Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပြစ်ဖြေရာနေ့ကြီး

    ယဇ်ပုရောဟိတ်မင်းကြီးသည် တစ်နှစ်လျှင်တစ်ကြိမ်သာ ကျရောက်သည့် အပြစ်ဖြေရာနေ့ကြီးတွင် သန့်ရှင်းရာဌာနကို ဆေး ကြောသုတ် သင်ခြင်းအမှုဆောင်ရွက်ရန် အသန့်ရှင်းဆုံးအခန်းထဲ သို့ဝင်ပါသည်။ ဆိတ်ကလေး နှစ်ကောင်ကိုယူဆောင်ခဲ့ပြီး “ထာဝရ ဘုရားအဖို့ စာရေးတံတစ်ခု၊ လွတ်လပ်လဟာအဖို့ စာရေးတံ တစ်ခု” ချပါသည်။ ထာဝရဘုရားအဖို့ စာရေးတံကျသောဆိတ်ကို လူတို့အတွက် အပြစ်ဖြေရာယဇ် အဖြစ် သတ်၍ပူဇော်ပါသည်။ ထိုနောက် ထိုဆိတ်၏သွေးများကို ယဇ်ပုရောဟိတ်မင်းက ကန့်လန့် ကာအတွင်းထဲသို့ယူလာကာ ကရုဏာပလ္လင် ရှေ့ရှိ ကန့်လန့်ကာကို လည်းကောင်း၊ ကန့်လန့်ကာရှေ့ရှိ နံ့သာပေါင်းကိုမီးရှို့ရာ ယဇ်ပလ္လင် ကိုလည်းကောင်း ပက်ဖျန်းပါသည်။GCBur 446.2

    “အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ် ဘက်ကို တင်လျက် ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှား သောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်မှာတင် ထားပြီးလျှင် တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။ သူတို့ အပြစ် ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။” ဝတ်၊ ၁၆:၂၁-၂၂။ တောထဲသို့လွှတ်လိုက် သောဆိတ်သည် ဣသရေလစခန်းသို့ ပြန်မလာတော့ချေ။GCBur 447.1

    ဘုရားသခင်၏သန့်ရှင်းခြင်းနှင့် အပြစ်ဒုစရိုက်ကို ကိုယ်တော် ရွံရှာခြင်းများအား ဣသရေလများမှတ်မိမှတ်သားဖြစ်စေရန် ထိုအ ခမ်းအနားကိုရည်ရွယ်၍ ကျင်းပတော်မူခြင်းဖြစ်သည်။ အပြစ်ဖြေ ရာအမှုကို ဆောင်ရွက်နေစဉ်အတွင်း လူအသီးသီးတို့သည် မိမိတို့ ပြုမိခဲ့သည့် ဒုစရိုက်များကို ပြန်လည်သတိရအောက်မေ့လျက် တစ်နေ့ လုံး အစာရှောင်၊ ဆုတောင်းကြရန်ဖြစ်သည်။GCBur 447.2

    အပြစ်သားကိုယ်စား အစားထိုးသည်အချက်ကို လက်ခံတော် မူသော်လည်း ထိုယဇ်ကောင်၏သွေးသည် အပြစ်ကိုမချေဖျက်နိုင်ပါ။ ထိုအပြစ်သည် သန့်ရှင်းရာဌာနတော်သို့ပြောင်းရွှေ့တင်ကျံနေပါသည်။ ယဇ်ကောင်ကိုသတ်၍ ပူဇော်လိုက်ခြင်းအားဖြင့် ထိုအပြစ်သားသည် ပညတ်တော်၏အာဏာတန်ခိုးကို အသိအမှတ်ပြုခြင်း၊ အပြစ်ကို သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင် ကိုယ်ထဲသို့ဝင်တော်မူပြီ” ဟု ကောင်းကင်သို့တက်ကြွသွားပြီးနောက် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခရစ်တော်အမှုတော်လုပ်ဆောင်နေ ကြောင်း ဖေါ်ပြထားသည်။ ဟေဗြဲ ၉:၂၄။GCBur 447.3

    ပထမအခန်းဟုခေါ်သည့် ကန့်လန့်ကာအတွင်းမှ သန့်ရှင်းရာ အခန်းတွင် အမှုတော်ဆောင်ခြင်းသည် ကောင်းကင်သို့တက်ကြွ သွားပြီးနောက် ခရစ်တော်လုပ်ဆောင်သောအမှုတော်ပင်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် နေ့စဉ် ထမ်းဆောင်ရမည့် လုပ်ငန်းများအဖြစ် အပြစ်အတွက်ပူဇော်သည့် အသွေးကို လည်းကောင်း၊ ဣသရေလများ ၏ဆုတောင်းသံများနှင့်အတူ ရှေ့တော်သို့ တက်နေသော နံ့သာပေါင်း မီးရှို့ရာယဇ်မှ သင်းရနံ့များကိုလည်းကောင်း ဘုရားသခင်ထံ ဆက်ကပ် ရပါသည်။ ထိုအရာများမှ ကောင်းကင်သန့်ရှင်းရာ ဌာနတော်၏ ပထမအခန်းတွင်ပြုလုပ်သည့် အမှုတော်လုပ်ငန်းများဖြစ်သည်။GCBur 448.1

    တမန်တော်များ၏ယုံကြည်ခြင်းသည် ကိုယ်တော်တက်ကြွ သွားစဉ်က ထိုနေရာသို့တိုင် လျှောက်လိုက်ခဲ့ကြသည်။ ထိုနေရာ၌ ၎င်းတို့၏မြော်လင့် ခြင်းသည် ဗဟိုပြုနေခဲ့သည်။ “ထိုမြော်လင့်ခြင်း မူကား၊ ကန့်လန့်ကာအတွင်း ၌ချ၍ မြဲမြံခိုင်ခံ့သောစိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။ ----ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည် ငါတို့အတွက် ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင် ၍ဝင်သောသူဖြစ်တော်မူ၏။” “ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူး ကိုခံရ၍---မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။” ဟေဗြဲ ၆:၁၉-၂၀။ ၉:၁၂။GCBur 448.2

    ဤအမှုတော်ကို နှစ်ပေါင်း ၁၈၀၀ လုံးလုံး သန့်ရှင်းရာ ဌာနတော်၏ ပထမအခန်းထဲတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ခရစ်တော်သည် မိမိ၏ အသွေးတော်အားဖြင့် နောင်တရသော အ ပြစ်သားများအတွက် အပြစ်လွှတ်ခြင်းအခွင့်နှင့် ဘုရားသခင်၏ လက်ခံခြင်းအခွင့်များကို ရယူခဲ့ သော်ငြားလည်း အပြစ်များသည် မှတ် တမ်းစာအုပ်များတွင် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။ ပုံဆောင် ကျင်းပသောအခမ်းအနားများတွင် တစ်နှစ်တာ၏ အဆုံး၌ အပြစ်ဖြေ ရာပွဲကျင်းပသည်နည်းတူ လူသားများအတွက် ခရစ်တော် ဆောင်ရွက် နေသော အမှုတော်ကို အဆုံးမသတ်မီ သန့်ရှင်းရာဌာနတော်မှ အပြစ် များကို ဖယ်ရှားရန်အတွက် အပြစ်ဖြေရာအမှုတော်ကို လုပ်ဆောင် ရပါသည်။GCBur 449.1

    ဤအမှုတော်သည် နှစ်ပေါင်း ၂၃၀၀ အဆုံးသတ်သော နေ့မှအစပြုခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ် မင်းကြီးသည် သန့်ရှင်းရာဌာနတော်ကို ဆေးကြောသုတ်သင်ရန် အ သန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားတော်မူခဲ့ပါသည်။GCBur 449.2