Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သစ္စာရှိမှုအတွက် မဟာစမ်းသပ်ချက်

    သစ္စာရှိမှုအတွက် မဟာစမ်းသပ်ချက်ဖြစ်သော သတ္တမနေ့ ဥပုသ်သည် အထူးအငြင်းပွားစရာအမှန်တရားဖြစ်နေပါသည်။ မှား ယွင်းသောဥပုသ်ကို စောင့်ရှောက်ခြင်းသည် ဘုရားသခင်ကိုဆန့် ကျင်သောတန်ခိုးအာဏာတစ်ခုကို မဟာမိတ်ပြုရန် ကတိကဝတ် ပြုခြင်းတစ်ခုဖြစ်သကဲ့သို့ စစ်မှန်သောဥပုသ် နေ့ကိုစောင့်ရှောက်ခြင်း သည် ဖန်ဆင်းရှင်အပေါ်သစ္စာရှိကြောင်း အထောက်အထားတစ်ခု ဖြစ်ပါသည်။ အဖွဲ့တစ်ဖွဲ့သည် သားရဲ၏တံဆိပ်ကို လက်ခံနေစဉ်တွင် ကျန်တစ်ဖွဲ့မှာ ဘုရားသခင်၏တံဆိပ်ကိုလက်ခံနေပါသည်။GCBur 660.1

    အယူဝါဒဆိုင်ရာ သည်းမခံမှုများဖြစ်လာကာ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ရှောက်သူများအား အသင်းတော်နှင့် အစိုးရ ပူးပေါင်း လျက် နှိပ်ကွပ်လိမ့်မည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်းထုတ် ခြင်းများကို အခြေအမြစ်မရှိသော ယုံတမ်းစကားများသာဖြစ်သည် ဟုကြွေးကြော်ခဲ့ကြသည်။ သို့သော် တနင်္ဂနွေဥပုသ်စောင့်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော် လာသောအချိန်တွင် တစ်ချိန်က သံသ ယဖြစ်ခဲ့သော ထိုအဖြစ်အပျက်သည် ဖြစ်ပျက်ဖို့နီးကပ်လာပြီဖြစ် ကြောင်း မြင်တွေ့ရရုံသာမက ထိုသတင်းစကားသည် ယခင်ကတစ် ခါမျှမဖြစ်ခဲ့ဖူးသော အကျိုးသက်ရောက်မှု မျိုးကိုဖြစ်ပေါ်စေပါလိမ့် မည်။GCBur 660.2

    ဤလောကနှင့် အသင်းတော်တွင်ကျူးလွန်နေသောအပြစ် များကို ဆုံးမရန် ဘုရားသခင်သည် ကိုယ်တော်၏ကျွန်များကို လူ သားမျိုးဆက် တိုင်းတွင် စေလွှတ်တော်မူခဲ့သည်။ ကျူးလွန်လျက် ရှိသောအပြစ်များကို ဆန့်ကျင်တိုက်လှန်မှုတွင် ဘာသာရေးပြုပြင် ပြောင်းလဲရေး သမားများသည် အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြသည်။ မိမိတို့၏ စင်ကြယ်သောခရစ်ယာန်အသက်တာပုံစံအားဖြင့် လူတို့ကို သမ္မာကျမ်းစာဆီသို့ ပြန်လည်ခေါ်ဆောင်နိုင်လိမ့်မည်ဟုလည်း သူတို့ မျှော်လင့်ခဲ့ကြသည်။ သူတို့ထံသို့ သန့်ရှင်းသောဝိညာဉ်တော် ကျ ရောက်လာသောအခါ အကျိုးဆက် များကို ဂရုမထားတော့ဘဲ သမ္မာ ကျမ်းစာမှ ရိုးစင်းသောယုံကြည်ချက်များကို အထိန်အချုပ်မဲ့ ဟောကြားကြပါတော့သည်။GCBur 660.3

    ထာဝရဘုရားသည် အမှုတော်အတွက် ဆက်ကပ်ထားသည့် နှိမ့်ချသော လူတန်းစားများကိုအသုံးပြုကာ သတင်းစကားများကိုထို ကဲ့သို့ ကြွေးကြော်တော်မူလိမ့်မည်။ အမှုဆောင်များအား စာသင် ကျောင်း၌သင်သော စားများအားဖြင့်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် အရည်အသွေး ပြည့်ဝစေတော်မူလိမ့်မည်။ လူတို့သည် ဘုရားသခင်မိန့်မြွက်သောနှုတ်ကပတ် တော်များကိုဖွင့်ဆိုလျက် ဖြူစင် သောဇွဲလုံ့လဖြင့် ရှေ့သို့ချီကာ ဟောကြားကြ ပါလိမ့်မည်။ ဗာဗုလုန်၏ အပြစ်များကိုဖေါ်ပြကြလိမ့်မည်။ ထိုသတင်းစကားများကို တစ်ခါမျှ မကြားဖူးသည့် လူပေါင်းများစွာတို့သည် လှုပ်ရှားလာကြလိမ့်မည်။ ဗာဗုလုန်ဆိုသည်မှာ မိမိ၏အပြစ်ကြောင့် လည်းကောင်း၊ သမ္မာတရား ကိုငြင်းပယ်ခြင်းကြောင့်လည်းကောင်း ကျဆုံး နေသောအသင်းတော် ဖြစ်သည်။ GCBur 661.1

    လူတို့သည် ၎င်းတို့၏ဆရာများထံသွားကာ “ဤအရာ တွေဟာတကယ်ပဲဖြစ်နေသလား” ဟုမေးမြန်းကြရာ ၎င်းဆရာများ သည် ယုံတမ်းစကားများကိုပြောကာ အသင်းသားများ၏ နိုးထနေ သောဩတ္တပ္ပစိတ်ကို ငြိမ်သက်သွားစေကြပါသည်။ သို့ရာတွင် အများစုက “ထာဝရဘုရားမိန့်တော်မူသည့်အရာများ” ကို တောင်း ဆိုလာကြ သောအခါ ရေပန်းစားနေသောထိုအသင်းတော်၏ လုပ် ဆောင်မှုများသည် သမ္မာတရားကိုကြွေးကြော်သူများအား နှိပ်စက် ညှဉ်းပန်းရန် ဒုစရိုက်ကို ချစ်သူများအား နှိုးဆွပေးကြပါသည်။GCBur 661.2

    အသင်းတော်လူကြီးများသည် အလင်းတရားကိုဟန့်တားရန် သော်လည်းကောင်း၊ အရေးကြီးသည့် ထိုကဲ့သို့သောမေးခွန်းများကို မမေးဖို့ နှိပ်ကွပ်ရန်သော်လည်းကောင်း အစွမ်းကုန်ကြိုးစားကြလိမ့် မည်။ GCBur 662.1

    အသင်းတော် သည် အစိုးရထံ၌ အကူအညီတောင်းကာ အ ကြမ်းဖက်နှိပ်ကွပ်ခဲ့ရာ ဤလုပ်ဆောင်မှုတွင် ကာသိုလစ်နှင့် ပရိုတက် စတင့်တို့သည် ပူးပေါင်းခဲ့ ကြသည်။ တနင်္ဂနွေဥပုသ်ကိုစောင့်ရန် ပို၍ဖိအားပေးလာသည်နှင့်အမျှ ပညတ်တော်ကိုစောင့်ရှောက်သူများ အား ဒဏ်ငွေဆောင်စေခြင်း၊ အကျဉ်းချခြင်းများဖြင့် ခြိမ်းခြောက်လာ ပါသည်။ GCBur 662.2

    တချို့မှာ ၎င်းတို့၏ ယုံကြည်ခြင်းကိုစွန့်လွှတ်ရန် ကြီးမား သောရာထူးများနှင့် ဆုလက်ဆောင် များဖြင့် သွေးဆောင်ခြင်းခံ ရသည်။သို့ရာတွင် “ကျွန်ုပ်တို့၏အမှားကို သမ္မာကျမ်းစာတွင် ထောက် ပြပါ” ဟူသောတုံ့ပြန်ချက်ကိုသာ ၎င်းတို့ပေးခဲ့ ကြသည်။ ဤနည်း အားဖြင့် တရားရုံးများတွင် သမ္မာတရားအကြောင်း သိရှိခွင့် ရသွား ကာလူတချို့တို့သည် ပညတ်တော်ကိုစောင့်ထိန်းရန် ရပ်တည်လာ ကြပါသည်။ ထိုသို့မှမဟုတ်လျှင် လူပေါင်းများစွာတို့သည် သမ္မာတ ရားအကြောင်းကို လုံးဝသိရှိကြမည်မဟုတ်ချေ။GCBur 662.3

    ဘုရားသခင်၏စကားတော်ကို နားထောင်လိုက်လျှောက် ခြင်းအား ပုန်ကန်ခြားနားမှုတစ်ခုအဖြစ် သတ်မှတ်ကြပါမည်။ မိဘ များက ယုံကြည်သူ သားသမီးများအပေါ် ရက်စက်ကြလိမ့်မည်။ ထိုသားသမီးများကို အမွေဖြတ်ကာ အိမ်မှမောင်းထုတ်ကြလိမ့်မည်။ “ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲ ခြင်းကိုခံကြရလိမ့်မည်” ဟု နှုတ်ကပတ်တော်တွင် အနာ ဂတ်ပြုထားသည့် အတိုင်း သမ္မာတရားကိုလက်ကိုင်ထားကာ တနင်္ဂ နွေဥပုသ်ကိုလက်ခံရန် ငြင်းပယ်သူတချို့သည် ထောင်ချခြင်းကိုခံရလိမ့်မည်။ GCBur 662.4

    တချို့မှာ နယ်နှင်ဒဏ် ထိလိမ့်မည်။ တချို့မှာ ကျွန်များ သဖွယ်ဆက်ဆံခြင်း ခံရ လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ထံမှ ဆုတ်ခွာသွားသည်နှင့်အမျှ ထူးဆန်းသောအရာများဖြစ် ပျက်လာလိမ့်မည်။ ဘုရားသခင်ကို ကြောက်ချစ်သည့်စိတ်ကို ဖယ် ရှားလိုက်သည်နှင့်အမျှ စိတ်နှလုံးများသည် ရက်စက်ကြမ်းကြုတ် လာလိမ့်မည်။GCBur 663.1