Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တန်ခိုးအာဏာအသစ်တစ်ခုပေါ်ထွန်းလာခြင်း

    ဤတွင် အခြားအထိမ်းအမှတ်လက္ခဏာတစ်ခု အစပျိုးလာ ပါသည်။ “အခြားသောသားရဲတစ်ကောင်သည် သိုးသငယ်၏ချိုနှင့်တူ သော ချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့စကားပြောလျက် မြေကြီးထဲ ကထွက်သည်ကို ငါမြင်၏။” ဗျာ၊ ၁၃:၁၁။ ဤအထိမ်းအမှတ်လက္ခ ဏာသည် ကနဦးအရာများနှင့် ကွဲပြားခြားနားနေပါသည်။ ကမ္ဘာကိုအုပ်စိုးခဲ့သောနိုင်ငံကြီးများကို ဒံယေလအားဖေါ်ပြရာ၌ “မိုးကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်း တိုက်ကြလျှင် သဏ္ဌာန်ချင်းမတူသောသားရဲ” များကိုသာ ရူပါရုံပေးဖေါ်ပြခဲ့ ပါသည်။ ရေသည် “လူအမျိုးမျိုးအစုစု” တို့ကို ပုံဆောင်ကြောင်း ဗျာ၊ ၁၇:၅၅ တွင် ဖေါ်ပြထားပါသည်။ လေသည် တိုက်ခိုက်မှုများ၏ အထိမ်းအမှတ် ဖြစ်ပါသည်။ အရပ်လေးမျက်နှာ မှလေများသည် သမုဒ္ဒရာပေါ်တွင် တိုက်ခတ်နေသည်ဟုဆိုရာ၌ ကြောက်စရာတိုက်ပွဲများအားဖြင့် ထိုနိုင်ငံ များသည် အာဏာကိုရ ယူခဲ့ကြောင်း ဖေါ်ပြခြင်းဖြစ်သည်။GCBur 470.3

    သို့ရာတွင် သိုးသငယ်၏ချိုကဲ့သို့သော ချိုနှစ်ချောင်းရှိသော သားရဲသည် မြေကြီးထဲကထွက်လာသည်ကို ပုရောဖက်မြင်နေပါ သည်။ GCBur 471.1

    ထိုကြောင့် ဤသားရဲပုံဆောင်ထားသည်နိုင်ငံသည် အခြား နိုင်ငံများအပေါ် အာဏာတန်ခိုးကို အသုံးပြုကာ ပေါ်ထွန်းလာသော နိုင်ငံမဟုတ်ဘဲ တည်ထောင်ပြီးမဟုတ်သော နေရာဒေသတစ်ခုမှာ အေးအေးချမ်းချမ်းဖြင့် ပေါ်ထွန်းလာသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ဤနိုင်ငံကို ကမ္ဘာ့အနောက်ခြမ်းတွင် ရှာဖွေရပါမည်။GCBur 471.2

    မည်သည့်နိုင်ငံသည် ၁၇၉၈ ခုနှစ်တွင် အာဏာတန်ခိုး ကြီးထွားလာကာ ကမ္ဘာ့စိတ်ဝင်စားခြင်းကို ခံခဲ့ရသနည်း။ အနာဂတ္တိ စကားနှင့်ကိုက်ညီသည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုပင်ဖြစ်သည်။ ထိုနိုင်ငံ ပေါ်ထွန်းလာပုံကို ဖေါ်ပြရာတွင် သမိုင်းပညာရှင်များသည် ကျမ်းရေးဆရာ များနှင့် တစ်ထပ်တည်း ကျနေသည့် စကားလုံးအသုံးအနှုန်းများကို မသိစိတ်ဖြင့် အသုံးပြု ကြသည်။ လွတ်လပ်လဟာပြင်မှ ထိုနိုင်ငံပေါ်ထွန်းလာပုံ၏ နက်နဲမှု များအကြောင်းကို နာမည်ကြီးစာရေးဆရာကြီးတစ်ဦးက “ကျွန်ုပ် တို့ဟာ အသံတိတ်သစ်စေ့ကလေးတစ်ခုကို အင်ပါယာသစ်ပင် ကြီးတစ်ခုဘဝသို့ ရောက်အောင် စိုက်ပျိုးခဲ့တာနဲ့တူနေတယ်” ဟု ပြောဆိုပါသည်။ အမေရိကန် ပြည်ထောင်စုသည် အာဏာတန်ခိုးနှင့် ဥစ္စာစည်းစိမ်များနေ့စဉ်တိုးပွားကာ ဆိတ်ညံသောကမ္ဘာတွင် ပေါ်ထွန်း ခဲ့သည်ဟု ဥရောပဂျာနယ်က ၁၈၅၁ ခုနှစ်တွင် ဖွင့်ဟခဲ့သည်။ “ထိုသားရဲ၌ သိုးချိုနှင့်တူသော ချိုနှစ်ချောင်းရှိသည်။” သိုးသငယ်ချိုဟု ဆိုရာတွင် ငယ်ရွယ်ခြင်း၊ အပြစ်ကင်းခြင်းနှင့် သိမ်မွေ့ခြင်းတို့ကို ဖေါ် ညွှန်းပါသည်။ GCBur 471.3

    အင်္ဂလန်အစိုးရနှင့် အင်္ဂလန်အသင်းတော်တို့၏ ဖိနှိပ်ညှဉ်း ပန်းမှုများကြောင့် အမေရိကန်သို့ ထွက်ပြေးလာခဲ့ကြသည့် ခရစ်ယာန် များသည် နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ GCBur 472.1

    “လူအပေါင်း တို့သည် သာတူညီမျှဖန်ဆင်းခြင်းခံရပြီး အသက်တာလွတ်လပ်မှုနှင့် ပျော်ရွှင်မှု ရအောင် ကြိုးစားမှုများတွင် လွှပြောင်း၍မရသောအခွင့်အရေးများနှင့် ကောင်းချီးသွန်းလောင်း ခြင်းခံရသူများဖြစ်သည်” ဟု လွတ်လပ်ရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားပါသည်။ GCBur 472.2

    မဲဆန္ဒဖြင့်ရွေးချယ်ခြင်းခံရသည့် ကိုယ်စားလှယ်များက ဥပဒေများကိုအတည်ပြုကျင့်သုံးရန် စီစဉ်လျက် ကိုယ်တိုင်ကိုယ်ပိုင်အုပ် ချုပ်ခြင်းစနစ်ကိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အာမခံထားပါသည်။ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း ပေးထားပါသည်။ သမ္မတအုပ်ချုပ် ရေးဝါဒနှင့် ပရိုတက်စတင့်အယူဝါဒတို့သည် ထိုနိုင်ငံ၏ တန်ခိုးအာဏာ နှင့် ကြီးပွားချမ်းသာမှု၏ လျှို့ဝှက်ချက်ဖြစ်သော အခြေခံ စည်းမျဉ်းများ ဖြစ်လာခဲ့ပါသည်။ သန်းနှင့်ချီသောလူများသည် အမေရိကန်ပြည်သို့ လာရောက်နေထိုင်ကြသဖြင့် ထိုနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများအလယ်တွင် ကြီးပွားချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ ပါသည်။ သိုးချိုနှစ်ချောင်းနှင့် ပြည့်စုံသော ထိုသား ရဲသည် နဂါးကဲ့သို့ စကားပြောလျက်---- သူ့အလျင်ဖြစ်သော ပထမ သားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသောဒဏ်ချက် ပျောက်ခဲ့ပြီးသော ပထမသားရဲကို မြေကြီးမှ စ၍ မြေကြီးသား တို့သည်ကိုးကွယ်စေခြင်းငှာ ပြု၏။ ---- ဓါးနှင့်ခုတ်သောဒဏ်ချက် ကိုခံရ၍ အသက်ရှင်သေးသော သားရဲ၏ရုပ်တုကိုလုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာထား၏။” ဗျာ၊ ၁၃:၁၁-၁၄။GCBur 472.3

    သိုးချိုရှိသောသားရဲနှင့် နဂါးတို့သည် “ဆန့်ကျင်ဘက်ဖြစ် နေသော အရာတစ်ခုကို ပြညွှန်နေပါသည်။ နဂါးကဲ့သို့စကားပြော၍ ပထမသားရဲ၏ တန်ခိုးအာဏာအားလုံးကို အသုံးပြုလိမ့်မည်ဟူသော ဟောကိန်းသည် နှိပ်စက်ညှဉ်းပန်းလိုသည့် စိတ်ဓါတ်၊ မခံသာအောင် ပြုလိုသည့် စိတ်ဓါတ်များကို ကြိုတင်ဖွင့်ဟခြင်းဖြစ်သည်။ GCBur 473.1

    သိုးချိုနှင့် သားရဲသည် ပထမသားရဲအား မြေကြီးသားတို့ ကိုးကွယ်စေခြင်းငှာပြုသည်ဟု ဆိုရာတွင် နိုင်ငံတော်အာဏာကို အသုံး ပြုပြီး ရဟန်းမင်းအား ကိုးကွယ်သည့်အပြုအမူတစ်ခု လုပ်ဆောင်ရန် ဖိအားပေးခြင်းကို ဖေါ်ညွှန်းပါသည်။GCBur 473.2

    ဤသို့သောလုပ်ရပ်များသည် နိုင်ငံတော်၏လွတ်လပ် သောအဖွဲ့အစည်းများ၏ ထူးကဲသောအခြေအနေများနှင့်လည်းကောင်း၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေနှင့်လည်းကောင်း ဆန့်ကျင်နေပါသည်။ “ကွန်ဂရက် သည် ဘာသာရေး တည်ထောင်မှုတစ်ခုကို အလေးပေးသည့် မည်သည့် ဥပဒေကိုမျှမပြဌာန်းရ။ ဘာသာရေးလွတ်လပ်မှုကို အသုံးပြုခြင်း ကိုလည်း မတားမြစ်ရ။ အမေရိကန်ပြည်ထောင်စု၏ လက်အောက်ရှိ လူထုအားကိုး အားထားပြုသည့်ရာထူးများအတွက် ဘာသာရေးဆိုင် ရာစစ်ဆေးမှုကို အရည်အချင်းတစ်ခုအဖြစ် မတောင်းဆိုရ” ဟု ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွင် ဖေါ်ပြထားသည်။ လွတ်လပ်ခွင့်ကိုချိုး ဖောက်ကာ ဤလုပ်ရပ်များကို ထိုအထိမ်းအမှတ်လက္ခဏာတွင် တွေ့ ရပါသည်။ နူးညံ့သိမ်မွေ့၍ အန္တရာယ် ကင်းသော ထိုသိုးချိုနှစ်ချောင်း ရှိသောသားရဲသည် နဂါးတစ်ကောင်အလား စကားပြောနေပါ သည်။GCBur 473.3

    “သားရဲ၏ရုပ်တုကိုလုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာ ထား၏။” ဤတွင် လူထု၌ ဥပဒေပြုခွင့်အာဏာရှိသော အစိုးရ ဖွဲ့စည်းပုံတစ်ခုကို တင်ပြထားရာ ဤအရာသည် အမေရိကန်ပြည် ထောင်စုအား ဖေါ်ပြပါနိုင်ငံ ဖြစ်နေကြောင်း ထင်ရှားထိမိသော အ ထောက်အထားတစ်ခုဖြစ်သည်။GCBur 474.1

    သို့ဆိုလျှင် သားရဲ၏ရုပ်တုမှာ မည်သည့်အရာနည်း။ မည်သို့ ဖွဲ့စည်းပါသနည်း။GCBur 474.2

    ရှေးဦးအသင်းတော်သည် ပျက်စီးယိုယွင်းလာသောအခါ နိုင်ငံရေး ဩဇာတန်ခိုးရှိသူများ၏ ထောက်ခံမှုကို ရအောင်ကြိုးစား လာသည်။ GCBur 474.3

    ရလဒ် အနေဖြင့် ရဟန်းမင်း၏ အသင်းတော်သည် အထူးသဖြင့်ဘာသာရေး ဖေါက်ပြန်မှုများဟု ကင်ပွန်းတပ်ထား သည့်အရာများအပေါ် အပြစ်ပေးရန် သက်ဆိုင်ရာအစိုးရများ ကိုအသုံးပြုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် သားရဲ၏ ရုပ်တုကိုတည်ထောင်ရန်အလို့ငှာ အစိုးရကို အသင်းတော်၏ အကျိုး အတွက် အသုံးပြုနိုင်ရန် ဘာသာရေးခေါင်းဆောင်များသည် အစိုးရ အဖွဲ့အစည်းများကို ထိန်းချုပ်ထားရမည်။GCBur 474.4

    ရောမအသင်းတော်၏ခြေရာအတိုင်း လိုက်လျှောက်နေ သောပရိုတက် စတင့်အသင်းတော်များသည် ဩတ္တပ္ပစိတ်လွတ်လပ်မှု ကိုအနိုင်အထက်ပြုရန် ဆန္ဒရှိကြောင်း ဖေါ်ပြနေပါသည်။ ခွဲရေးသမား များအပေါ် အင်္ဂလန်အသင်းတော်က ကာလကြာရှည်စွာ ကျင့်သုံးခဲ့သည့် နှိပ်စက်ညှဉ်းပန်းခြင်းကို နမူနာတစ်ခုအနေဖြင့် ကြည့်ရှုနိုင်ပါသည်။GCBur 475.1

    ၁၆ ရာစုနှင့် ၁၇ ရာစုများတွင် ဂိုဏ်းဂဏကွဲပြားသည့် အသင်းအုပ် ဆရာများနှင့် အသင်းသားများအား ဒဏ်ငွေဆောင်ခိုင်း ခြင်း၊ ထောင်ချခြင်း၊ ညှဉ်းပန်းခြင်းနှင့် ကွပ်မျက်ခြင်းများပြုလုပ်ခဲ့ ပါသည်။GCBur 475.2

    အယူဝါဒဖေါက်ပြန်ခြင်းကြောင့် ရှေးဦးအသင်းတော်သည် အစိုးရ၏ အမအစများကို ရအောင်ကြိုးပမ်းခဲ့ရာ သားရဲတည်း ဟူသောရဟန်းမင်းအတွက် လမ်းပွင့်သွားခဲ့ပါသည်။ “ဖေါက်ပြန် သင်းခွဲခြင်းသည် အလျင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီး ခြင်း၏သားသည် ပေါ်လာရလိမ့်မည်” ဟု ရှင်ပေါလုက မိန့်ဆိုထား ပါသည်။ ၂သက်၊ ၂:၃။GCBur 475.3

    “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ် ကြလော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှား စော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချော စားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန် သော သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ် သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော် ခြင်းတန်ခိုးကို ငြင်းပယ်သော သူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင် လော့။” ၂တိ၊ ၃:၁-၅။ GCBur 475.4

    “ဝိညာဉ်တော်သည် အတိအလင်း ဗျာဒိတ်ထားတော် မူသည်ကား နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်း ကိုခံပြီးလျှင် ---- လူတချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ် တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သောဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” ၁တိ၊ ၄:၁-၂။GCBur 476.1

    “ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော် သော စိတ်ကိုမခံယူကြ။---မုသားစကားကိုယုံစိမ့်သောငှာ မတရား သောအမှု၌ မွေ့လျော်ကြ၏။” ၂သက်၊ ၂:၁၀-၁၁။ ဤအခြေအနေ သို့ရောက်လာသော အချိန်တွင် ပထမရာစုနှစ်မှာတုန်းကကဲ့သို့သော အကျိုးဆက်များကို ခံစားကြရလိမ့်မည်။GCBur 476.2

    ပရိုတက်စတင့်အသင်းတော်များတွင် ကွဲပြားခြားနားသော ယုံကြည်ခြင်းများရှိနေခြင်းသည် အတင်းအကျပ်ညီညွတ်စေဖို့ မဖြစ်နိုင် ကြောင်း သက်သေများအဖြစ် အများကယူဆကြသည်။ သို့ရာတွင် စည်းလုံးညီညွတ်မှုကို မြတ်နိုးသည့်စိတ်များသည် ဆက်လက်တိုးတက် လျက်ပင် ရှိနေသေးရာ ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သဘောထားတိုက်ဆိုင်မှုမရှိသဖြင့် ဆွေး နွေးပွဲ များကို ရပ်ဆိုင်းပစ်ခဲ့ရသည်။ အဆုံးတွင် အားလုံးသဘော တူညီချက် ရသွားအောင် လုပ်ဆောင်ရမည့်တစ်ခုတည်းသောနည်း လမ်းမှာ အင်အားသုံးခြင်းပင် ဖြစ်လာသည်။GCBur 476.3

    တူညီသောယုံကြည်ချက်များအပေါ်အခြေခံလျက် အချင်း ချင်းစည်းလုံးမှုရရှိနေကြသည့် အမေရိကန်အသင်းတော်ကြီးများသည် ၎င်းတို့ ထုတ်ထားသည့်အမိန့်များကို ပိုမိုထိရောက်စေရန်နှင့် ၎င်းတို့၏ အဖွဲ့အစည်း များကို ဆက်လက်ထောက်မရန် ဩဇာရှိလာသောအချိန် တွင် ရောမ အုပ်ချုပ်ပုံ၏ရုပ်တုကို တည်ဆောက်နိုင်လာလိမ့်မည်။ အကျိုးဆက်အဖြစ် ဂိုဏ်းဂဏခွဲထွက်သူများအပေါ် ပြစ်ဒဏ်စီရင်မှု များပြုလာကြလိမ့်မည်။GCBur 477.1