Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောက်စဘတ်မှလွတ်မြောက်သွားခြင်း

    အောက်စဘတ်တွင်ဆက်နေလျှင်လည်း အကျိုးထူးမည် မ ဟုတ် သောကြောင့် ဝစ်တင်းဘတ်သို့အမြန်ပြန်ရန် မိတ်ဆွေများက တိုက်တွန်းခဲ့ကြ ပါသည်။ သတိဝီရိယရှိဖို့၊ မိတ်ဆွေများက တိုက်တွန်း ခဲ့ကြသည်။ ထိုကြောင့် လူးသာသည် တရားသူကြီးတစ်ဦးက စီစဉ် ပေးသောလမ်းပြတစ်ဦးနှင့်အတူ မိုးမလင်းမီ မြင်းစီးပြီး အောက်စ ဘတ်မြို့မှ ထွက်ခွာခဲ့ပါသည်။ GCBur 132.3

    သူသည် ထိုမြို့တော်၏ အမှောင်ထုဖုံးလွှမ်းနေသော လမ်းများ အတိုင်း လျှို့ဝှက်စွာခရီး နှင်ခဲ့ရပါသည်။ ရက်စက်ကြမ်းကြုတ်၍ နိုးနိုး ကြားကြားရှိသော ရန်သူများသည် သူ့အား…………………………. သုတ်သင်ပစ်ရန် ကြိုးစားနေကြသည်။ ထိုအချိန်များသည် စိတ်ပူစ ရာကောင်းသလို ဆုတောင်းခြင်းအားဖြင့် အသက်ရှင်ရသည့်အချိန် လည်း ဖြစ်သည်။ သူတို့သည် မြို့တော်၏ အဝင်အထွက်တံခါးသို့ ရောက်ရှိသွားရာ ပွင့်နေသည်ကိုတွေ့ရသဖြင့် ဖြတ်ကျော်ခဲ့ပါသည်။ လူးသာထွက်ခွာသွားကြောင်း ထိုသံတမန်သိရှိသောအချိန် မတိုင်မီ မှာပင် သူတို့သည် ရန်သူများ လက်လှမ်း မမီသောနေရာသို့ ရောက်ရှိ သွားကြလေပြီ။GCBur 132.4

    ထိုသံတမန်သည် လူးသာလွတ်မြောက်သွားခြင်းသတင်း ကြောင့် အံ့အားသင့်သွားသကဲ့သို့ ဒေါသလည်းထွက်သည်။ အသင်း တော်ကို ဒုက္ခပေးနေသည့် ဤပုဂ္ဂိုလ်အပေါ် လုပ်ဆောင်ရာတွင် ဖေါ်ပြ ခဲ့သော မိမိ၏ မဆုတ်မနစ်ဆောင်ရွက်ခြင်းအတွက် ဂုဏ်ပြုခံရမည်ဟု သူမျှော်လင့် ထားခဲ့သည်။ သို့နှင့် လူးသာအား ရောမကိုပြန်ပို့နိုင် လျှင် ပြန်ပို့ပေးပြီး မပို့နိုင်ပါလျှင် ဆက္ကဆိုနီပြည်နယ်မှ နှင်ထုတ်ပေးပါရန် ဆက္ကဆိုနီ အုပ်ချုပ်ရေးမှူး ဖရက်ဒရစ်ထံ သူစာရေးအကြောင်းကြား လိုက်ပါသည်။GCBur 133.1

    ထိုအချိန်တွင် ထိုအုပ်ချုပ်ရေးမှူးသည် လူးသာ၏ယုံကြည် ချက်များကို များများစားစားမသိရှိသေးသော်လည်း လူးသာဟော သောတရားစကားများ၏ ရှင်းလင်းမှုနှင့် တန်ခိုးပါမှုများကြောင့် ဘာ သာရေးပြုပြင်ပြောင်းလဲရေး ဘက်တွင် စိတ်ဝင်စားနေသူဖြစ်သည်။ လူးသာ၏အမှားကိုထောက်မပြနိုင်သမျှ ကာလပတ်လုံး လူးသာအား အကာအကွယ်ပေးရန် ဖရက်ဒရစ်ဆုံးဖြတ်ထား ပါသည်။ ထိုကြောင့် “ဒေါက်တာမာတင်သည် အောက်စဘတ်သို့ လာရောက် ရှင်းပြပြီးဖြစ် သဖြင့်လူကြီးမင်းအနေဖြင့်ကျေနပ်သင့်ပါပြီ။ သူ့ကို အမှားထောက် မပြနိုင်ဘဲ နောက်ဆုတ်အလျှော့ပေးရန် လူကြီးမင်းကြိုးစားလိမ့်မယ် လို့လည်း ကျွန်ုပ်တို့မျှော်လင့်မထားပါ။ GCBur 133.2

    မာတင်၏ ယုံကြည်ချက်များသည် ဘုရားတရား မဲ့ခြင်း၊ ခရစ်ယာန်မဆန်ခြင်း (သို့မဟုတ်) ဘာသာရေးဖေါက်ပြန်ခြင်းများနှင့် ပြည့်စုံသည်ဟုလည်း ကျွန်ုပ်၏နယ်အတွင်းရှိ မည်သည့်ပညာရှိများ ကမှကျွန်ုပ်အား သတင်းပေးခြင်း မရှိခဲ့ပါ” ဟု ဖရက်ဒရစ်က သံတမန် ကြီးထံ ပြန်လည်ရေးသား အကြောင်းကြားခဲ့ပါသည်။ ပြုပြင်ပြောင်း လဲမှုလိုအပ်ကြောင်း မြင်တွေ့ထားသည့် အုပ်ချုပ်ရေးမှူးသည် အသင်း တော်တွင် မာတင်လူးသာ၏ ဩဇာသက်ရောက်မှုများ ပိုမိုကျယ်ပြန့် လာသည့် အတွက်လည်း ကြိတ်ပြီးဝမ်းသာနေပါသည်။GCBur 134.1

    ဝစ်တင်းဘတ်ရှိ ရဲတိုက်ဘုရားကျောင်း၌ စာတမ်းများကို ကပ်ပြီးသည့်နောက် တစ်နှစ်ခန့်သာရှိသေးသည့်အချိန်တွင် မာတင် လူးသာ၏ စာများကြောင့် နေရာတိုင်းတွင် သမ္မာကျမ်းစာကို စိတ်ဝင် စားလာကြပါသည်။ GCBur 134.2

    ဂျာမနီပြည်နေရာအနှံ့မှ ကျောင်းသားများအပြင် တိုင်းနိုင်ငံ အရပ်ရပ်မှ ကျောင်းသားများသည် ဝစ်တင်းဘတ်တက္ကသိုလ်ကြီးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည့် လူငယ်တစ်ဦးမှာ “လက်ကို ကောင်းကင်သို့မြှောက်ကာ ထိုမြို့မှနေ၍ ဖြောင့်မတ် ခြင်းတရားအလင်းများကို ထွန်းလင်းပေးသည့်အတွက် ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။GCBur 134.3

    လူးသာသည် ထိုအချိန်အထိ ရောမအသင်းတော်၏ မှားယွင်း မှုများမှ တစ်ဝက်တစ်ပျက်ကိုသာ ပြောင်းလဲနိုင်ခဲ့ပါသေးသည်။ သို့ရာတွင်သူက “ကျွန်ုပ်သည် ရဟန်းမင်း၏ ဆင့်ဆိုချက်အမိန့်…. များကိုဖတ်လျက်ရှိပါတယ်။ ရဟန်းမင်းဟာ အန္တီခရစ်လား၊ ခရစ် တော်ရဲ့ တမန်တော်လားဆိုတာကိုလည်း ကျွန်ုပ်မသိဘူး။ ဒါပေမယ့် ခရစ်တော်ကိုတော့ အကြီးအကျယ် မှားယွင်းစွာရုပ်လုံးဖေါ်နေတယ်” ဟု ရေးသားခဲ့ဖူးသည်။GCBur 134.4

    ရောမအသင်းတော်သည် လူးသာ၏ တိုက်ခိုက်ပြောဆိုမှုများ ကြောင့် ပို၍ဒေါသထွက်လာသည်။ လူးသာကိုသတ်သည့် ပုဂ္ဂိုလ်၌ အ ပြစ်ရှိမည် မဟုတ်ဟု ကာတိုလိတ်တက္ကသိုလ်မှ တစ်ယူသန်ပြိုင် ဘက်ပါရဂူများက ကြွေးကြော်ခဲ့ကြသည်။ သို့ရာတွင် ထာဝရဘုရားသ ခင်သည် လူးသာ၏ အကာအကွယ် ဖြစ်တော်မူ၏။ GCBur 135.1

    သူ၏ ယုံကြည်ချက်များကို တဲအိမ်များ၌လည်းကောင်း၊ အမျိုး သမီးကျောင်းများ၊ ဂုဏ်သရေရှိလူကြီးများ၏ရဲတိုက်များ၊ တက္ကသိုလ် များနှင့် ဘုရင့်နန်းတော်များ၌လည်းကောင်း နေရာအနှံ့တွင် ကြား သိခဲ့ကြရပြီ။GCBur 135.2

    ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်ဟူသော အမှန်တရားကို ဘူဟီးမီးယားမှ ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ဟပ်စ် စွဲကိုင်ခဲ့သည်ကို ဤအချိန်လောက်တွင် လူးသာသဘောပေါက်ခဲ့သည်။ “ပေါလုတို့၊ ဩဂတ်စတင်းတို့အပါအဝင် ကျွန်ုပ်တို့အားလုံးဟာ ဟတ်ဆိုက်များ ဖြစ်တယ်ဆိုတာကို မသိခဲ့ကြဘူး။ ဒီအမှန်တရားကို နှစ်ပေါင်းတစ်ရာလောက် ကတည်းက ဟောကြားခဲ့ပြီး ဟောတဲ့ လူလည်း မီးရှို့အသတ်ခံခဲ့ရပြီ” ဟု လူးသာပြောဆိုခဲ့သည်။GCBur 135.3

    “တက္ကသိုလ်ကျောင်းကြီးများဟာ သမ္မာကျမ်းစာကို ကြိုး စားပြီးရှင်းလင်းသင်ကြားမှုမပြုရင်၊ လူငယ်တွေရဲ့ နှလုံးသားထဲ၌ သမ္မာ တရားအလင်းကို မထည့်သွင်းနိုင်ရန် အဲဒီကျောင်းတွေဟာ ငရဲပြည် ရဲ့မဟာဂိတ်တခါးကြီးတွေ ဖြစ်လာကြလိမ့်မယ်။ နှုတ်ကပတ်တော်ကို မနားမနေကြိုးစားရှာဖွေလေ့ကျက်မှုမရှိတဲ့ ကျောင်းတိုင်းဟာ ဖေါက်ပြန်ပျက်စီးလာလိမ့်မယ်” ဟု တက္ကသိုလ် ကျောင်းများကို လူးသာစာရေးအကြောင်းကြားခဲ့ပါသည်။GCBur 135.4

    ဤတောင်းဆိုချက်ကို ဂျာမနီပြည်အနှံ့ရှိ တက္ကသိုလ်များသို့ ပို့ ခဲ့ရာ တစ်နိုင်ငံလုံးတွင် လှုပ်ရှားသွားပါသည်။ သူ့အား ထိထိရောက် ရောက် အရေးယူရန် ရဟန်းမင်းအား သူ့ပြိုင်ဘက်များက တိုက်တွန်း ခဲ့ကြပါသည်။ သို့ဖြင့် ၎င်း၏ယုံကြည်ချက်များကို ချက်ချင်းရှုတ်ချ ကြောင်း အမိန့်ထုတ်ပြန်ကာ လူးသာနှင့်တကွ ၎င်း၏ နောက်လိုက် များအား အကယ်၍ နောင်တမရကြလျှင် အသင်းတော်မှ ကြဉ်ထားရန် အမိန့်ထုတ်လိုက်ပါသည်။GCBur 136.1