Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧကရာဇ်မင်း၏စောင့်ရှောက်ခေါ်ယူခြင်း

    “ညီအစ်ကိုတို့၊ များပြား၍အန္တရာယ်ရှိသော ရန်သူများနှင့် တွေ့ဆုံရန် ဘုရင့်အစောင့်တပ်များနှင့်အတူ ကျွန်ုပ်ထွက်ခွာနေပါသည်။ ယေရှုခရစ်သည် ချစ်သောသားသမီးများအတွက် ဒုက္ခဝေဒနာကို ခံစားတော်မူခဲ့သည်။ GCBur 91.3

    ကိုယ်တော်ထားခဲ့သည့် နမူနာပုံသက်သေအတွက် ကျွန်ုပ်တို့ အံဩနေသင့်ပါသလား။ ထိုကြောင့် ချစ်သူတို့ ကျွန်ုပ်အသေခံခြင်း ကြောင့် ဘုန်းတော်ထင်ရှားလာမည်ဆိုလျှင် ကျွန်ုပ်မြန်မြန်သေ ရန်အတွက်သော်၎င်း ဆုတောင်းပေးကြပါ။ လိုက်လျှောက်ရန်အ ကောင်းဆုံးပုံသက်သေများကို ကျွန်ုပ်၏ညီအစ်ကိုများအတွက် ချန်ထားနိုင်ရန်အလို့ငှါ ဧဝံဂေလိတရားတော်မှ မည်သည့်အမှန်တရား တစ်ခုကိုမျှ မခြွင်းချန်မိစေဖို့ ဘုရားသခင်ထံ၌ ဆုတောင်းကြပါစို့” ဟူ၍ မိတ်ဆွေများထံ ဟပ်စ်စာရေးခဲ့ပါသည်။GCBur 91.4

    ထိုနောက် “ဝတ်ကောင်းစားလှများဝတ်လျက် သာယာမှုကို ခံစားခဲ့ခြင်း၊ အကျိုးမရှိသောအလုပ်များအတွက် အချိန်ဖြုန်းမိခဲ့ ခြင်း များအတွက်” သူ့ကိုယ်သူ နှိမ့်ချပြစ်တင်သည့် စာတစ်စောင်ကို လည်း ရေးသားပေးပို့ခဲ့သည်။ ထိုစာတွင် “သင်တို့၏စိတ်တွင် ဥစ္စာ လယ်ယာများကို ပိုင်ဆိုင်ဖို့လောက်သာ စိတ်ကူးမနေဘဲ အသက်ဝိ ညာဉ်များကို ကယ်တင်ရန် အမြဲတမ်းစိတ်စောနေဖို့ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားပါစေ။ သင်၏ အသက်ဝိညာဉ်အတွက်ပြင်ဆင်ရန် သတိပြုပါ။ ဝိညာဉ်ရေး တည်ဆောက်မှုကို အထူးဂရုပြုပါ။ ဆင်းရဲသား များနှင့် ဆက်ဆံရာတွင် နှိမ့်ချပါ။ ဘုရားတရားရှိပါ။ အပျော်အပါး အတွက် သင့်ဥစ္စာကို မဖြုန်းပါနှင့်” ဟူ၍ ထပ်လောင်းဖော်ပြထားပါ သည်။GCBur 92.1

    ကွန်စတိန်းမြို့တွင် ဟပ်စ်သည် လွတ်လွတ်လပ်လပ်နေထိုင် ခွင့် ရခဲ့သည်။ ဘုရင့်လုံခြုံရေးတပ်အပြင် ရဟန်းမင်း၏ ပုဂ္ဂိုလ်ရေး လုံခြုံ မှု အာမခံချက်ကိုလည်း ရရှိထားပါသည်။ GCBur 92.2

    သို့ရာတွင် ထပ်တလဲလဲ အာမခံချက်များကိုချိုးဖောက်ကာ ရဟန်းမင်းနှင့်ဂိုဏ်းချုပ်များအမိန့်ဖြင့် ဟပ်စ်ကိုဖမ်းကာ ရွံစရာကောင်း သည့်အချုပ်ခန်းထဲတွင်လှောင် ထားပါသည်။ နောက်ပိုင်းတွင် ရိုင်းမြစ် တစ်ဖက်ကမ်းရှိ လုံခြုံသောရဲတိုက်တစ်ခုတွင် အကျဉ်းသားတစ်ဦးအ ဖြစ်ချုပ်နှောင်ထားပါသည်။ မကြာမီတွင် ထိုရဟန်းမင်းဂျွန်သည်လည်း လူသတ်မှု၊ အသင်းတော်ငွေကို အလွဲသုံးစားလုပ်မှု၊ သူများမယားနှင့် ဖောက်ပြန်သည့်အမှုစသည်ဖြင့် အခြားဖေါ်ပြဖို့ပင် မသင့်လျော်သည့် ပြစ်မှုများကို…………………………………………………………… ကျူးလွန်ခဲ့သောကြောင့် ထိုရဲတိုက်၌ပင် အချုပ်ခံခဲ့ရပါသည်။ သူနှင့်တ ကွ အခြားပြိုင်ဘက်ရဟန်းမင်းနှစ်ပါးစလုံးကို ရာထူးမှချကာ ရဟန်း မင်း အသစ်တစ်ပါးကိုရွေးချယ်ပေးခဲ့ပါသည်။GCBur 92.3

    ရဟန်းမင်းအဖွဲ့အပေါ် ဟပ်စ်စွဲဆိုထားသည့် ပြစ်မှုများထက် ဆိုးရွားသောပြစ်မှုများကို ထိုရဟန်းမင်းဂျွန်ကိုယ်တိုင် ကျူးလွန်ငြား သော်လည်း ရဟန်းမင်းများကို ရာထူးမှချခဲ့သည့် ထိုကောင်စီသည် ဟပ်စ်အား ဆက်လက်၍ ဒုက္ခပေးနေပါသေးသည်။ GCBur 93.1

    ဟပ်စ်အား ဖမ်းဆီးချုပ်နှောင်မှုကြောင့် ဘူဟီးမီးယား၌ ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။ လုံခြုံရေးတပ်အပေါ် အကြမ်းပတမ်း ပြုခြင်းကို စက်ဆုပ်သောဧကရာဇ်ဘုရင်က ဟပ်စ်အပေါ် လုပ်ဆောင် သည့်နည်းလမ်းများကို ကန့်ကွက်ကာ ဧကရာဇ်ဘုရင်များ၏ လုံခြုံရေး တပ်များဖြင့် နေရာချထားခဲ့သော်လည်း ဟပ်စ်၏ရန်သူများက ဘာ သာရေးဖေါက်ပြန်သူများ (သို့) ဖောက်ပြန်သည်ဟု သံသယရှိသူများ အားယုံကြည်စိတ်ချရန် မသင့်လျော်ဟုဆိုကာ ၎င်းအားဆက်လက် အရေးယူ ဆောင်ရွက်နေပါသည်။GCBur 93.2

    ဖျားနာမှုကြောင့်အားနည်းနေစဉ်တွင် စိုထိုင်းသောအချုပ် ခန်းကြောင့် သေလုမတတ်အဖျားတက်နေသောဟပ်စ်ကို နောက် ဆုံးတွင် ကောင်စီရှေ့သို့ ခေါ်ထုတ်လာပါသည်။ မိမိအား အကာအ ကွယ်ပေးမည်ဟု ယုံကြည်ခဲ့ရသော ဧကရာဇ်ဘုရင်၏ရှေ့မှောက်တွင် သံကြိုးအချည်အနှောင်ဖြင့် ဟပ်စ်ရပ်နေပါသည်။ GCBur 93.3

    သူသည် သမ္မာတရားဘက်တွင် ဆက်လက်ရပ်တည်ကာ ရဟန်းမင်း အဖွဲ့၏ဖေါက်ပြန်မှုများကို အကြီးအကျယ်ကန့်ကွက်ခဲ့ ပါသည်။ မိမိ၏ ယုံကြည်ချက်များကို စွန့်ပယ်မည်လား၊ (သို့မဟုတ်) အသေခံမည်လားဆိုသည့်………… အချက်ကိုရွေးချယ်ခိုင်းရာ သမ္မာတရားအတွက် အသေခံရန် သူ ဆုံးဖြတ်ခဲ့ပါသည်။GCBur 93.4

    ဘုရားသခင်၏ ကျေးဇူးတော်သည် သူ့အားထောက်မခဲ့ပါ သည်။ နောက်ဆုံးစီရင်ချက်မချမီ အတိဒုက္ခရောက်နေစဉ်တွင် ကောင်းကင်မှ ငြိမ်သက်ခြင်းသည် သူတစ်ကိုယ်လုံး၌ ပျံ့နှံ့ယိုစီးခဲ့ပါ သည်။ GCBur 94.1

    “မနက်ဖြန်မှာ သေဒဏ်ပေးလိမ့်မည်ဟု အကျဉ်းထောင်ထဲမှ နေပြီး ဒီစာကိုရေးလိုက်ပါတယ်။ ခရစ်တော်ရဲ့မစမှုဖြင့် တို့တတွေ နောင် ဘဝမှာ ငြိမ်သက်သာယာစွာ ပြန်လညတွေ့ဆုံကြတဲ့အခါမှာ ဘုရားသ ခင်ဟာ ငါ့အပေါ်မှာ ဘယ်လောက် ကရုဏာထားခဲ့တယ်။ ဒုက္ခပင်လယ် ဝေနေတဲ့အချိန်မှာ ငါ့ကိုဘယ်လောက် ထောက်မခဲ့တယ် ဆိုတာတွေကို မင်းသိပါလိမ့်မယ်” ဟူ၍ မိတ်ဆွေတစ်ယောက်ထံ သူစာရေးခဲ့ပါသည်။GCBur 94.2