Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝရဘုရားအားပထမအကြိမ်စစ်ဆင်ခြင်း

    စာတန်သည် ဤပုဂ္ဂိုလ်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခဲ့ပါ သည်။မြို့တော်ထဲတွင်ရှိနေသည့် ဗိုလ်ခြေများသည် ၎င်းတို့၏ အင်အားနှင့်နှိုင်းစာလျှင် အလွန်နည်းသည်ဖြစ်ရာ မြို့တော်ကို မိမိတို့ သိမ်းပိုက်နိုင်မှာဖြစ်ကြောင်း သူတို့ကြွေးကြော်ကြသည်။ ကျွမ်းကျင် သူများက စစ်ပွဲအတွက် အပြီးသတ် ပြင်ဆင်မှုများကို လုပ်ဆောင်ကြ သလို စစ်ခေါင်းဆောင်ကြီးများကလည်း ဗိုလ်ခြေများကို စနစ်တကျ ဖွဲ့ စည်းကြပါသည်။GCBur 724.2

    နောက်ဆုံးတွင်ချီတက်ရန် အမိန့်ရသည်နှင့်တစ်ပြိုင်နက် ခေတ်အဆက်ဆက်မှအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် မရေမတွက် နိုင်အောင်များပြားသော ထိုဗိုလ်ခြေထုကြီးမှာ ရှေ့သို့စစ်ချီသွားပါ တော့သည်။ ထိုဗိုလ်ခြေထုကြီးကို စာတန်ကိုယ်တိုင်ဦးဆောင်ပါသည်။ စစ်တပ်၏ တိကျသောစည်းစနစ်များနှင့်အညီ ဗိုလ်ခြေအဆင့်ဆင့်သည် ဘုရားသခင်၏ မြို့တော်ဆီသို့ စစ်ချီသွားကြပါသည်။ ယေရှု၏အမိန့်ဖြင့် ယေရုရှလင်မြို့သစ်ရှိ တံခါးများကို ပိတ်ထားရာ စာတန်၏ဗိုလ်ခြေ များသည် မြို့ပတ်လည်တွင် စတင်တိုက်ခိုက်ရန် အသင့်နေရာယူထား ကြပါသည်။GCBur 725.1

    ယခုတွင် ခရစ်တော်သည် ရန်သူများ၏မြင်ကွင်းတွင် ပေါ် လာချေပြီ။ ရွှေစင်ဖြင့်အုတ်မြစ်ချထားသည့် မြို့တော်၏အထက်ဝေး လံမြင့်မားသောနေရာ တွင် ပလ္လင်တော်တစ်ခုရှိ၏။ ထိုပလ္လင်ထက်တွင် သားတော်ဘုရားသည် ထိုင်တော်မူလျက် ပတ်လည်တွင် ကောင်း ကင်သားများခစားနေကြပါသည်။ ခမည်းတော်ဘုရား၏ဘုန်းသည် သားတော်ဘုရားကို ပတ်ရစ်ထားတော်မူ၏။ ကိုယ်တော်၏ ဘုန်း ရောင်ခြည်များသည် မြို့တံခါးများကိုကျော်ကာ ကမ္ဘာကြီးပေါ်တွင်ပင် ထွန်းလင်းနေပါတော့သည်။GCBur 725.2

    ပလ္လင်တော်နှင့်အနီးဆုံးနေရာတွင် ခစားနေကြသူများမှာ တစ်ချိန်က စာတန်အတွက် စိတ်အားထက်သန်စွာအမှုဆောင်ခဲ့ သော်လည်း အလုံးစုံ ဆက်ကပ်လျက် ခရစ်တော်နောက်သို့ လိုက် ခဲ့ကြသူများဖြစ်ကြသည်။ GCBur 725.3

    ၎င်းတို့၏ နောက်နားတွင် ခစားနေကြသူများမှာ လှည့်ဖြား မှုများနှင့် ဘုရားတရား ကင်းမဲ့မှုများအကြားတွင် မိမိတို့၏စာရိတ္တကို စုံလင်စေခဲ့သူများ ပညတ်တော်ကိုပယ်ဖျက်................................... လက်ပြီဟု ကမ္ဘာကြီးကကြွေးကြော်နေသောအချိန်တွင် ဘုရား၏ ပ ညတ်တော်များကို လေးစားလိုက်နာခဲ့သူများဖြစ်ကြသည်။ ယုံကြည် ခြင်း အတွက် ခေတ်အဆက်ဆက်အသက်စွန့်သွားသူများတို့သည် လည်းဤသူများနှင့်အတူ ခစားနေကြပါသည်။ သူတို့၏နောက်နား မှနေ၍ ခစားနေသူများမှာမူ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှ မရေမတွက် နိုင်သော----- ဖြူသောဝတ်လုံကိုဝတ်လျက်၊ စွန်ပလွံခက်ကိုကိုင် လျက်” နေကြသူများဖြစ်သည်။ (ဗျာ၊ ၇:၉)။ ၎င်းတို့ ဆင်နွှဲခဲ့ရသော စစ်ပွဲများကား ပြီးဆုံးခဲ့ချေပြီ။ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် စွန်ပလွံခက်များကို သူတို့ကိုင်ထားကြပါသည်။ ခရစ်တော်၏ ဖြောင့် မတ်ခြင်းကို ပုံဆောင်သည့် ဝတ်လုံဖြူကိုလည်း သူတို့ဝတ်ဆင် ထား ကြချေပြီ။GCBur 725.4

    မိမိတို့၏ကောင်းမှုကုသိုလ်များကြောင့် ကယ်တင်ခြင်းရခဲ့ သည်ဆိုသည့် ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကမျှ ထိုလူအုပ်ထဲတွင်မရှိချေ။ မိမိတို့ ခံစားခဲ့ရသောအရာများကို မည်သူကမှတင်စားဖွင့်ဆိုခြင်း မပြုကြဘဲ လူတိုင်း ဟစ်ကြွေးနေသောအရာမှာ “ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော် မူခြင်းချမ်းသာရှိစေတော်မူသတည်း” ဟူ၍သာဖြစ်၏။GCBur 726.1