Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၄)—ခရစ်တော်သည်မည်သည့်အမှုတော်ကို ယနေ့ဆောင်ရွက်နေသနည်း

    သန့်ရှင်းရာဌာနတော်ဆိုင်ရာအကြောင်းအရာများက စိတ် ပျက်ရခြင်း၏ နက်နဲသောအကြောင်းရင်းများကို ဖွင့်ဟဖေါ်ပြခဲ့သည်။ မြော်လင့်ခြင်းဆိုင်ရာလှုပ်ရှားမှုအပေါ် ဘုရားသခင်အုပ်စီးထား ကြောင်းထင်ရှားစေသည့် သမ္မာတရား၏စုံလင်သောစနစ်တစ်ခုကို လည်း မြင်သာစေခဲ့ပါသည်။ GCBur 452.1

    ဘုန်းတော်ဖြင့် ဒုတိယအကြိမ်ကြွလာမည့် ကိုယ်တော်ရှင်ကို ယုံကြည်ခြင်းအားဖြင့် မြော်လင့်ခဲ့သူများသည် မြော်လင့်ချက်မ ပြည့်စုံသဖြင့် စိတ်ပျက်ဝမ်းနည်းကာ ခရစ်တော်ကို မျက်ခြည်ပြတ်သွား ခဲ့ကြသည်။ ယခုတွင်မူ မကြာမီတွင် ဘုရင်တစ်ပါး၊ ရွေးနုတ်ရှင်တစ်ပါး အဖြစ်နှင့် ကြွလာတော့မည့် ၎င်းတို့၏ ယဇ်ပုရောဟိတ်မင်းကြီးကို အသန့်ရှင်းဆုံးအခန်းထဲမှာ တွေ့မြင်နေရပါသည်။ GCBur 452.2

    သန့်ရှင်းရာဌာနတော်မှ ထွန်းတောက်လာသော အလင်းတန်း သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ထင်ရှားစေပါသည်။ မိမိတို့ယူဆောင်လာသည့် သတင်းစကားကို သူတို့ နားလည်ရန် ပျက်ကွက်ခဲ့ကြသော်လည်း ထိုသတင်းစကားသည် ၎င်းတို့အား အ မှန်ဘက်သို့ပြင်ဆင်ပေးခဲ့ပါသည်။GCBur 452.3

    မှားယွင်းမှုသည် အနာဂတ္တိကျမ်းဆိုင်ရာ အချိန်သတ်မှတ်ချက် တွင် မဟုတ်ဘဲ နှစ်ပေါင်း ၂၃၀၀ အဆုံးတွင်ဖြစ်ပျက်မည့်အကြောင်း အရာ သတ်မှတ်ချက်တွင် ဖြစ်နေပါသည်။ သို့စေကာမူ အနာဂတ္တိကျမ်း တွင် ကြိုတင် ဖွင့်ဆိုထားသမျှသည် ပြည့်စုံပြီးမြောက်ခဲ့ပါသည်။GCBur 452.4

    ခရစ်တော်ကြွလာသောနေရာမှာ ဤကမ္ဘာကြီးမဟုတ်ဘဲ ကောင်းကင်ဘုံမှ သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးအခန်းဖြစ် ပါသည်။ “ထိုညအခါ ငါသည်အာရုံပြု၍ လူသားနှင့်တူသောသူ တစ်ဦးသည် မိုးတိမ်ကို စီးလျက် (ဤကမ္ဘာကြီးသို့မဟုတ်ဘဲ) အသက် ကြီးသောသူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော် ပါးသို့သွင်းကြ၏။” ဒံ၊ ၇:၁၃။GCBur 453.1

    ဤအကြောင်းအရာကို မာလခိအနာဂတ္တိကျမ်းတွင်လည်း ကြိုတင် ဟောကိန်းထုတ်ထားပါသည်။ “ကြည့်ရှုလော့၊ ငါသွားရာ လမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသော သခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိ၏ ဗိမာန်တော်ကို ချက်ချင်းလာလိမ့်မည်။ ကြည်ရှုလော့၊ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏။” မာလခိ ၃:၁။ GCBur 453.2

    မိမိ၏ဗိမာန်တော်သို့ သခင်ဘုရား ကြွလာခြင်းသည် “ချက် ချင်း” ဖြစ်ပြီး ၎င်း၏လူတို့မြော်လင့်မထားသော အချိန်တွင် ကြွ လာခြင်းဖြစ်သည်။ ထိုသူတို့သည် ထိုနေရာသို့ ကိုယ်တော်ကြွလာမည် ဟု မြော်လင့်မထားခဲ့ကြချေ။GCBur 453.3

    ကိုယ်တော်ကိုကြိုဆိုရန် သူတို့အဆင်သင့်မရှိကြသေးဘဲ ပြင်ဆင်စရာများ ရှိနေဆဲဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အမှုတော် ထမ်းဆောင်နေသော ထိုသူများအား ယဇ်ပုရောဟိတ်မင်း၏ နောက် တော်သို့ လျှောက်လိုက်စဉ်တွက် ကျင့်ဆောင်ရမည့် တာဝန်အသစ်များ ကို ဖေါ်ပြတော် မူခဲ့ပါသည်။ အသင်းတော်အတွက်လည်း အခြားသတင်း စကားတစ်ခု ပေးရန်ရှိနေပါသေးသည်။GCBur 453.4