Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တပ်ချစောင့်ကြပ်သူကောင်းကင်တမန်များ

    “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်း ကင် တမန်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏” ဟု ခရစ်တော် မိန့်တော် မူသည့်အတိုင်း ယုံကြည်သူတစ်ဦးစီအတွက် ကောင်းကင် တမန်တစ်ပါးစီကို ခန့်ခွဲထားတော်မူသည်။ “သူတို့၏ ကောင်းကင် တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဖ၏ မျက်နှာတော် ကို အစဉ်မပြတ်ဖူးမြင်ကြ၏။” ဆာလံ ၃၄:၇။ မဿဲ ၁၈:၁၀။ မအိပ် မနေဒုက္ခပေးရန် ကြိုးစားနေသော စာတန်၏ အန္တရာယ်ရှိနေသော သားသမီးများကို မနားမနေစောင့်ကြပ်နေသည့် ကောင်းကင်တမန် များအားဖြင့် ထာဝရဘုရားကွယ်ကာတော်မူ၏။ အဘယ်ကြောင့် ဆိုသော် လူသားများရင်ဆိုင်ရမည့် မကောင်းဆိုးရွားများသည် ထုနှင့် ထယ်နှင့်များပြားရုံသာမက စိုက်လိုက်မတ်တတ် မမောတမ်း မပန်း တမ်းအန္တရာယ် ပေးသောကြောင့်ဖြစ်သည်။GCBur 556.1

    ထိုမကောင်းဆိုးရွားကောင်းကင်တမန်များသည် ဖန်ဆင်းပြီး ခါစအချိန်တွင် ဘုရားသခင့်ရှေ့မှောက်၌ ယခုခစားနေသော ကောင်း ကင်တမန် များကဲ့သို့ပင် အပြစ်အနာအဆာကင်းပြီး ဘုန်းတန်ခိုးရှိ သူများဖြစ်ကြသည်။ သို့ရာတွင် အပြစ်တွင်ကျဆုံးပြီးသည့်နောက် ပိုင်းတွင် ဘုရားသခင်၏ အသရေကိုရှုတ်ချရန်နှင့် လူသားများကို ဖျက်ဆီးရန် ၎င်းတို့အချင်းချင်း ပူးပေါင်းမိလာရုံသာမက ဘုရားသခင် ကိုဆန့်ကျင်၍ ပုန်ကန်ခြားနားရန် စာတန်နှင့်ပူးပေါင်းခဲ့ကြပါသည်။GCBur 557.1

    ဓမ္မဟောင်းကျမ်းတွင် ထိုမကောင်းဆိုးရွားများ၏ တည်ရှိ မှုအကြောင်းကိုဖေါ်ပြထားပါသည်။ သို့ရာတွင် လောက၌ ခရစ်တော် အသက်ရှင် စဉ်တွင် ထိုနတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ထင်ထင် ရှားရှားတွေ့ရ ပါသည်။ ခရစ်တော်သည် လူသားများကိုကယ်တင်ရန် ကြွလာခဲ့သော်လည်း စာတန်မှာမူ ကမ္ဘာကြီးကိုထိန်းချုပ်ထားဖို့ ကြိုးစားလုပ်ဆောင်ခဲ့သည်။ GCBur 557.2

    ပါလစ်စတိုင်းမှလွဲ၍ ကမ္ဘာအနှံ့တွင် ရုပ်တုကိုးကွယ်မှုကို သူတည်ထောင်နိုင်ခဲ့သည်။ ခရစ်တော်သည် စာတန်နောက်သို့ လုံးလုံး ကြီးလိုက်မသွားသေးသည့် ထိုတစ်ခုတည်းသောဒေသသို့ကြွလာကာ ကိုယ်တော်၌ အပြစ်လွှတ်ခြင်းနှင့် ငြိမ်သက်ခြင်းများကို လူသားများ ရှာကြရန် မေတ္တာဖြင့်လက်ကမ်းကြိုဆိုခဲ့ ပါသည်။ ခရစ်တော်၏ အမှု တော်အောင်မြင်သွားမည်ဆိုလျှင် မိမိတို့၏ အုပ်ချုပ်မှုအဆုံးသတ်သွား တော့မည်ကို စာတန်သိထားပါသည်။GCBur 557.3

    နတ်ဆိုးစွဲသောလူများအကြောင်းကို ဓမ္မသစ်ကျမ်းတွင် ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ ဂါဒရပြည်မှ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကို ကျောက်စောင့်နှင့်စူးရှစေလျက်၊ အော်ဟစ်ဒေါသထွက် လျက် အမြှုပ်များ ထွက်လျက် ကိုယ့်ကိုကိုယ်ဒုက္ခပေးရုံသာမကGCBur 557.4

    သူတစ်ပါးအားလည်း အန္တရာယ်ပြုလျက်ရှိသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် သဘာဝအလျောက် ရောဂါဝေဒနာခံစားနေရခြင်းမ ဟုတ်ဘဲ ၎င်းအား မကောင်းသောဝိညာက်က စိုးမိုးချုပ်ကိုင်ထားခြင်း ကြောင့်ဖြစ်သည်ကို ခရစ်တော်သိတော်မူသည်။ ၎င်းတို့၏ သွေးထွက် သံယို၊ ပုံပျက်ပန်းပျက်၊ စိတ်ဂယောက်ဂယက်ဖြစ်နေသည့် အခြေအနေ သည် စာတန်သဘောကျသော မြင်ကွင်းတစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ သော ဒုက္ခရောက်နေသူများအား ထိန်းချုပ်ထားသည့် နတ်ဆိုးများ တွင် “လေဂေါင်” လည်းအပါ အဝင်ဖြစ်ပါသည်။ GCBur 558.1

    (မာကု ၅:၉) ရောမစစ်တပ်တွင် လေဂေါင်ဟုခေါ်သည့် တပ်ဖွဲ့ တစ်ဖွဲ့တွင် စစ်သား ၃၀၀၀ မှ ၅၀၀၀ အထိပါဝင်ပါသည်။ ခရစ်တော် ၏အမိန့်တော်ကြောင့် ထိုလေဂေါင်ဟုခေါ်သည့် နတ်ဆိုးအုပ်ကြီး သည်ထိုလူသား များထံမှ ထွက်သွားသောအချိန်တွင် ထိုလူသည် မူလကအခြေအနေအတိုင်း အကောင်းပကတိဖြစ်သွားခဲ့ပါသည်။ သို့ရာတွင် ထိုနတ်ဆိုးအုပ်သည် ဝက်အုပ်ထဲသို့ဝင်ကြသဖြင့် ထိုဝက် တို့သည် ရေနစ်သေဆုံးကုန်ကြသည်။ GCBur 558.2

    ဤတွင် ဂါဒရသားများသည် ခရစ်တော်ပေးခဲ့သည့် ကောင်း ချီးမင်္ဂလာများ အစား ဆုံးရှုံးမှုများကိုသာ တွေ့မြင်ကာ ကိုယ်တော်အား ၎င်းတို့နယ်မှ ထွက်သွားပေးရန် တောင်းပန်ကြ၏။ မဿဲ ၈:၂၂-၃၄။ ဆုံးရှုံးမှုများကို ခရစ်တော်အပေါ်သတ္တုချကာ စာတန်သည် ထိုသူ များအား အတ္တစိုးရိမ်မှုများကို ဖြစ်ပေါ်စေပြီး ခရစ်တော်၏ နှုတ်တော် ထွက်စကားများကို မနာကြားအောင် တားဆီးခဲ့ပါသည်။GCBur 558.3

    ခရစ်တော်သည် မသန့်ရှင်းသောတိရစ္ဆာန်များကို မွေးမြူခြင်း ဖြင့် စီးပွားရှာနေသောဂျူးလူများကို ဆုံးမသည့်အနေဖြင့် ထိုနတ်ဆိုး များကို ဝက်အုပ်ထဲသို့ဝင်ခွင့်ပေးတော်မူခဲ့ပါသည်။ အကယ်၍သာ ခရစ်တော်က အဟန့်အတားလုပ်မပေးခဲ့ပါလျှင် ထိုနတ်ဆိုးများ သည်ဝက်များ ကိုသာမက ဝက်ပိုင်ရှင်များကိုပင် ရေနစ်သေဆုံးစေ ခဲ့ပါလိမ့်မည်။GCBur 558.4

    ၎င်းပြင် လူနှင့်တိရစ္ဆာန်တို့အပေါ်တွင်ထားသည့် စာတန်၏ ရက်စက်သောစိတ်ဓါတ်ကို တပည့်တော်များသဘောပေါက်ကာ ၎င်း ၏ဖြားယောင်းမှုများမှ ရှောင်ရှားနိုင်စေရန်အတွက်လည်း ဤအဖြစ် အပျက်ကို ကိုယ်တော်ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စာတန်၏ အနှောင်အဖွဲ့ကို ချိုးဖျက်ကာ လူသားများအား လွတ်လပ်ခွင့်ပေးနိုင် သည့် မိမိ၏တန်ခိုးတော် ကိုလည်း တပည့်တော်များအား မြင်တွေ့ စေလိုတော်မူသည်မှာ အကြောင်းရင်း များ၌ တစ်ခုအပါအဝင်ဖြစ် သည်။ ခရစ်တော်သည် ထိုနေရာမှထွက်ခွာသွားခဲ့ သော်လည်း နတ် ဆိုး၏ ဖိစီးမှုက ကင်းလွတ်ခွင့်ရခဲ့သူများမှာ ကိုယ်တော်၏ ကရုဏာ တော်ကို ဖွင့်ဟချီးမွမ်းနေဆဲဖြစ်ပါသည်။GCBur 559.1

    နတ်ဆိုးစွဲနေသောရှုရိဖိနိတ်ပြည်သူတစ်ဦးအား ခရစ်တော် နတ်ဆိုးနှင် ထုတ်ပေးခဲ့သည်ကိုလည်းကောင်း (မာကု ၇:၂၆-၃၀)၊ မိမိကိုယ်ကို “သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်” သည်။ နတ်ဆိုးစွဲနေသောလူငယ်တစ်ဦး ထံမှနတ်ဆိုးနှင်ထုတ် ပေးခဲ့သည်ကိုလည်းကောင်း (မာကု ၉:၁၇-၂၇)၊ ဥပုသ်နေ့ကို မငြိမ်မသက် ဖြစ်စေသည့်ကပေရနောင်မှ နတ်ဆိုးစွဲ နေသူထံမှ နတ်ဆိုးနှင်ထုတ်ပေးခဲ့ သည်ကိုလည်းကောင်း (လုကာ ၄:၃၃-၃၆) သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ အဖြစ်အပျက်တိုင်း တွင်နတ်ဆိုးများအား အသိဉာဏ်ရှိသူများကို မိန့်မြွက်သကဲ့သို့ နောင် တွင်မနှောင့်ယှက်တော့ရန် အမိန့်ပေးခဲ့ပါသည်။ ကပေရနောင်မှ “လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဤစကားသည် အဘယ်သို့ သောစကားနည်း။ ညစ်ညူးသောနတ်ဆိုးတို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေး နွေး ပြောဆိုကြ၏။” လုကာ ၄:၃၆။GCBur 559.2

    တချို့ပုဂ္ဂိုလ်များသည် သဘာဝလွန်တန်ခိုးများကို ပိုင်ဆိုင် လိုကြသဖြင့် စာတန်၏ဩဇာကိုခံကြပါသည်။ ထိုကြောင့် ၎င်းတို့ သည်နတ်ဆိုးများနှင့် တိုက်လှန်မှုမရှိပါချေ။ ရှမာရိမှရှိမုန်၊ ပါဖုမြို့မှ နတ်ဝိဇ္ဇာဆရာဧလုမ၊ ဖိလိပိမြို့တွင် ပေါလုနှင့်သိလာတို့နောက်သို့ လိုက်နေသည့် နတ်ဝင်သည်တို့သည် ထိုအဖွဲ့မှ ပုဂ္ဂိုလ်များဖြစ်ကြသည်။ တမန်တော် ၈:၉၊ ၁၈။ ၁၃:၈။ ၁၆:၁၆-၁၈။GCBur 560.1

    စာတန်နှင့်၎င်း၏နတ်ဆိုးများတည်ရှိနေခြင်းကို လက်မခံ သောသူများထက် ပို၍ဘေးရန်ကြီးသောသူမရှိပါချေ။ လူများစွာတို့ သည် မိမိအသိဖြင့် မိမိလုပ်ဆောင်နေသည်ဟု အထင်ရှိစဉ်တွင် ထို နတ်ဆိုးများ၏ အကြံပေးချက်အတိုင်း လုပ်ဆောင်နေကြသည်။ ကမ္ဘာ ကုန်ဆုံးမည့်အချိန်သို့ ချဉ်းကပ်လာသည်နှင့်အမျှ စာတန်သည် လှည့် ဖြားခြင်းလုပ်ငန်းများကို အသားကုန်ကြိုးစားလုပ်ဆောင်စဉ်တွင် မိမိ တကယ်မရှိဟု နေရာတကာတွင် သတင်းဖြန့်နေပါသည်။ ကိုယ် ယောင်ဖျောက်၍ ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်း၏ဝါဒပင်ဖြစ်ပါသည်။GCBur 560.2

    သူ၏ပရိယာယ်လှည့်ကွက်များကို ကျွန်ုပ်တို့သိသွားမှာကို တော့စာတန်စိုးရိမ်ပါသည်။ ဇာတိရုပ်မှန်ကိုဖုံးကွယ်ရန် မိမိကိုယ်ကို ရယ်စရာအသွင် (ဝါ) ရွံစရာအသွင်သဏ္ဌာန်များဖြစ်ပေါ်အောင် သူဖန်တီးလေ့ရှိပါသည်။ သူ့အားကိုယ်စားပြုသည့်ပုံများအား လူ တစ်ဝက်၊ တိရစ္ဆာန်တစ်ဝက်ပုံများဖြင့် ကိုယ်စားပြုသည်ကို သူသ ဘောကျသည်။ သူ့နာမည်ကို အားကစားနှင့် ရယ်စရာများတွင် အသုံးပြုသည်ကိုလည်း စာတန်သဘောကျသည်။ အကြောင်းမှာ “စာတန်ဆိုတာ တကယ်ရှိလို့လား” ဟူသောမေးခွန်းကို နေရာတကာ တွင် မေးလာသည်အထိ သူသည် မိမိကိုယ်ကိုရုပ်ဖျောက်လိုပါသည်။ ၎င်း၏ လျှို့ဝှက် အင်အားများကို နှုတ်ကပတ်တော်ကဖေါ်ပြထားပါ သည်။ GCBur 560.3

    ထိုအရာများကို ဂရုမထားသူများ၏ စိတ်နှလုံးများအား စာ တန်သည် လျင်မြန်စွာထိန်းချုပ် နိုင်သောကြောင့် ကျွန်ုပ်တို့သည် အကာ အကွယ်များအောက်တွင် နေထိုင် အသက်ရှင်ကြရပါမည်။GCBur 561.1

    ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ တန်ခိုးတော်တွင် အကာ အကွယ်နှင့် ကယ်လွှတ်ခြင်းကို တွေ့နိုင်ကြပါသည်။ သူခိုးဓါးပြများ ရန်မှမိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် မိမိတို့၏ အိမ်များကို တံခါးမင်းတုပ်ချ၊ သော့ခတ်လေ့ရှိကြသော်လည်း နတ် ဆိုးများ၏ဘေးရန်မှ ကိုယ့်ကိုကိုယ်ကာကွယ်ရန် မိမိတို့၌တန်ခိုးမရှိ ကြောင်းကို ကျွန်ုပ်တို့စဉ်းစားမိ ခဲ့ပါသည်။ ထိုနတ်ဆိုးများသည် အခွင့် ပေးခဲ့ပါလျှင် ကျွန်ုပ်တို့၏ ကိုယ်စိတ် နှလုံးသုံးပါးအပါအဝင် အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးပစ်နိုင်ကြပါသည်။ သို့ရာတွင် ခရစ်တော်၏ နောက်တောင်ပါးတွင် လျှောက်လိုက်နေသူများသည် ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် လုံခြုံကြပါသည်။ ထိုနတ်ဆိုးများထက် တန်ခိုးခွန်အားနှင့်ပြည့်စုံသောကင်းကင်တမန်များကို စေလွှတ် ကာနောက်လိုက်တပည့်များအား ခရစ်တော်ကွယ်ကာတော်မူပါ သည်။ သားသမီးများ၏ ပတ်လည်၌တပ်ချကာကွယ်နေသော အ စောင့်ကောင်းကင် တမန်များကို ထိုနတ်ဆိုးများက ထိုးဖေါက်ချေမှုန်း နိုင်စွမ်းမရှိကြပါချေ။GCBur 561.2

    *****