Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄၂)—ထာဝရငြိမ်သက်ခြင်း (တိုက်လှန်ပွဲကြီးအဆုံးသတ်ခြင်း)

    ခရစ်တော်သည် နှစ်ပေါင်း ၁၀၀၀ အဆုံးတွင် ကယ်နုတ်ခြင်းခံ ရပြီးသူ များနှင့် ကောင်းကင်တမန်များခြံရံကာ ဤလောကသို့ပြန် လည်ကြွချီလာ ပါသည်။ ပြစ်ဒဏ်စီရင်ချက်ကိုကြားနာရန် သေလွန် လျက်ရှိသော လူယုတ်မာ များအား ပြန်လည်ထမြောက်လာဖို့ အမိန့် ပေးတော်မူလိုက်သော် သမုဒ္ဒရာ သဲလုံးတမျှ များပြားလှသည့် ထိုသူတို့ သည် ရောဂါ၊ သေခြင်းနှင့်စပ်ဆိုင်သည့် တစ်စွန်းတစ်လက် ကျန်လက္ခ ဏာများနှင့်အတူ ထမြောက်လာကြပါသည်။ ပထမထမြောက်ခြင်း တွင်ပါဝင်သူများနှင့်ကွာခြားလှပါတကား။GCBur 722.1

    ထိုသူအပေါင်းတို့သည် ဘုရားသခင့်သားတော်၏ဘုန်းကို ဖူးမြော်ကာ “ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိ စေသော” ဟု ညီညီညာညာကြွေးကြော်ကြပါသည်။ မဿဲ ၂၃:၃၉။ မေတ္တာ၏လှုံ့ဆော်မှု ကြောင့်မဟုတ်ဘဲ အမှန်တရား၏စေ့ဆော်မှု ကြောင့် ဆန္ဒမရှိသောနှုတ်ခမ်းများ ထဲမှ ထိုစကားလုံးများဖွင့်ဟလာ ခြင်းဖြစ်သည်။ သူတို့သည် သေပွဲဝင်ခဲ့စဉ်က နည်းတူ ပုန်ကန်ခြားနား လိုသောစိတ်၊ ခရစ်တော်ကိုရန်ငြိုးဖွဲ့လိုသော ဆန္ဒများဖြင့် နိုးထလာ ကြပါသည်။ အတိတ်ဘဝကိုကုစားပေးနိုင်မည့် အသစ်သောကရုဏာ ကာလကို ၎င်းတို့ခံစားခွင့်မရှိချေ။GCBur 722.2

    “ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့အရှေ့သံလွင် တောင်ပေါ် မှာရပ်၍ သံလွင်တောင်သည် အလယ်၌ကွဲလေ၏။” ဇာခရီ ၁၄:၄။ အသင့်ပြင်ဆင်ထားသည့် ထိုနေရာတွင် ယေရုရှလင်မြို့ သစ်ကြီး ဆင်းသက်လာရာ ခရစ်တော်သည် ကိုယ်တော်၏လူများ၊ ကောင်းကင်တမန် များနှင့်အတူ သန့်ရှင်းသောမြို့တော်ထဲသို့ ဝင် တော်မူ၏။GCBur 722.3

    လှည့်ဖြားခြင်းအမှုကိုမလုပ်နိုင်အောင် ဖြတ်တောက်တားဆီး ခြင်း ခံထားရသည့် စာတန်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသော် လည်းသန်းနှင့်ကုဋေချီသော မိမိ၏ဘက်တော်သားလူယုတ်မာများ ထမြောက် လာသည်ကိုတွေ့ရသောအခါ ၎င်း၏မြော်လင့်ချက်များမှာ ပြန်လည်အသက်ဝင် လာပါသည်။ မဟာတိုက်လှန်ပွဲတွင် အရှုံးမပေး ဖို့လည်း သူဆုံးဖြတ်လိုက်ပါသည်။ သူသည် ထိုသူအပေါင်းကို မိမိ၏ အလံအောက်တွင် ထိန်းကွပ်ပါလိမ့်မည်။ ခရစ်တော်ကို ငြင်းပယ် ထားသည့် ထိုလူယုတ်မာအပေါင်းတို့သည် စာတန်အားခေါင်းဆောင် အဖြစ်လက်ခံ ထားကြပြီးဖြစ်ရာ အမိန့်ပေးသမျှကို လိုက်နာရန် အဆင် သင့်ရှိနေကြပါသည်။ GCBur 723.1

    သို့စေကာမူ သူသည် ကလိန်ကကျစ်လုပ်တတ်သည့် မူလ ထုံးစံအတိုင်း မိမိကိုယ်ကို စာတန်ဖြစ်သည်ဟု အသိအမှတ်မပြုဘဲ မိမိ သည် အမွေဆက်ခံ ပိုင်ခွင့်များကို မတရားအလုယူခံရသော ဤကမ္ဘာ ကြီးကိုပိုင်ဆိုင်သူအစစ် ဖြစ်ကြောင်း ဖွင့်ဆိုပါသည်။ မိမိတန်ခိုးဖြင့် ရှင် ပြန်ထမြောက်စေခဲ့သယောင် ထိုသူများအား သူဖွင့်ဆိုလျက် ကယ် တင်ရှင်တစ်ပါးပမာ ကိုယ့်ကိုကိုယ် ပုံဖော်နေပါသည်။ စာတန်သည် အားနည်းသူများအား အားကြီးစေလျက် သန့်ရှင်းသောထိုမြို့တော်ကို သိမ်းပိုက်ရန် လမ်းပြဖို့ ၎င်းတို့အားလုံးကို အားဖြည့်ပေးနေပါသည်။ မရေမတွက်နိုင်အောင် များပြားလှသည့်ထိုသူများကို လက်ညှိုးထိုး လျက် မိမိသည် လက်လွတ်.................................................... ဆုံးရှုံးခဲ့ရသော နိုင်ငံတော်နှင့်တကွ အုပ်ချုပ်မှုအာဏာကို ပြန်လည် ရ ယူနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သူကြေညာနေပါသည်။GCBur 723.2

    ထိုလူအုပ်ကြီးထဲတွင် ရေမလွှမ်းမီကာလတွင် အသက်ရှင် နေထိုင်ခဲ့ ကြသည့် ဖိုးသက်ရှည်၊ ဖွားသက်ရှည်များပါဝင်ပါသည်။ ခန္ဓာကိုယ်ကြီးမား ထွားကျိုင်းသလို အသိဉာဏ်မြင့်မားသည့် ပုဂ္ဂိုလ်များ၊ လူအများက ဘုရားကဲ့သို့ ကိုးကွယ်လာသည်အထိ ထူးဆန်းသော အရာများကို တီထွင်ခဲ့သူ များလည်းပါဝင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ရက်စက်ယုတ်မာ၍ မကာင်းမှုနှင့်ပြီးသောတီထွင်မှုများ ကြောင့် ဘုရားသခင်သည် ၎င်းတို့အား ကမ္ဘာလောကမှပယ်ရှင်းတော် မူခဲ့ပါသည်။ တစ်ခါမျှစစ်မရှုံးဖူးသည့် ဘုရင်ကြီးများနှင့် ဗိုလ်ချုပ်များ လည်း ထိုထမြောက်သူများထဲတွင် ပါဝင်နေပါသည်။ ဤအတွေ့အ ကြုံများသည် သေခြင်းကြောင့် ပြောင်းလဲခြင်းမရှိခဲ့ရာ။ ၎င်းတို့ သေဆုံး သောအချိန်တွင် ၎င်းတို့အား အောင်ပွဲဆင်ခဲ့သူများအပေါ် အောင်ပွဲ ဆင်လိုသောဆန္ဒများဖြင့် သူတို့ထမြောက်လာခဲ့ကြပါသည်။GCBur 724.1