Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်ရေးဆိုင်ရာနောက်မီးလင်းခြင်း

    လောကီကိစ္စများကိုစိတ်ဝိညာဉ်အပေါ် စိုးမိုးခွင့်ပြုခြင်းအား ဖြင့်ခရစ်တော်အား သစ္စာစောင့်သိမှုမရှိခြင်းသည် လက်ထပ်စဉ်က ပြုထားသည့်ကတိသစ္စာဖေါက်ဖျက်ခြင်းနှင့် အတူတူပင်ဖြစ်ပါ သည်။သခင်ဘုရားထံမှ ဣသရေလများစွန့်ခွာသွားသည့်အပြစ်ကို ဤပုံဆောင်မှု အားဖြင့် တင်ပြထားပါသည်။ GCBur 408.4

    “အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက် သကဲ့သို့ အကယ်စင်စစ် သင်တို့သည် ငါ၌သစ္စာဖျက်ကြပြီ။” “ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ကိုယ်စားလက်ခံ၍ မျောက်မ ထားသောမိန်းမနှင့်တူ၏။” ယေရမိ၊ ၃:၂၀။ ယေဇကျေလ ၁၆:၃၂။GCBur 409.1

    ရှင်ယာကုပ်ကလည်း “မတရားသောမေထုတ်၌မှီဝဲသော ယောက်ျား၊ မိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ် သဟာယဖွဲ့ လိုသောသူသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက် ဖြစ်သည် ကိုမသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့ လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ဟု မိန့်ဆိုပါသည်။ ယာကုပ် ၄:၄။GCBur 409.2

    “ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက် ရွှေ တန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကိုဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့် လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။ GCBur 409.3

    နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာ တို့၏အမိ---ထိုမိန်းမသည် သန့်ရှင်း သူတို့၏အသွေး၊ ယေရှု၏သက်သေခံ တို့၏အသွေးနှင့်ယစ်မူးသည် ကိုငါမြင်၏။” ဗာဗုလုန်သည် “လောကီရှင်ဘုရင် တို့ကို အုပ်စိုး သောမြို့ကြီးဖြစ်သတည်း။ ဗျာ၊ ၁၇:၄-၆၊ ၁၈။GCBur 409.4

    ခရစ်ယာန်နိုင်ငံများမှ ဘုရင်များအပေါ် နှစ်ပေါင်းများစွာ စိုးမိုးထားသည့်တန်ခိုးမှာ ရောမပင်ဖြစ်သည်။ နီမောင်းသောအရောင်၊ ရွှေ၊ ကျောက်မြတ်များနှင့် ပုလဲရတနာများသည် မာနထောင်လွှား နေသော ရောမက မြတ်နိုးသည့်ကြီးကျယ်ခမ်းနားမှုများဖြစ်သည်။ သန့်ရှင်းသူများ၏အသွေးနှင့် ယစ်မူးသည်ဟုဆိုရာတွင် ခရစ်တော်၏ နောက်လိုက်များကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ထိုအသင်းတော် မှတစ်ပါး အခြားမည်သည့် တန်ခိုးအာဏာကျမျှ မဖြစ်နိုင်ပါချေ။GCBur 410.1

    လောကီရှင်ဘုရင်များနှင့် မမှန်ကန်သောနည်းအားဖြင့် ဆက် နွှယ်နေကြောင်းလည်း ဗာဗုလုန်အား စွပ်စွဲထားပါသည်။ ယုဒအ သင်းတော်သည် သခင်ဘုရား၌ သစ္စာဖျက်ကာ တစ်ပါးအမျိုးသား များနှင့် မိတ်သဟာယဖွဲ့ခဲ့ သဖြင့် ပြည့်တန်ဆာဖြစ်လာခဲ့ပါသည်။ လောကီဘုရင်တို့၏ထောက်ခံမှုကို ရရန် ကြိုးစားနေသောရောမသည် လည်း ထိုကဲ့သို့သောအဖြစ်နှင့်ရင်ဆိုင်ရပေမည်။GCBur 410.2

    ဗာဗုလုန်သည် ပြည့်တန်ဆာတို့၏မိခင်ဖြစ်သည်။ သူမ၏ သမီးများမှာ သူမ၏ယုံကြည်ချက်များကိုစွဲလမ်း၍ လောကနှင့်မဟာ မိတ်ပြုရန် သမ္မာတရားကို နင်းချေသည့် သူမ၏နမူနာပုံစံကို လိုက် လျှောက်နေသော အသင်းတော်များဖြစ်သည်။ ဗာဗုလုန်မြို့ကြီးကျ ဆုံးပြီဆိုသည့်အသုံးအနှုန်းမှာ တစ်ချိန်ကဖြူစင်ခြင်းရှိသော ဘာ သာရေးအဖွဲ့အစည်းများ၏ ဖေါက်ပြန်ပျက်စီး လာခြင်းကို ဆိုလိုခြင်းဖြစ် ပါသည်။ GCBur 410.3

    ဤသတင်းစကား၏နောက်မှ တရားစီရင်ရေးဆိုင်ရာ သတိပေးစကားဆက်တိုက်ပါလာသည့်အတွက် ဤသတင်းစ ကားသည်နောက်ဆုံးသောနေ့ရက်များတွင်ပေးအပ်သော သတိ ပေးစကားများဖြစ်ရမည်။ ထိုကြောင့် ဗာဗုလုန်ဆိုသည့် အသုံးအနှုန်း သည် ကာတိုလိတ်အသင်းတော်တစ်ခုတည်းကိုသာ ရည်ညွှန်းနေသည် မဟုတ်နိုင်ပါ။ အကြောင်းမှာ ထိုအသင်းတော်ကျဆုံးသွားသည်မှာ ရာစုနှစ် များစွာကြာခဲ့ချေပြီ။GCBur 410.4

    ၎င်းပြင် လူများကို ဗာဗုလုန်ထဲကထွက်ပေါ်လာရန်ခေါ်နေပါ သည်။ ထိုကျမ်းချက်အရ၊ ဘုရားသခင်၏လူများစွာတို့သည် ဗာဗုလုန် ထဲတွင် ရှိနေဆဲ ဖြစ်လိမ့်မည်။ ခရစ်တော်၏နောက်လိုက်အများစု ကိုမည်သည့်ဘာသာရေး အဖွဲ့အစည်းထဲတွင် ယခုတွေ့နိုင်မည်နည်း။ ပရိုတက်စတင့်ယုံကြည်ခြင်းကို လက်ခံထားသည့် အသင်းတော်များတွင် တွေ့နိုင်မည်မဟုတ်ပါလား။ GCBur 411.1

    ဤအသင်းတော်များ ပေါ်ထွန်းလာသည့်အချိန်၌ ၎င်းတို့သည် သမ္မာတရား အတွက် မားမားမတ်မတ် ရပ်တည်ခဲ့ကြရာ ဘုရား သခင်၏ကောင်းချီးမင်္ဂလာ များသည် ၎င်းတို့နှင့်အတူရှိခဲ့သည်။ သို့ရာတွင် ရှေးခေတ်ဣသရေလများကဲ့သို့ မယုံကြည်သူများနှင့် မိတ်သဟာယဖွဲ့ကာ ၎င်းတို့၏အမူအကျင့်များကို အတုခိုး ကျင့်ဆောင် လာသောအချိန်တွင် သူတို့ကျဆုံးခဲ့ကြပါသည်။GCBur 411.2