Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အပြစ်ရှိကြောင်း သိသာထင်ရှားစေသော ရိုးစင်းသည့်သမ္မာကျမ်းစာ

    ထိုတရားဟောဆရာများသည် နှစ်ခြင်းဆရာယောဟန်ကဲ့သို့ သစ်ပင်ခြေရင်းတွင် ပုဆိန်ကိုချထားကာ နောင်တရခြင်းနှင့်ထိုက်တန် သော အကျင့်ကိုကျင့်ကြရန် လူအားလုံးကိုတိုက်တွန်းခဲ့ပါသည်။ GCBur 394.1

    ရေပန်းစားနေသော တရားဟောချက်များတွင် ကြားရသည့် ငြိမ်းချမ်းရေးအာမခံချက်၊ လုံခြုံရေး အာမခံချက်များနှင့် သမ္မာကျမ်း စာ၏ ရိုးစင်းသောသက်သေခံချက်များကြောင့် ဖြစ်ပေါ်လာသည့် အပြစ် ရှိကြောင်း သိသာထင်ရှားလာခြင်းများအကြား ထင်ရှားသည့် ကွာဟ ချက်များကိုလုံးလုံးတွန်းလှန်နိုင်သောသူအလွန်နည်းပါးလှပါသည်။ GCBur 394.2

    လူအများစုသည် နောင်တရသောစိတ်နှင့် ခရစ်တော်ကို ရှာခဲ့ကြသည်။ အချိန်ကြာမြင့်စွာ လောကအရာများအပေါ် စွဲလမ်း နေရာမှ ယခုတွင် ကောင်းကင်အရာများအပေါ်သို့ စွဲလမ်းလာကြ သည်။ ထိုနောက် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်း ကြလော့။ တရာစီရင်တော်မူသောအချိန် ရောက် လာပြီ” ဟု ဟစ်ကြွေးသူများ နှင့်အတူ ပူးပေါင်းကြွေးကြော်ခဲ့ကြသည်။GCBur 394.3

    “ကယ်တင်ခြင်းရအောင် ကျွန်တော်ဘာလုပ်ရမှာလဲ” ဟု အ ပြစ်သားများက မျက်ရည်ကျလျက်တောင်းခံခဲ့ကြသည်။ တစ်ချိန်က မရိုးသားခဲ့သူများသည် ပြန်ကောင်းလာဖို့စိတ်စောနေကြသည်။ ခရစ် တော်၌ ငြိမ်သက်ခြင်းကိုတွေ့ခဲ့သူများသည် ထိုကောင်းချီးမင်္ဂလာ ကိုသူတစ်ပါးအား မျှဝေနေသည်ကိုမြင်လိုကြသည်။ သားသမီးနှင့်မိဘ များလည်း ပြန်လည် သင့်မြတ်ခဲ့ကြပါသည်။ မာနနှင့်မျိုသိပ်ထားမှု စသည့်အဟန့်အတားများကိုလည်း ပယ်ရှင်းခဲ့ကြပါသည်။ နှလုံးသား မှလာသော အပြစ်ဝန်ချခြင်းများကို သူတို့ပြုလုပ်ခဲ့ကြပါသည်။ ဘုရားသခင့် ထံတွင် အသနားခံနေသောဝိညာဉ်များ နေရာတိုင်းတွင် ရှိနေသည်။ GCBur 394.4

    မိမိတို့၏ အပြစ်များကို ခွင့်လွှတ်ကြောင်းအာမခံချက် ရရန်နှင့်ဆွေးမျိုးမိတ်ဆွေများ ပြောင်းလဲကြရန်အတွက် လူများစွာ တို့သည် ညလုံးပေါက်ဆုတောင်းခဲ့ကြသည်။GCBur 395.1

    ဆင်းရဲချမ်းသာ၊ အနိမ့်အမြင့် စသည့်လူတန်းစားအားလုံး သည်ဒုတိယအကြိမ်ကြွလာခြင်းနှင့် စပ်ဆိုင်သည့်ယုံကြည်ချက်များ ကိုသာ တရားနာရန် အားသန်နေကြသည်။ ဤအမှန်တရားအပေါ် သို့ဘုရားသခင်၏ ဝိညာဉ်တော်တန်ခုးကျရောက်တော်မူခဲ့၏။ ဤ လူအစုအရုံးများထဲတွင် ကောင်းကင်တမန်များသည် ပါဝင်တက် ရောက်နေရာ ယုံကြည်သူဦးရေသည် နေ့စဉ်တိုးပွားလျက်ရှိပါသည်။ GCBur 395.2

    ကြီးကျယ်သောလူအုပ်ကြီးသည် တရားတော်ကို ငြိမ်၍သာ နာကြားခဲ့ကြရာ ကောင်းကင်နှင့်မြေကြီးသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသယောင်ဖြစ်ခဲ့သည်။ အိမ်များတွင်လည်း ကျေးဇူး တော်ချီးမွမ်း ခြင်းများကို ညအချိန်တိုင်အောင် ကျူးအေးနေ ကြပါသည်။ ဤဝတ်ပြု ကိုးကွယ်ပွဲများသို့ တက်ရောက်ခဲ့ဖူးသူများသည် ထိုမြင်ကွင်းများကို မေ့ပျောက်နိုင်ကြတော့မည် မဟုတ်ချေ။GCBur 395.3

    Larger font
    Smaller font
    Copy
    Print
    Contents