Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုန်းနှင့်ပြည့်စုံသောကယ်နုတ်ခံရသူများ

    ဘုရားသခင်၏သားသမီးများသည် ကျဉ်းသောလမ်းကို ခေတ်အဆက်ဆက်လျှောက်ခဲ့ကြပါသည်။ ဒုက္ခမီးလျှံအားဖြင့် အ သက်တာကို ဆေးကြောဖြူစင်စေခဲ့ကြပါသည်။ ခရစ်တော်အတွက် မုန်းတီးခြင်း၊ အသရေ ဖျက်ခြင်း၊ ခါးသီးသောစိတ်ပျက်စရာများ ကိုယ်အလိုကိုငြင်းပယ်ခြင်းများကို သူတို့ရင်ဆိုင်ခဲ့ကြရပါသည်။ အ ပြစ်၏ မကောင်းမှု၊ အပြစ်၏ တန်ခိုးနှင့် အပြစ်၏မင်္ဂလာများကို သူတို့ သိရှိခဲ့ကြရ သဖြင့် စက်ဆုပ်ရွံရှာစွာဖြင့်အပြစ်ကိုရှုမြင်နေကြပါသည်။ အကန့်အသတ်မဲ့ ဆက်ကပ်မှုတစ်ခုကြောင့် သူတို့စိတ်နှလုံးများသည် ပျော်ရွှင်မှုများနှင့် ပြည့်ဝလာပါသည်။ သူတို့သည် များစွာအပြစ် လွှတ်ခံရသဖြင့် ခရစ်တော်နှင့်အတူ ဒုက္ခ ခံစားခဲ့ကြသဖြင့် ခရစ်တော် ၏ဘုန်းတွင် ဝင်စားထိုက်သူများဖြစ်ကြပါသည်။GCBur 706.3

    ဘုရားသခင်နိုင်ငံတော်ဝင်စားမည့် ထိုသူများသည် အထပ်ခိုး များ၊ တဲစုတ်ကလေးများ၊ အခန်းကျဉ်းများ၊ ကပ်တိုင်များ၊ တောတောင် များ၊ လိုဏ်ဂူများကိုကျော်လွှားလာခဲ့သူများဖြစ်ကြသည်။ ထိုသူတို့ သည်”လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓါးလက် နက်နှင့် ကွပ်မျက်ခြင်း” ခံခဲ့ရသူများဖြစ်၏။ GCBur 707.1

    သန်းနှင့်ချီသောလူသားများသည် စာတန် နောက်သို့မလိုက် လိုကြသဖြင့် ရှက်စရာအဖြစ်အပျက်နှင့်ရင်ဆိုင်ကာ သေပွဲဝင် ခဲ့ ကြရသည်။ ယခုတွင်မူ သူတို့သည် ဒုက္ခသည်အနှိပ်စက်ခံလူများ မဟုတ်ကြတော့ချေ။ လောကတွင် အမြတ်ဆုံးဝတ်ရုံများထက် ကြီးမြတ်သောဖြောင့်မတ် ခြင်းဝတ်ရုံကိုဝတ်ဆင်လျက်၊ လောက ဘုရင်များဆောင်းသည်သရဖူများထက် သာလွန်ကျက်သရေရှိသည့် သရဖူကိုဆောင်းလျက် ရှေ့တော်မှောက်တွင် ရပ်ထနေကြပါသည်။ GCBur 707.2

    ထာဝရဘုရားသခင်သည် ၎င်းတို့၏မျက်နှာပေါ်မှ မျက် ရည်များကို သုတ်ပေးတော်မူခဲ့ပြီဖြစ်ရာ ၎င်းတို့သည် သာယာ သောအသံဖြင့် ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုကြပါသည်။ “ပလ္လင် ပေါ်မှာထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသယ်.... သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း” ဟူသော ဓမ္မတေးသံသည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ်နေရာ “အာမင်၊ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး သတ္တိရှိတော်မူစေသတည်း” ဟု ခပ်သိမ်းသောသူတို့က တုံ့ပြန်ကြ၏။ ဗျာဒိတ် ၇:၁၀၊ ၁၂။GCBur 707.3

    ကျွန်ုပ်တို့သည် ဤလောတွင်ရှိစဉ် ကယ်တင်ခြင်းဆိုင်ရာ အံ့ဩဖွယ်များကို နားလည်စပြုရုံသာဖြစ်၏။ ကျွန်ုပ်တို့၏မဖြစ်စ လောက် ဉာဏ်ကလေးနှင့် ရှက်ကြောက်စရာနှင့် ဘုန်းအသရေ ကိုလည်းကောင်း၊ အသက်ရှင်ခြင်းနှင့်သေခြင်းကိုလည်းကောင်း၊ ကပ် တိုင်ထက်တွင်တွေ့ဆုံ ခဲ့သော တရားမျှတခြင်းနှင့် ကရုဏာတော် များအကြောင်းကိုလည်းကောင်း စဉ်းစားတတ်ရုံလောက်သာ ရှိပါ သည်။ GCBur 708.1

    သို့သော်ငြားလည်း ဤအရာများ၏ အရေးပါထူးခြားချက်များ ကိုမူ နားလည်နိုင်စွမ်းမရှိကြချေ။ ကယ်တင်ခြင်း ဆိုင်ရာ မဟာမေ တ္တာတော်၏ အလျားအနံနှင့် အတိမ်အနက်ကိုမူ ဝိုးတဝါးသာ သိမြင် နိုင်ကြပါသည်။ ထိုကယ်နုတ်ခြင်းခံရသူများသည် မိမိကိုယ်ကို အရှိ အတိုင်း သိမြင်သည့်အချိန်မှာပင် ကယ်တင်ခြင်းစီမံကိန်းကို လုံးစေ့ ပတ်စေ့ နားလည်နိုင်ကြမည်မဟုတ်ပါ။ ဝမ်းမြောက်ကြည်နူးနေသော ထိုသူများသည် အသစ်အသစ်သောတရားတော်များကို စဉ်ဆက်မ ပြတ်သိရှိနားလည်လာကြ လိမ့်မည်။ ဝမ်းနည်းခြင်းများ၊ နာကျင်မှု များနှင့် စုံစမ်းနှောင့်ယှက်ခြင်းများ အဆုံးသတ်သွားသည်မှာ မှန် သော်လည်း ဘုရားသခင်၏သားသမီးများသည် ကယ်တင်ခြင်းအ တွက်ပေးလိုက်ရသည့်တန်ဖိုးကို အသေအချာသတိရသိရှိ နေကြပါ လိမ့်မည်။GCBur 708.2

    ထိုကပ်တိုင်သည် ကယ်တင်ခံရသူများသီဆိုကျူးဧသော သီချင်းအဖြစ် ထာဝရကာလရပ်တည်နေလိမ့်မည်။ ကပ်တိုင်အတင်ခံ ခဲ့ရသော ခရစ်တော်ကို ဘုန်းဝင်စားသည့်ခရစ်တော်၌ သူတို့တွေ့မြင် ကြရမည်။ အပြစ်တွင်ကျဆုံး သွားသည့်လူသားများကို ပြန်လည် မြှင့်တင်နိုင်ရန်အလို့ငှာ ကောင်းကင်ဗိုလ်ခြေ အရှင်သည် နှိမ့်ချခြင်းကို ခံခဲ့သည်ဆိုသည့်အချက်ကို မည်သည့်အခါမျှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။ GCBur 709.1

    ပျောက်ဆုံးနေသောလူသားများ၏ အမင်္ဂလာများသည် ကိုယ်တော်၏နှလုံးသားကိုခွဲကာ ကိုယ်တော်၏အသက်ကို အဆုံးစီ ရင်သည့်အချိန်အထိ ခရစ်တော်သည် အပြစ်၏ဆိုးကျိုးရှက်ကြောက် စရာများနှင့်တကွ ခမည်းတော်ဘုရားသခင်၏ မျက်နှာလွှဲခြင်းကို ခံ တော်မူခဲ့သည်ကိုလည်း မေ့ရနိုင်ကြမည်မဟုတ်ချေ။ လူသားများ အပေါ်ထားသည့် မဟာမေတ္တာတော်ကြောင့် မိမိ၏ဘုန်းအာနုဘော် တော်များကို ဖန်ဆင်းရှင် ဘေးဖယ်ထားခဲ့သည်ဆိုသည့်အချက်မှာ လည်း စကြဝဠာကြီးအတွက် အမြဲတမ်းအံ့ဩစရာတစ်ခုပမာ ဖြစ်နေ ပေလိမ့်မည်။ GCBur 709.2

    ကယ်တင်ခြင်းခံရသည့် လူမျိုးအသီးသီးတို့သည် မိမိတို့၏ ကယ်တင်ရှင်ကိုမြော်ကြည့်လိုက်ကြရာ ကိုယ်တော်ရှင်၏နိုင်ငံတော် သည် ထာဝရနိုင်ငံဖြစ်ကြောင်း သိရှိလာကြသဖြင့် “အသေသတ်ခြင်း ကိုခံတော်မူသောအားဖြင့် ---- အကျွန်ုပ်တို့ကို ---- ဘုရားသခင် အဖို့ရွေးနုတ်တော်မူ၏။”GCBur 709.3

    ကပ်တိုင်၏အသိခက်စရာနက်နဲမှုသည် အခြားနက်နဲသော အရာအားလုံးကို ထင်ရှားစေ၏။ အနန္တဉာဏ်တော်အရှင်၊ ဘုရား သခင်သည် သားတော်အား ဆက်ကပ်ပူဇော်ခြင်းအားဖြင့် ကယ်တင် ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်ကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်။ ထိုအနစ်နာခံမှုအတွက် ရရှိသည့်လျော်ကြေးမှာ ရွေးနုတ် တော် မူထားသည့် သန့်ရှင်းပြီး ပျော်ရွှင်၍ မသေတတ်သောလူသား များဖြင့် ကမ္ဘာကြီးအားပြည့်စေခဲ့သဖြင့် ခံစားရသောဝမ်းမြောက်မှုပင် ဖြစ်သည်။ ဤအရာမှာ အဖိုးအခပေးရန် သဘောတူတော်မူခဲ့သည့် လူသားတို့၏ တန်ဖိုးပင်ဖြစ်သည်။ မိမိကိုယ်တိုင်အနစ်နာခံမှု၏ အ သီးများကိုကြည့်ကာ ခရစ်တော်ကိုယ်တိုင်လည်း ကျေနပ်တော် မူလျက်ရှိပါသည်။GCBur 709.4

    -----ဝ-----GCBur 710.1