Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရောမအသင်းတော်နှင့်အငြင်းပွားခြင်း

    ဂျာမနီပြည်ရှိ လူးသာ၏လုပ်ဆောင်မှုများကို နှိပ်စက်ညှဉ်းပန်း သည့် နည်းဖြင့် နှိပ်ကွပ်ခဲ့သည့်အရာမှာ အောင်မြင်မှုမရှိကြောင်း မြင်တွေ့ရသဖြင့် ရောမအသင်းတော်သည် ဇွင်းကလိနှင့် အချေအတင် ပြောဆိုပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ GCBur 183.1

    အောင်ပွဲဆင်နိုင်ရန်အတွက် ထိုအချေအတင်ပြောဆိုပွဲ ကျင်း ပမည့်နေရာနှင့် ထိုပွဲတွင် အဆုံးအဖြတ်ပြုလုပ်ပေးမည့်ဒိုင်များကို ကောင်းမွန်စွာရွေးချယ်ခဲ့ကြပါသည်။ ဤတစ်ကြိမ်တွင် ဇွင်းကလိ အပေါ်အောင်နိုင်ထားလျှင် သူ့အားလွတ်လမ်းမရှိအောင် သူတို့ထိန်း ချုပ်ထားကြတော့ မည်။ သို့ရာတွင် ဤအကြံအစည်ကိုမူ သတိကြီးစွာ ဖြင့် အခြားသူများ မရိပ်မိအောင် ဖုံးကွယ်ထားကြပါသည်။GCBur 183.2

    ထိုပွဲကို ဘာဒင်မြို့တွင်ကျင်းပရန် သတ်မှတ်ခဲ့ပါသည်။ သို့သော်ဧဝံဂေလိတရားတော်ကို လက်ခံသူများအတွက် သာသနာ နယ်မြေအသီးသီး၌ တောက်လောင်နေသော မီးပုံများကိုလည်းကောင်း၊ ထိုအသင်းတော် လျှို့ဝှက် သောအကြံအစည်များကိုလည်းကောင်း သံသယဝင်နေသော ဇူးရစ်မြို့နယ် ကောင်စီက ထိုအန္တရာယ်ရှိသော နေရာသို့မသွားရန် ၎င်းတို့၏တရားဟော ဆရာကြီးကို တားခဲ့ကြပါ.. သည်။ အမှန်တရားနှင့်ဖြောင့်မတ်ခြင်းများအတွက် ယုံကြည်သူ ခေါင်းဆောင် ကြီးများသွေးမြေကျခဲ့သော ဘာဒင်မြို့သို့ သွားခြင်းသည် သေရွာသို့သွားခြင်း ဖြစ်၏။ ထိုကြောင့် ရောမအသင်းတော်မှ ဒေါက် တာအစ်ဦးဆောင်သော သမ္မာတရားကို အန်တုသူများနှင့်ရင်ဆိုင်ရန် အိုအီကိုလင်ပေးဒီးယပ်နှင့် ဟောလာတို့ကို ဇွင်းကလိ၏ကိုယ်စား လှယ်များအဖြစ် စေလွှတ်ခဲ့ကြသည်။GCBur 183.3

    မှတ်တမ်းတင်မည့်သူများကို ရောမအသင်းတော်က ရွေးချယ် ခဲ့သည်။ တရားမဝင်မှတ်တမ်းတင်သူများအား သေဒဏ်အထိ အပြစ် ပေးအရေးယူမည် ဟုကြေညာ၏။ GCBur 184.1

    သို့စေကာမူ ထိုပွဲသို့တက်ရောက်နေသော ကျောင်းသားတစ် ဦးမှာမူ တစ်နေ့တာတင်ပြခဲ့သည့် အဆိုနှင့်အချေများကို ညနေတိုင်း အပြီးပြုစုကာ ထိုစာတမ်းများကို အခြားကျောင်းသားနှစ်ဦးကကူး ယူကာ အိုအီကိုလင်ပေးဒီးယပ်၏ နေ့စဉ်ပေးပို့သည်စာများနှင့်အတူ ဇူးရစ်ရှိ ဇွင်းကလိထံသို့ ပေးပို့ခဲ့ကြပါသည်။ ဇွင်းကလိအနေဖြင့် အကြံ ဉာဏ်များပေးကာ ဖြေဆိုစရာမရှိသည်ကိုဖြေဆိုခဲ့ပါသည်။ ထိုသတင်း ပေးပို့နေသူများသည် မြို့တံခါးများတွင် စောင့်ကြပ်နေသောအစောင့် များ၏ ရန်မှရှောင်တိမ်းနိုင်ရန် ကြက်ခြင်းတောင်းများကို ခေါင်းပေါ် တွင်ရွက်ပြီး မြို့ထဲကိုဝင်ခဲ့ကြရာ အဟန့်အတားမရှိ သွားလာခွင့်ရ ကြပါသည်။GCBur 184.2

    “ဇွင်းကလိဟာ ကိုယ်တိုင်သွားပြီး အချေအတင်ပြောရတာ ထက် အများကြီးပိုပြီးပင်ပန်းနေတယ်။ အာရုံပြုဆုတောင်းခြင်း၊ ဘာဒင်နဲ့စာအပေး အယူလုပ်နိုင်ဖို့ ညလုံးပေါက် လုပ်ဆောင်နေရလို့ ပိုပြီးအလုပ်ရှုပ်နေတယ်” ဟု မိုင်ကိုးနီးယပ်ဆိုသူက ပြောကြားခဲ့ ပါသည်။GCBur 184.3

    ရောမအသင်းတော်ကိုယ်စားလှယ်များသည် ကျောက်သံပ တ္တမြား များဖြင့် စီခြယ်ထားသည် ဝတ်ကောင်းစားလှများနှင့် ဘာဒင်မြို့ ကို ရောက်လာကြပါသည်။ GCBur 185.1

    ၎င်းတို့စီးလာသောယာဉ်မှာ ဇိမ်ခံယာဉ်ဖြစ်ပြီး ၎င်းတို့၏ စားပွဲပေါ်၌လည်း ရသာစုံအစားအစာများ၊ ဈေးကြီးသောဝိုင်အရက် များနှင့် ပြည့်နေပါသည်။ ချွေချွေတာတာနှင့် ခရီးနှင်ခဲ့ပြီး စားပွဲတွင်ကြာ ကြာမထိုင်နိုင် ကြသော ပြုပြင်ပြောင်းလဲရေးသမားများ၏ ဘဝနှင့်တော့ များစွာကွာခြား လှပါတကား။ အခန်းထဲတွင်ရှိနေသော အိုအီကိုလင်ပေး ဒီးယပ်ကို စောင့်ကြည့်ရန် တာဝန်ပေးခြင်းခံရသည့် ၎င်း၏တပည့်မှာ စာဖတ်ရင်ဖတ်၊ စာမဖတ်ရင် ဆုတောင်းနေလေ့ရှိသော အိုအီကိုလင် ပေးဒီးယပ်ကို အမြဲလို တွေ့နေခဲ့ရာ ဤသူသည် ဘာသာရေးဖေါက်ပြန် ရေးသမားဟု ဆိုရစေဦးတော့။ “ဘုရားတရားနဲ့ ပြည့်စုံတဲ့လူတစ် ယောက်ဖြစ်တယ်” ဟု သတင်းပို့ခဲ့ပါသည်။GCBur 185.2

    ခန်းမကြီးထဲတွင် “အစ်သည် အထူးပြင်ဆင်မွမ်းမံထားသော စင်မြင့်ပေါ်သို့ဟန်ကြီးပန်ကြီးဖြင့်တက်လာစဉ်တွင် ပုံမှန်အဝတ်အစား ကို ဝတ်ထားသည့် အိုအီကိုလင်ပေးဒီးယပ်ကိုမူ ထို ဒေါက်တာကြီးနှင့် မျက်နှာချင်းဆိုင်၌ချထားသော သစ်သားခွေးခြေပေါ်တွင် အထိုင်ခိုင်းပါ သည်။ GCBur 185.3

    အစ်၏ ခက်ထန်မာကျောသောလေသံနှင့် အထိန်းအကွပ်မဲ့ အာမခံချက် တွေကြောင့် သူစိတ်ဓါတ်မကျခဲ့ပါချေ။ သမ္မာတရားကို ကာကွယ်နေသော ကိုယ်စားလှယ်ကြီးမှာမူ ဘုရားသခင့်ထံမှ ပျူငှာမှု များဖြင့် နှစ်သိမ့်ခြင်းခံခဲ့ရ သည်။ အချေအတင်ဆွေးနွေးမှုတွင် ရှုံးနိမ့် သောအခါ အစ်သည် စော်ကားသည့် စကားများနှင့် ကျိန်ဆဲသည့် စကားများကို ပြောဆိုလာပါသည်။GCBur 185.4

    သိမ်မွေ့၍ ကိုယ့်ကိုကိုယ်စိတ်မချတတ်သော အိုအီကိုလင်း ပေးဒီးယပ် သည် ထိုအချေအတင်ပြောပွဲမှ ရှောင်ရှားသွားခဲ့ပါသည်။ နူးညံ့သိမ်မွေ့၍ ယဉ်ကျေးသောအပြုအမူရှိသော်လည်း မိမိသည် ကြောက်တတ်သူ မဟုတ်ကြောင်း ကိုယ့်ကိုကိုယ်သူသက်သေပြသည့် အနေဖြင့် “ဓလေ့ထုံးစံ များဟာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်မကိုက် ညီလျှင် ကျွန်ုပ်တို့ ဆွစ်ဇာလန် နိုင်ငံမှာ မကျင့်သုံးတော့ပါ။ ယခုတွင် သမ္မာကျမ်းစာသည် ယုံကြည်ခြင်းနှင့် ဆိုင်သောကိစ္စများတွင် ကျွန်ုပ် တို့ရဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဖြစ်သည်” ဟု ဖွင့်ဟခဲ့ပါသည်။GCBur 186.1

    သူ၏တည်ငြိမ်၍ ရှင်းလင်းသောကျိုးကြောင်းဆင်ခြင်မှုများ နူးညံ့ သိမ်မွေ့စွာတင်ပြမှုများသည် ကြွားဝါ၍ အော့နှလုံးနာစရာ စကား များ ဖွင့်ဆိုနေသောအစ်ထံမှ ဦးလှည့်လာသူများ၏ စိတ်နှလုံးတွင် နေရာ ယူခဲ့ပါသည်။GCBur 186.2

    ဆွေးနွေးပွဲမှာ (၁၈) ရက်တိတိကြာမြင့်ခဲ့ပါသည်။ ပါပရဟန်း မင်းအဖွဲ့က ၎င်းတို့နိုင်သည်ဟုကြေညာခဲ့ပါသည်။ ရောမအသင်း တော်ဘက်မှ ရပ်တည်ပေးကြသည့်အရာရှိများနှင့် လွှတ်တော်ကလည်း အိုအီကိုလင်ပေးဒီးယပ်တို့အဖွဲ့ ရှုံးနိမ့်သွားကြောင်း ကြေညာကာ ဇွင်းကလိ နှင့်တကွ သူ၏နောက်လိုက်များကို အသင်းတော်မှထုတ် လိုက်ကြောင်း ဟစ်ကြွေးလိုက်ပါသည်။ သို့စေကာမူ ထိုအချေအတင် စ ကားပြောပွဲကြောင့် ပရိုတက်စတင့်များ၏ အမှုတော်လုပ်ငန်းများသည် များစွာအရှိန်ရလာပါသည်။ များမကြာမီမှာပင် ဘန်းမြို့နှင့် ဘာဆယ် မြို့များသည် ဘာသာရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင် လှုပ်ရှားလာကြပါသည်။GCBur 186.3

    ****