေသည့် အင်အား ကြီးသူတစ်ဦးဖြစ်ကြောင်း သူတို့မသိချေ။ ဧဝံဂေလိတရား ဟောဆရာများ ပင်လျှင် ထိုနတ်ဆိုး၏လုပ်ဆောင်မှုများကို သတိမမူမိ ကြချေ။ သူတို့သည် စာတန်အသက်ရှင်ထင်ရှားနေသည်ကို မသိသလို လုပ်နေကြသည်။GCBur 550.3