Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သေတွင်းမှလွတ်မြောက်သွားသောဝက်စလေ

    ဩဇာအာဏာရှိသူများသည် လူအများကိုဒုက္ခပေးရန် ထို အာဏာ တန်ခိုးများကို အသုံးပြုခဲ့ကြသည်။ ဂိုဏ်းချုပ်များစွာတို့သည် အကြမ်းနည်းကို အသုံးပြုကာ ၎င်းတို့၏အသင်းတော်ထဲသို့ ဖြူစင် သောယုံကြည်ခြင်း ဝင်မလာနိုင်အောင် တားဆီးခဲ့ကြပါသည်။ တရား ဟောစင်မြင့်ပေါ်မှနေ၍ ထိုယုံကြည်ခြင်းကို လူသိရှင်ကြားငြင်းဆို နေကြသည်။ ထိုဂိုဏ်းချုပ်များသည် ဒုစရိုက်မှောင်မိုက်၏သားကောင် များကို နှိုးဆွခဲ့ကြပါသည်။ GCBur 270.1

    ဝက်စလေသည် ဘုရားသခင်၏ ကရုဏာတော်ဆိုင်ရာ နိမိတ် လက္ခဏာပြမှုကြောင့် သေတွင်းမှ အဖန်ဖန်လွတ်မြောက်ခဲ့ပါသည်။ လွတ်လမ်းမရှိတော့ဟု ထင်ရသည့် အချိန်မှာပင် လူပုံသဏ္ဌာန်ရှိ ကောင်းကင်တမန်တစ်ပါးသည် သူ့နံဘေးသို့ ရောက်လာကာ လူအုပ် ကြီးအား တွန်းလှန်တိုက်ခိုက်လျက် ဝက်စလေအား အန္တရာယ်စက် ကွင်းအတွင်းမှ ကယ်နုတ်သွားခဲ့ပါသည်။ GCBur 270.2

    “လူပေါင်းများစွာတို့ဟာ ကျွန်တော်ရဲ့အင်္ကျီကော်လာနဲ့ အ င်္ကျီတွေကိုဆွဲပြီး ကျွန်တော့်ကိုဆွဲလှဲဖို့ကြိုးစားကြပေမယ့် တစ်ယောက် သာ အဲဒီအင်္ကျီတစ်ခြမ်းဟာပြဲပြီး သူ့လက်ထဲမှာပါသွားတယ်။ ဘဏ်ငွေစုထုတ်စာရွက်ထည့်ထားတဲ့ အိပ်ကပ် ရှိနေတဲ့ဝစ္စကုတ် တစ်ခြမ်းကတော့ပြတ်ပြီးကျန်ခဲ့တယ်။ လူဆိုးတစ်ယောက်ဟာ….. ကျွန်တော့်နောက်ကနေ ဝက်သစ်ချသားတင်းပုတ်ကြီးနဲ့ထုတယ်။ အမှန်တော့ အဲဒီတင်းပုတ်နဲ့ တစ်ချက်ထုမိရုံနဲ့ ပွဲပြီးသွားနိုင်ပါတယ်။ ဒါပေမယ့် သူထုလိုက်တိုင်း တစ်ချက်မှမထိဘူး။ ဘာကြောင့်လဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ကိုယ်တိုင်တော့ ဘယ်ဘက်ရောညာ ဘက်ကိုပါ လုံးဝရွှေ့လို့ မရခဲ့ဘူး” ဟု ဒုက္ခဆင်းရဲခြင်းများမှ လွတ် မြောက်လာပုံတချို့ကို ဝက်စလေ ပြောပြဖူးပါသည်။GCBur 270.3

    ထိုခေတ်ထိုအခါက မက်သဒစ်ဘာသာဝင်များသည် ပြောင် လှောင်သရော်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုများကို မကြာ ခဏ ခံခဲ့ကြရသည်။ ဥပမာအားဖြင့်ဖေါ်ပြရလျှင် တစ်ခါက လူထု ကြော်ငြာသင်ပုန်း ပေါ်တွင် စာတစ်စောင်ကိုကပ်ထားသည်။ မက်သ ဒစ်များ၏ အိမ်များကို ချိုးဖေါက်ဖျက်ဆီးကာ ပစ္စည်းများကို လုယူ လိုသူများ မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၌ စုရုံးကြရန် ဆင့် ခေါ်သောစာဖြစ်သည်။ အပြစ်သားများကို အမှန်လမ်းသို့ ပို့ဆောင် ဖို့ကြိုးစားနေခြင်းကို အပြစ်ဟုမှတ်ယူကာ ထိုသူများ အပေါ်စနစ် တကျစီစဉ်ကာ နှိပ်စက်ညှဉ်းပန်းခဲ့ကြပါသည်။GCBur 271.1

    ပညတ်တော်ဆယ်ပါးကို ခရစ်တော်ဖျက်သိမ်းခဲ့သည်ဟုဆိုကာ ပညတ်တော်ကိုစောင့်ရန် ခရစ်ယာန်များ၌ တာဝန်မရှိတော့ဟု သွန် သင်ခြင်း၏ ရလဒ်အဖြစ် ဝက်စလေအချိန်မတိုင်မီကလေးတွင် အင်္ဂ လန်၌ ဝိညာဉ်ရေးကျဆင်းမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ GCBur 271.2

    ဘုရားသခင်က ကယ်တင်ခြင်းပေးရန် ရွေးကောက်ခြင်းခံရသူ များသည် အကျင့်သီလနှင့် ပြည့်စုံသော ဘုရားတရားရှိသည့်အသက် တာအတိုင်း ကျင့်ဆောင်သွားကြမည် ဖြစ်ပြီး ပျက်စီးခြင်းသို့သွားရန် စီရင်ချက်အချခံရသူများသည် ဘုရားသခင်၏ ပညတ်တော်ကို စောင့် ထိန်းနိုင်စွမ်း................................................................................... မရှိပါဟုဆိုကာ လူအများအား ပညတ်တော်စောင့်ရန် တရားဟော ဆရာများ အနေဖြင့် အားပေးပို့မလိုအပ်ကြောင်း တချို့ကဖွင့်ဆို လာကြပါသည်။GCBur 271.3

    “ရွေးချယ်ခြင်းခံရသူများသည် ကျေးဇူးတော်နှင့်တကွ ဘုရား သခင်၏ မျက်နှာသာပေးခြင်းကို မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပါ” ဟူသော တချို့၏ ခံယူချက်များကြောင့် “ဒုစရိုက်မှုများကို သူတို့ ကျူး လွန်လျှင် တောင်မှ အမှန်တကယ်အပြစ်မရှိကြ။ ထိုကြောင့် အကျိုး ဆက်အနေဖြင့်၊ ၎င်းတို့အနေဖြင့် အပြစ်ဝန်ချတောင်းပန်စရာ မလိုသ ကဲ့သို့ နောင်တရစရာလည်းမလိုတော့” ဟု စိုးရိမ်စရာ ခံယူချက်များ ပေါ်ပေါက်လာပါသည်။ ထိုကြောင့် စကြဝဠာတစ်ခုလုံးက အဆိုးရွား ဆုံးအပြစ် ဟုယူဆထားသည့် ဒုစရိုက်မှုဖြစ်စေဦးတော့ ရွေးခြယ်ခြင်း ခံရသူတစ်ဦးက ထိုပြစ်မှုကိုကျူးလွန်ခဲ့လျှင် ဘုရားသခင်၏ မျက်မှောက် တော်တွင် ထိုအရာသည် အပြစ်မဟုတ်ဟု သူတို့ဖွင့်ဆိုလာကြပါသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အား မနှစ်မြို့စေသောအရာကို လည်းကောင်း၊ ပညတ်တော်က တားမြစ်ထားသည့်အရာများကို လည်းကောင်း မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခွင့်ရှိသည်ဟု ယူဆလာကြပါသည်။GCBur 272.1

    အမှန်တရားအတွက် စံတစ်ခုအဖြစ်ရပ်တည်နေသည့် ပညတ် တော်သည် အပြောင်းအလဲ မရှိနိုင်သည့်အရာတော့မဟုတ်ကြောင်း၊ လူ့အဖွဲ့ အစည်းမှ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို လုပ်ရန်လိုအပ် သည်ဟု တင်ပြလာလျှင် ထိုပညတ်ကို ပြောင်းလဲပစ်နိုင် ကြောင်း သွန်သင်ချက်များသည် နောက်ပိုင်းသွန်သင်ချက်များကဲ့သို့ပင် ကြောက်စရာ ကောင်းလှပါသည်။ ထိုအတွေးအခေါ်များကို ဘုရား သခင်၏ ပညတ်တော်ကို ချိုးဖေါက်ရန် အစပျိုးခဲ့သော အပြစ်မဲ့.... သောကောင်းကင်သားများမှ ပုဂ္ဂိုလ်တစ်ဦးက လှုံ့ဆော်အသက်သွင်း ခဲ့ခြင်း ဖြစ်သည်။GCBur 272.2

    လူသားများ၏ အကျင့်စာရိတ္တကို မပြောင်းလဲနိုင်အောင် ခိုင် ခံ့မြဲမြံစေမည့် ဘုရားသခင်၏မိန့်တော်မူချက်ဆိုင်ရာ ယုံကြည်ချက် များကြောင့် လူများစွာတို့သည် ပညတ်တော်ကိုငြင်းပယ်ခဲ့ကြပါသည်။ ဝက်စလေသည် အင်တီနိုမီအာနစ်ဇင်ကို ဦးတည်နေသည့် ထိုယုံကြည် ချက်ကို မဆုတ်မနစ် ဆန့်ကျင်ခဲ့သည်။ “လူအပေါင်းတို့ကို ကယ်တင် တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်း လျက်ရှိ၏။” “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာ တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။ ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့စပ်ကြားမှာ လူဖြစ် သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုကိုယ်စွန့် တော်မူပြီ။” “ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ ကြွလာ လျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သ တည်း။ တိတု ၂:၁၁။ ၁တိ၊ ၂:၃-၆။ ယောဟန် ၁:၉။ လူအပေါင်းတို့ သည်အသက်လက်ဆောင်ကို မိမိအလိုအတိုင်းငြင်းဆန်နေကြသဖြင့် ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးနေကြပါသည်။GCBur 273.1