Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တားမြစ်ပိတ်ပင်ခြင်းခံရသည့်ပရပ်က်မြို့

    သတင်းများသည် ရောမသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရဟန်းမင်းရှေ့တွင်လာရောက်ဖြေရှင်းရန် ဟပ်စ်အားဆင့်ခေါ်ခဲ့သည်။ ထိုဆင့်ခေါ်မှုကိုနာခံခဲ့လျှင် သေပွဲဝင်ရပေတော့မည်။ ဟပ်စ်အားပ ရပ်က်တွင် နေခွင့်ပြုကာ ကိုယ်စားလှယ်ဖြင့်ဖြေရှင်းခွင့်ပြုရန် ဘူဟီးမီး ယားဘုရင်နှင့် မိဖုရားအပါအဝင် တက္ကသိုလ်မှပုဂ္ဂိုလ်များ၊ ဂုဏ်အသ ရေရှိပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိကြီးများက ရဟန်းမင်းကို တောင်း ပန်ခဲ့ကြပါသည်။ တောင်းပန်မှုကို လိုက်လျောဖို့နေနေသာသာ ရဟန်း မင်းသည် ဟပ်စ်အား စစ်ဆေးအရေးယူရန် ဆက်လက်ဆောင်ရွက် ကာ ပရပ်က်မြို့ကိုလည်း ကြဉ်သည့်စာရင်းတွင် ထည့်လိုက်ကြောင်း ကြေညာခဲ့ပါသည်။GCBur 87.1

    ထိုခေတ်ထိုအခါက ထိုပြစ်ဒဏ်စီရင်မှုသည် တုန်လှုပ်စရာဖြစ် ပါသည်။ ရဟန်းမင်းအား ကောင်းကင်နှင့်ငရဲပြည်ကို ပို့ဆောင်နိုင်သည့် သော့ကို ကိုင်ဆောင်ထားသူ၊ တရားစီရင်ခြင်းတန်ခိုးအာဏာရှိသူ ခရစ် တော်၏ ကိုယ်စားလှယ်အဖြစ် လက်ခံထားကြရာ ရဟန်းမင်းက ထိုအ မိန့်ကိုပြန်လည် ရုတ်သိမ်းမှုမပြုမချင်း သေသောသူများသည် ကောင်း ကင်သို့ဝင်ခွင့်ရတော့မည် မဟုတ်ဟု ရှုမြင်ခဲ့ကြပါသည်။ ဝတ်ပြုကိုး ကွယ်မှု အခမ်းအနားများကို ရင်ဆိုင်ခဲ့ကြရသည်။ ဘုရားကျောင်းတွေ ကို ပိတ်ထားလိုက်ကြရသည်။ အသင်းတော်ခြံဝင်းများထဲမှာသာ လက် ထပ်ပွဲများကို ကျင်းပခွင့်ရှိတော့သည်။ သေဆုံးသွားသူများကို ဝတ်ပြု ပွဲများမပါဘဲ သင်္ဂြိုဟ်ခဲ့ကြရသည်။GCBur 87.2

    ပရပ်က်မြို့တွင် အုတ်အုတ်ကျက်ကျက်ဖြစ်လာသည်။ လူအများစုက ဟပ်စ်တို့ကိုလက်မခံကြတော့ဘဲ ၎င်းအား ရောမ အသင်းတော်သို့အပ်နှံပေးလိုက်ရန် တောင်းဆိုလာပါသည်။ GCBur 87.3

    ဟပ်စ်သည် အခြေအနေလေး တည်ငြိမ်သွားစေရန် မွေးရပ် မြေသို့ ခေတ္တပြန်လည်နေထိုင်ခဲ့ ပါသည်။ လုပ်ဆောင်ဆဲလုပ်ငန်းများ ရပ်စဲပစ်လိုက်ခြင်းမရှိဘဲ နိုင်ငံအနှံ့သွားရောက်ကာ စိတ်အားတက်ကြွ နေသော ပရိသတ်ကြီးများကို တရားဟောကြားခဲ့ပါသည်။ ပရပ်က်တွင် တည်ငြိမ်လာသောအခါ ဟပ်စ်သည် ပြန်လာပြီး နှုတ်ကပတ်တော်ကို ဖွင့်ဆိုဟောကြားခဲ့ပါသည်။ GCBur 88.1

    ရန်သူအနေအထားမှာ မပေါ့တန်သော်လည်း ဘုရင်မကြီး နှင့်တကွ မှူးမတ်များသည် သူ၏မိတ်ဆွေများ ဖြစ်ကြရာ လူများစွာတို့ သည် သူ့ဘက်သို့ယိမ်းလာခဲ့ပါသည်။GCBur 88.2

    ဟပ်စ်တစ်ဦးတည်း ယခင်ကအမှုတော်ဆောင်ခဲ့ငြားသော် လည်း ယခုတွင်မူ ဂျရုမ်းသည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ် ငန်းများတွင် သူနှင့်အတူပူပေါင်းလာပါသည်။ GCBur 88.3

    ထိုနှစ်ဦးသည် ထိုအချိန်မှစ၍ သေအတူရှင်မခွဲခွါဘဲ အမှု တော်ကို အတူဆောင်ရွက်ခဲ့ကြပါသည်။ အကျင့်ပိုင်းဆိုင်ရာ အစစ်အ မှန်ခွန်အားများကိုဖြစ်စေသည့် အရည်အချင်းကိုမြင်ကာ ဟပ်စ်၏ အကြံပေးချက်များကို လက်ခံလုပ်ဆောင်ခဲ့ရာ အမှုတော်ကြီးသည် သိသိသာသာတိုးတက် ကြီးပွားခဲ့ပါသည်။GCBur 88.4

    ဘုရားသခင်သည် ဤပုဂ္ဂိုလ် (၂) ဦးအား ရောမအသင်းတော် ၏ မှားယွင်းသောလုပ်ရပ်များကိုဖေါ်ပြလျက် ကြီးမားသောအလင်းတ ရားများကို ပေးတော်မူခဲ့သော်လည်း ထိုသူနှစ်ယောက်သည် ကမ္ဘာကြီး အား ဘုရားသခင် ပေးတော်မူမည့် အလင်းတရားအားလုံးကိုတော့ ရရှိ ခဲ့သည်မဟုတ်ပါ။ ဘုရားသခင်သည် လူသားများ ခံနိုင်ရည်ရှိသလောက် ဖြည်းဖြည်းချင်းအလင်းများကိုပြကာ ရောမအမှောင်ထုထဲမှ ဖော်ထုတ် လျက် ရှိပါသည်။ သို့မဟုတ်ပါလျှင် အမှောင်ထုထဲတွင် ကြာရှည်စွာ နေခဲ့သူများသည် မွန်းတည့်နေအလင်းရောင်ကဲ့သို့ အလွန်ထွန်းလင်း သောအရောင်ကိုတွေ့ကာ ကျောပေးသွားမည်ကို စိုးရိမ်ရပါသည်။ ထို ကြောင့် ၎င်းတို့လက်ခံနိုင် လောက်သော အလင်းတရားများကို ဘု ရားသခင်သည် နည်းနည်းချင်း ပေးသနားတော် မူခဲ့ပါသည်။GCBur 88.5

    ဂိုဏ်းဂဏကွဲပြားခြင်းများသည် အသင်းတော်ထဲတွင် ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။ ရဟန်းမင်း (၃) ပါးသည် ယခုတွင် အာဏာလုနေကြပါသည်။ GCBur 89.1

    ထိုကြောင့် ခရစ်ယာန်လောကတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပါ သည်။ တစ်ဦးအပေါ်စကားစစ်ထိုးခြင်းနှင့် မကျေနပ်ဘဲ ရဟန်းမင်း တိုင်းက လက်နက်ဝယ်ခြင်း၊ စစ်သားစုဆောင်းခြင်းအမှုကို ဆောင်ရွက် နေကြပါသည်။ လိုအပ်သည့်ငွေကြေးများကိုရရှိရန် ၎င်းတို့ရရှိထား သော လက်ဆောင်များ၊ ရုံးအဆောက်အဦများ၊ အသင်းတော်ကောင်း ချီးများကို ရောင်းချခဲ့ကြပါသည်။GCBur 89.2

    ဟပ်စ်သည် ဘာသာရေးအရေခြုံကာ လုပ်ဆောင်နေသည့် ထို ရွံရှာဖွယ်ကိစ္စများကို ရဲရဲတင်းတင်းဆန့်ကျင်ခဲ့ပါသည်။ ခရစ်ယာန် လောကအပေါ်ကျရောက်နေသော မကောင်းမှုတို့၏ အကြောင်းအ ရင်းအဖြစ် ရေမအသင်းတော်ကို လူအများက အတိအလင်းစွပ်စွဲခဲ့ ကြပါသည်။GCBur 89.3

    ယခုတွင် တစ်ဖန်ပရပ်က်မြို့တွင် သွေးချောင်းစီးမည့်တိုက်ပွဲ တစ်ခု ဖြစ်တော့မယောင် ဖြစ်နေပါသည်။ ရှေးခေတ်အချိန်များက ကဲ့သို့ပင် ဘုရားသခင်၏ကျွန်ဖြစ်သောဂျွန်ဟပ်စ်သည် ပြဿနာ ကောင်အဖြစ် အစွပ်စွဲ ခံရပြန်ပါသည်။ (၃ရာ၊ ၁၈:၁၇)။ ထိုမြို့သည် တစ်ဖန်ကြဉ်ထားခြင်းခံရပြန်သဖြင့် ဟပ်စ်သည်လည်း မွေးရပ်မြေ သို့ ပြန်ခဲ့ပါသည်။ ဇီဝိန်မချုပ်မီ သမ္မာတရား၏ သက်သေခံတစ်ဦးအဖြစ် ခရစ်ယာန်လောကကြီးတစ်ခုလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် တရားဟော ကြားရန် သူဆန္ဒရှိနေဆဲဖြစ်သည်။GCBur 89.4

    ဧကရာဇ်ဘုရင်ဆီဂန်စမန်၏ဆန္ဒအရ၊ ပြိုင်ဘက်ရဟန်းမင်း (၃) ပါးမှတစ်ပါးဖြစ်သောဂျွန် (၁၃) က ဂျာမနီပြည်အနောက်တောင် ပိုင်းရှိ ကွန်စတိန်းမြို့တွင် အထွေထွေညီလာခံကျင်းပရန် အစည်းအ ဝေး ခေါ်ယူခဲ့ပါသည်။ ထိုရဟန်းမင်းဂျွန်သည် အကျင့်ပိုင်းနှင့် ဝါဒရေး ရာပိုင်းတွင် အားနည်းသည်ဖြစ်ရာ ထိုဧကရာဇ်၏အလိုကို မဆန့် ကျင်ရဲပါချေ။ ထိုညီလာခံ၏ အဓိကရည်ရွယ်ချက်မှာ အသင်းတော်တွင် ဂိုဏ်းဂဏကွဲပြားမှုများကို ရင်ကြားစေ့ပေးရန်နှင့် “ဘာသာရေးဖောက် ပြန်မှု” ကိုအမြစ်လှန်သုတ်သင်ပစ်ရန်ဖြစ်သည်။ ဂျွန်ဟပ်စ်နှင့်တကွ အခြားပြိုင်ဘက် ရဟန်းမင်း (၂) ပါးကိုလည်း ညီလာခံတက်ရန် ဆင့် ခေါ်ခဲ့သည်။ ထိုပြိုင်ဘက် ရဟန်းမင်း (၂) ပါးသည် ကိုယ်စားလှယ်များ ကိုသာ စေလွှတ်ခဲ့သော်လည်း ရဟန်းမင်းဂျွန်မှာမူ မိမိကျူးလွန်ခဲ့သော ဒုစရိုက်များကို ပေါ်မှာစိုးသောစိတ်ဖြင့် ဧကရာဇ်ဘုရင်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပါသည်။ သို့စေကာမူ သူသည် ဘာသာရေးခေါင်း ဆောင်များ၊ နယ်အရာရှိကြီးများခြံရံလျက် ဟန်ပန် အပြည့်ဖြင့် ကွန်စ တိန်းမြို့ထဲသို့ ဝင်လာခဲ့ပါသည်။ သူ့ဦးခေါင်းပေါ်တွင် ရွှေသားဖြင့်ပြု လုပ်ထားသောဦးရစ်ကို ဆောင်းထားပါသည်။ ထိုဦးရစ်ကို တရားရေး အရာရှိချုပ်လေးဦးက ထိန်းကိုင်ထားပါသည်။ အိမ်ရှင်ဖြစ်သော ဧက ရာဇ်မင်းကို ထိုရဟန်းမင်းရှေ့သို့ ခေါ်ဆောင်လာခဲ့ပါသည်။ သာသနာ ခေါင်းဆောင်များ၏ လှပထည်ဝါသော ဝတ်ရုံများသည် ခမ်းနားကြီး ကျယ်လှပါသည်။GCBur 90.1

    တစ်ချိန်တည်းမှာပင် အခြားခရီးသည်တစ်ဦးသည် ကွန်စ တိန်း မြို့သို့လာနေပါသည်။ သူသည် မိတ်ဆွေများနှင့် နောက်တစ် ခေါက် ပြန်လည်တွေ့ဆုံရတော့မည်မဟုတ်။ ဤခရီးစဉ်သည် မိမိအား ကပ်တိုင်သို့ ပို့ဆောင်တော့မည့် ခရီးစဉ်ဖြစ်သည်ဟုခံစားလျက် ဟပ်စ် သည် မိတ်ဆွေ သင်္ဂဟများကိုခွဲခွာလာခဲ့ပါသည်။ GCBur 91.1

    ဘူဟီးမီးယားဘုရင်နှင့် ဧကရာဇ်မင်း ဆီဂျစ်စမန်တို့ထံမှ အစောင့်တပ်များ၏ အကာအကွယ်ဖြင့် သူလာနေခြင်း ဖြစ်သည်။ သို့ စေကာမူ အချိန်မရွေး အသေသတ်ခံနိုင်သည့် အခြေအနေတွင် ရောက် နေမှန်းသူသိသဖြင့် ပြင်ဆင်မှုအားလုံးကို သူလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါ သည်။GCBur 91.2