Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိုင်ငံတော်ကြီးမြတ်ခြင်းအတွက် အသေချာဆုံးအကာအကွယ်

    သမ္မာကျမ်းစာ၏ စည်းမျဉ်းများကို ဘုရားကျောင်းများ၌ သာမက နေအိမ်များ၊ ကျောင်းများ၌လည်း သွန်သင်ခဲ့ကြသည်။ ထိုလုပ်ဆောင်မှု၏ အသီးအပွင့်များကို ချွေတာစုဆောင်းခြင်း၊ အသိ ဉာဏ်ထက်မြက်ခြင်း၊ စင်ကြယ်သောအသက်တာရရှိခြင်း၊ ချုပ်တည်း ခြင်းများတွင် အထင်အရှား တွေ့ရသည်။ နှစ်နှင့်ချီ၍ အရက်သမား များကို မြင်ရခဲ၏။ ကျိန်ဆိုသံများကို ကြားရခဲ၏။ သူတောင်းစားများ ကိုတွေ့ရခဲ၏။ နိုင်ငံတော်တစ်ခု တိုးတက်ကြီးပွားရန်အတွက် အသေ ချာဆုံး အကာအကွယ်များမှာ သမ္မာကျမ်းစာပါ စည်းမျဉ်းများပင် ဖြစ်သည်။ GCBur 312.1

    အားအင်ချည့်နဲ့သော ထိုနယ်သစ် ရှာသူများသည် အလွန်အင်အားကောင်းသော ပြည်နယ်များအသွင် သို့ တိုးတက်ကြီး ပွားသွားကြရာ ရဟန်းမင်းတစ်ပါးမှမရှိသော အသင်းတော်နှင့် ဘုရင် တစ်ပါးမှမရှိသော ပြည်နယ်များ၏ သာယာဝပြောမှုများကို ကမ္ဘာက အထူးသတိပြုမိလာခဲ့ပါသည်။GCBur 312.2

    သို့ရာတွင် ထိုအာဂန္တုကြီးများနှင့် သဘောထားမတူညီသည့် လူများစွာတို့ကလည်း အမေရိကကို စိတ်ဝင်စားလာကြရာ အမေရိ ကန်သို့ ရောက်လာသူများထဲတွင် လောကရည်မှန်းချက်များအရ ရောက်ရှိလာသူဦးရေ သည်လည်း တိုးပွားလာပါသည်။GCBur 312.3

    အသင်းသားများသာ မဲပေးပိုင်ခွင့်၊ အစိုးရဌာနများတွင် အလုပ်လုပ်ခွင့်ပေးရန် ရှေးဦး အာဂန္တုကြီးများက ခွင့်ပြုခဲ့ကြသည်။ ပြည်နယ် သန့်စင်ရေးကို ထိန်းသိမ်းရန်အတွက် ဤလုပ်ရပ်ကို လက်ခံ ခဲ့ကြသည်။ သို့သော် ထိုလုပ်ရပ်ကြောင့် အသင်းတော်တွင် စာရိတ္တ ဖေါက်ပြန်မှုများရှိလာပါသည်။ လူများစွာတို့သည် စိတ်နှလုံး ပြောင်းလဲခြင်းမရှိဘဲ အသင်းတော်ထဲဝင်လာကြပါသည်။ အမှုတော်ထဲ တွင် ပါဝင်လုပ်ဆောင်နေသူများပင်လျှင် သန့်ရှင်းသောဝိညာဉ် တော်၏အသစ် ပြုပြင်နိုင်သော တန်ခိုးအကြောင်းကိုမသိကြပေ။ ကွန်စတန်တင်း အချိန်မှသည် ယခုမျက်မှောက်ကာလအထိ နိုင်ငံ တော်၏ အကူအညီကိုရယူကာ အသင်းတော်ကိုတည်ဆောက်ရန် ကြိုး စားမှုများတွင် လောကကို အသင်းတော်နှင့်နီးကပ်အောင် ကြိုးစား သယောင်ဖြစ်သော်လည်း အမှန်မှာ အသင်းတော်ကို လောကနှင့် နီးအောင် ကြိုးစားသလိုဖြစ်ခဲ့ပါသည်။GCBur 312.4

    အမေရိကန်နှင့် ဥရောပရှိပရိုတက်စတင့်အသင်းတော်များ သည်ဘာသာရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ရှေ့သို့ ချီတက်ရန် ပျက်ကွက်ခဲ့ကြသည်။ ခရစ်တော်အချိန်က ဂျူးများနှင့် လူးသာအချိန်က ရဟန်းမင်းအဖွဲ့ကဲ့သို့ပင် လူအများစုသည် ဘိုး ဘေးများယုံကြည်ခဲ့သည့် အရာများကို ယုံကြည်ခြင်းဖြင့် တင်းတိမ် ခဲ့ကြပါသည်။ GCBur 313.1

    အမှားအယွင်းများနှင့် အယူသီးမှုများကို ဆက်လက် ကိုင်စွဲခဲ့ကြသည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှု များသည်တဖြည်း ဖြည်းအရှိန်သေသွားကာ လူးသာအချိန်တုန်းက ရောမ အသင်း တော်မှာပြုပြင်ပြောင်းလဲပစ်ဖို့လိုအပ်သလို ပရိုတက်စတင့် အသင်း တော်တွင် ပြုပြင်ပြောင်းလဲဖို့လိုအပ်လုနီးပါးဖြစ်လာပါသည်။ ပရိုတက်စတင့်အသင်းတော်တွင် လူတို့၏ ထင်မြင်ယူဆချက်များ ကိုရိုသေကိုးစားခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်နေရာတွင် လူတို့တီထွင်သည့်သီအိုရီများကို အစားထိုးခြင်းများရှိလာပါသည်။ လူတို့သည် သမ္မာကျမ်းစာကို ကြိုးစား လေ့လာရန် လျစ်လျူရှုခဲ့ကြရာ ကျမ်းစာတွင် အခြေအမြစ်မရှိသောယုံကြည်ချက်မျာကို စွဲလမ်း လာကြပါသည်။GCBur 313.2

    မာနထောင်လွှာခြင်းနှင့် အလွန်အကျွံစည်းကမ်းမဲ့ခြင်းများ ကိုဘာသာရေးနှင့် အရေခြုံထားကာ ကျင့်သုံးနေကြရာ အသင်းတော် များသည် ပျက်စီးဖေါက်ပြန်လာကြပါသည်။ လူမြောက်မြားစွာတို့ကို ပျက်စီးဆုံးရှုံးစေသည့် ရိုးရာဓလေ့များသည် အသင်းတော်တွင် အမြစ်စွဲနေချေပြီ။ ပရိုတက်စတင့်အသင်းတော်သည် သန့်ရှင်းသူ တို့၌အထက်ကအသိပေးခဲ့ပြီးသော ယုံကြည်ခြင်းအတွက် တိုက်ပွဲ ဝင်ရမည့်အစား ရိုးရာဓလေ့များကိုမြှောက်စားနေကြသည်။GCBur 314.1

    ဤသို့သောအားဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမား များအနစ်နာခံကြိုးစားရယူခဲ့သောစည်းမျဉ်းများသည် တဖြည်းဖြည်း ယိုယွင်းနိမ့်ကျသွားခဲ့ပါသည်။GCBur 314.2

    *****