Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၉)—အဘယ်ကြောင့် အပြစ်တရားကို ခွင့်ပြုတော်မူခဲ့ရသနည်း။

    မကောင်းမှုများ၏ အနိဌာရုံနှင့် အမင်္ဂလာဖြစ်အင်များကို လူအများက မြင်တွေ့နေကြရာ တန်ခိုးတော်အနန္တဉာဏ်တော်အနန္တ မေတ္တာတော်အနန္တနှင့် ပြည့်စုံသည့် ဘုရားရှင်၏အုပ်စိုးမှုအောက်တွင် ထိုမကောင်းမှုဒုစရိုက်များသည် မည်သည့်နည်းဖြင့် ရှင်သန်ရပ်တည် နေနိုင်ကြတာလဲဟု မေးခွန်းထုတ်လာကြ ပါသည်။ သံသယဖြတ်တတ် သည့်ပုဂ္ဂိုလ်များသည် သန့်ရှင်းသောနှုတ်ကပတ် တော်များကို ငြင်း ပယ်ရန်အတွက် ထိုအချက်ကို ဆင်ခြေဆင်လက်တစ်ခုအဖြစ် စွဲကိုင် ကြပါသည်။ ဘုရား၏စာရိတ္တတော်နှင့်ပတ်သက်သော သမ္မာကျမ်း ချက်များသည်လည်း မိရိုးဖလာများနှင့် မှားယွင်းသောအနက်ဖွင့်မှု များကြောင့် မရှင်းမလင်း၊ ဝိုးတဝါးဖြစ်လာပါသည်။ ဘုရားသခင်၏ အုပ်ချုပ်မှုသဘာဝနှင့် အပြစ်တရားအပေါ်ဆက်ဆံရာတွင် ဘုရား သခင်အသုံးပြုသည့် စည်းမျဉ်း များသည်လည်း ထိုနည်းနှင်နှင် ဖြစ် လာကြပါသည်။GCBur 532.1

    အပြစ်တရားတည်ရှိလာခြင်းအတွက် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးရန်အပြစ်၏မူလဘူတကိုရှင်းပြဖို့ မလွယ်ကူချေ။ သို့ စေကာမူ ဘုရားသခင်၏ တရားမျှတခြင်းနှင့် စေတနာတော်ကို ပြည့်ပြည့်စုံစုံ ထင်ရှားစေနိုင်သည့် အပြစ်၏မူလနှင့် နောက်ဆုံး ပင် ကိုစရိုက်များအကြောင်း ကိုမူ လုံလောက်သောနားလည်မှုများ ရရှိနိုင်ပါသည်။ အပြစ်တရားအတွက် ထာဝရဘုရား၌ တာဝန် လုံးလုံးမရှိပါချေ။ ပုန်ကန်ခြားနားမှုများဖြစ်စေနိုင်လောက်သည့် ချို့ယွင်းမှုများ ဘုရား၏အုပ်ချုပ်ရေးကဏ္ဍတွင် မရှိခဲ့သလို ကျေးဇူး တော်ကို တစ်ဖက်သတ် ပြန်လည်ရုတ်သိမ်းခြင်းများလည်း မရှိခဲ့ပါချေ။ အပြစ်တရားသည် ၎င်း၏ တည်ရှိမှုအတွက် အကြောင်းပြချက် တစ် စုံတစ်ရာပေးနိုင်စွမ်းမရှိသည့် ကျူးကျော်ဝင်ရောက်မှုတစ်ခုဖြစ်သည်။ အပြစ်တရားအတွက် ဆင်ခြေ ပေးခြင်းသည် ထိုအပြစ်တရားကို အ ကာအကွယ်ပေးနေခြင်းပင်ဖြစ်၏။ အပြစ်တရားအတွက် ဆင်ခြင် ဆင်လက်ကို ရှာတွေ့ပြီဆိုလျှင် အပြစ်ကို ချုပ်ငြိမ်းနိုင်လာလိမ့် မည်။ GCBur 532.2

    အပြစ်ဆိုသည်မှာ ဘုရားသခင်၏ အုပ်ချုပ်မှုတွင် အခြေခံ ဖြစ်သည့် ပညတ်တော်ကို အန်တုခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခုမှ ထွက် ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ်သည်။GCBur 533.1

    အပြစ်ဒုစရိုက်များ မရှိခင်အချိန်က ဤစကြဝဠာကြီးသည် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းများနှင့် ပြည့်ဝနေပါသည်။ ထာဝရဘုရားကို စကြဝဠာတစ်ခုလုံးက ချစ်ခဲ့ကြသည်။ စကြဝဠာသား အချင်းချင်း လည်းမျက်နှာမလိုက်တမ်း ချစ်ခင်ယုယခဲ့ကြသည်။ တစ်ပါးတည်း သောသားတော် ဖြစ်သည့် ခရစ်တော်မှာမူ ထာဝရဘုရားသခင်ဖြစ် သည့်ခမည်းတော်ဘုရားနှင့် စိတ်နေသဘောထား၊ အကျင့်စာရိတ္တ နှင့်အကြံအစည်ပိုင်းမှာ တစ်ထေရာတည်း ဖြစ်သည်။ ထာဝရဘုရား သခင်၏ အကြံအစည်တော်နှင့် အလိုတော်ကို ဆောင်ရွက်နိုင်တော် မူသည့် တစ်ပါးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်သည်။ “ထိုသားတော် သည်ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော---ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။” ကော၊ ၁:၁၆။GCBur 533.2

    ဖန်ဆင်းခြင်းခံရသည့် ဝေနေယျသတ္တဝါအပေါင်းတို့၏ ပျော်ရွှင်ချမ်းမြေ့မှုသည် ဘုရားသခင်၏အုပ်ချုပ်ရေးတွင် အုတ်မြစ် ဖြစ်သော မေတ္တာတော်ဆိုင်ရာ ပညတ်တည်းဟူသော ဖြောင့်မတ် ခြင်းစည်းမျဉ်းများ အတိုင်း နေထိုင်စားသောက်မှုအပေါ်တွင် မူတည် နေပါသည်။ GCBur 534.1

    ထာဝရဘုရားသည် ၎င်းအား ကိုးကွယ်ကြရန် အတင်း အဓမ္မစေလိုသည် မဟုတ်သောကြောင့် လူသားများသည် မိမိတို့ ၏သဘောဆန္ဒအရ ကိုယ်တော်အား ကိုးကွယ်နိုင်ကြစေရန်အလို့ငှာ လူသားတိုင်းအား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားတော်မူပါသည်။GCBur 534.2

    သို့ရာတွင် ထိုလွတ်လပ်ခွင့်ကို တလွဲအသုံးချရန် ရွေးချယ် ခဲ့သူတစ်ဦး ပေါ်ပေါက်ခဲ့ပါသည်။ ဘုရားသခင်၏မြှောက်စားမှုကို ခရစ်တော်ပြီးလျှင် အခံရ ဆုံးသောထိုသူအားဖြင့် အပြစ်တရားသည် အစပျိုးခဲ့ပါသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ခစားခွင့်ရ သည်လူစီဖာအမည်ရှိ ထိုပုဂ္ဂိုလ်မျာ အပြစ်တရားတွင် မကျဆုံးမီက သန့်ရှင်း၍ အညစ်အကြေးနှင့် ကင်းစင်ပါသည်။ “အရှင်ထာဝရဘုရား ၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ သင်သည်ထူးဆန်းသောတံဆိပ် ဖြစ်၏။ GCBur 534.3

    ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက် ရှိ၏။ ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်း ပေါ်မှာ---ကျောက်မြတ်အမျိုးမျိုးတို့ကို ဆောင်းလေ၏။---သင်သည် ဖြန့်၍လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက် ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သောကျောက် တို့တွင် သွားလာရ၏။ ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင် ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။…… သင်သည် ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့် ဝါကြွားသောစိတ် ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့် သင်၏ပညာသည် ဖေါက်ပြန် လျက်ရှိလေပြီ။” “သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ် ၏။” “သင်ကလည်း ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မိုးတိမ် ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။” ယေဇကျေ၊ ၂၈:၁၂- ၁၇။ ယေဇကျေ၊ ၂၈:၆။ ဟေရှာယ ၁၄:၁၃-၁၄။GCBur 534.4

    သားတော်ဘုရားအား ခမည်းတော်ဘုရားပေးအပ်တော်မူ သည့်ချီးမြှောက်မှုကို တပ်မက်မိသော ဤကောင်းကင်ဗိုလ်မင်းသည် ခရစ်တော် တစ်ပါးတည်းနှင့်သာ ထိုက်တန်သည့်တန်ခိုးအာဏာတော် ကို ရယူပိုင်ဆိုင် လိုစိတ်ပြင်းပြခဲ့ပါသည်။ ထိုမသင့်တင့်မှုကလေးတစ် ခုကြောင့် ကောင်းကင် နိုင်ငံရှိ ညီညွတ်သာယာမှုသည် ပျက်စီးသွား ခဲ့ပါသည်။ GCBur 535.1

    မိမိကိုယ်ကို မြှောက်စား လိုသည့်စိတ်ဓါတ်သည် ဘုရား၏ ဘုန်းအာနုဘော်တော်ကို ဦးထိပ်ထားခဲ့သူများ၏ စိတ်ထဲတွင် မကောင်း သည့်စိတ်ထားများကို ပေါက်ဖွားစေခဲ့ပါသည်။ ထိုသို့သဘောမထား ရန်ကောင်းကင်သား အပေါင်းက လူစီဖာအား တောင်းပန်ခဲ့ကြပါ သည်။ ခရစ်တော်ကိုယ်တော်တိုင်ကလည်း ပညတ်တော်၏ သန့်ရှင်း သောသဘာဝနှင့် ဖန်ဆင်းရှင်၏ကောင်းမြတ်ခြင်း၊ တရားမျှတခြင်း များကို ၎င်းအားပြောပြခဲ့ပါသည်။ ၎င်း၏လုပ်ဆောင်မှု များသည် ဖန် ဆင်းရှင်ကို အသရေယုတ်လျော့စေသည်သာမက မိမိကိုယ်တိုင် ကို လည်း ဒုက္ခရောက်စေလိမ့်မည်ဖြစ်ကြောင်း ခရစ်တော်က ၎င်းအား ရှင်းပြ ပါသည်။ သို့ရာတွင် သတိပေးလေ၊ ပို၍ဆန့်ကျင်လာလေဖြစ် ကာခရစ်တော်အပေါ်ထားရှိသည့် မနာလိုဝန်တိုစိတ်သည် ၎င်းအား လွှမ်းမိုးသွားခဲ့ပါသည်။GCBur 535.2

    မာနစိတ်သည် အကြီးအကဲဖြစ်လိုသောဆန္ဒကို ဖြစ်ပွားစေခဲ့ပါသည်။ GCBur 536.1

    မြင့်မြင့်မားမားမြှောက်စားခြင်းခံရသော်လည်း လူစီဖာသည် ဘုရားသခင်ကို ကျေးဇူးမတင်သည့်ပြင် ဘုရားနှင့် တတန်းတည်း ဖြစ်ရန်ကိုပင် သူန္ဒပြင်းပြ ခဲ့ပါသည်။ သို့ရာတွင် သားတော်ဘုရား တစ်ပါးတည်းသည်သာ ခမည်းတော် ဘုရားသခင်နှင့် ဘုန်းတန်ခိုးအားနု ဘော်တော်အရာတွင် တန်းတူဖြစ်ကြောင်း ကောင်းကင်သားများက အသိအမှတ်ပြုကြပါသည်။ ဘုရားသခင် ပြုလုပ်တော်မူသည့်အစည်း အဝေးတိုင်းတွင် ခရစ်တော်သည် အမြဲပါဝင်ခွင့် ရခဲ့သော်လည်း လူစီ ဖာမှာမူကား အရေးပါသည့်ကိစ္စရပ်များတွင် ပါဝင်ခွင့်မရခဲ့ချေ။ “အ ဘယ်ကြောင့် ခရစ်တော်ဟာ ငါ့ထက်ကြီးမြတ်နေရ တာလဲ။ သူ့ကိုငါ့ ထက်ဘာကြောင့် ချီးမြှောက်နေရတာလဲ” ဟူသောမေးခွန်းကို လူစီဖာ မေးလာပါသည်။GCBur 536.2