Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဒုတိယကောင်းကင်တမန်သတင်းစကား

    ဗျာဒိတ်ကျမ်း ၁၄ တွင် ပထမကောင်းကင်တမန်ကြွေးကြော် ပြီးသည့်နောက် ဒုတိယကောင်းကင်တမန်က “ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသောမေထုတ်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန် မြို့ကြီးပြိုလဲပြီ” ဟု ဆက်တိုက်ကြွေးကြော်ခဲ့ပါသည်။ ဗျာ၊ ၁၄:၈။ ဗာဗုလုန်၏ အနက်ကား ရှုပ်ထွေးခြင်းဖြစ်၏။ သမ္မာကျမ်းစာတွင် ဗာဗုလုန်ဟူသော အသုံးအနှုန်းကို မှားယွင်းလမ်းလွှသော ဘာသာအယူဝါဒများအတွက်လည်း သုံးပါသည်။ GCBur 407.3

    ဗျာ၊ ၁၇ တွင် ဗာဗုလုန်ဆိုသည့်စကားရပ်သည် အမျိုးသမီး တစ်ဦးကို ကိုယ်စားပြုထားပါသည်။ သမ္မာကျမ်းစာတွင် အမျိုးသမီးကို အသင်းတော်၏ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း အသုံးပြုပါ သည်။သီလနှင့် ပြည့်စုံသောမိန်းမသည် စင်ကြယ်သောအသင်းတော်ကို ပုံဆောင်၍ ဆိုးညစ်သောမိန်းမမှာ မှားယွင်းသောအသင်းတော်ကို ပုံဆောင်ထားပါသည်။GCBur 408.1

    သမ္မာကျမ်းစာတွင် ခရစ်တော်နှင့်ကိုယ်တော်၏ အသင်းတော် အကြား ဆက်နွှယ်မှုကို မင်္ဂလာဆောင်ခြင်းနှင့်ပုံဆောင်ပါသည်။ “ငါ သည် ကိုယ်အဖို့ သင့်ကိုအစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း -----နှင့်အညီ ကိုယ်အဖို့သင့်ကို သိမ်းယူမည်။” GCBur 408.2

    “ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသောသတို့သမီးကညာ ကဲ့သို့ ခရစ်တော်အားဆက်ဆံသောငှာ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်း မြားဆောင်နှင်းပြီးဖြစ်သည်။” ဟောရှေ ၂:၁၉။ ၂ကော၊ ၁၁:၂။GCBur 408.3