Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၅)—အင်္ဂလန်၌သမ္မာတရားအလင်းထွန်းလင်းလာခြင်း

    ဘုရားသခင်သည် နှုတ်ကပတ်တော်လုံးလုံးပျောက်ကွယ် သွားသည့်အဆင့်အထိ လက်ခံတော်မမူခဲ့ချေ။ ဥရောပနိုင်ငံအသီးသီး ရှိလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုကြောင့် သမ္မာတ ရားကို ဝှက်ထားသည့်ရတနာအလား ရှာဖွေလာကြပါသည်။ GCBur 64.1

    သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စီစဉ်လမ်းပြမှု ကြောင့် အခက်အခဲများကြားမှ အလင်းတော်ကို လက်ခံရန် ဆန္ဒပြင်းပြ နေကြပါသည်။ GCBur 64.2

    ကျမ်းစကားအားလုံးကို အကုန်အစင် နားမလည်ခဲ့ကြသော် လည်း နှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် သမ္မာတရားကို သိမြင်နိုင်စွမ်း ရှိလာကြပါသည်။GCBur 64.3

    လူတို့အား တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသော ကျမ်းစာကိုပေးရန် အချိန်ကျရောက်လာပေပြီ။ ကမ္ဘာတစ်ဝန်းရှိ တိုင်းနိုင်ငံများသည် သန်းခေါင်ယံအချိန်ကိုကျော်ကာ အရုဏ်ဦး အ လင်းတန်းများကို တွေ့နေရပေပြီ။GCBur 64.4

    ခရစ်သက္ကရာဇ် ၄ ရာစုတွင် “ဘာသာရေးပြုပြင်ပြောင်းလဲ ရေး၏နံနက်သားကြယ်” သည် အင်္ဂလန်နိုင်ငံတွင် ပေါ်ထွန်းခဲ့ပါသည်။ ၎င်းမှာ ဝစ်ကလစ်ဖြစ်သည်။ GCBur 64.5

    သူသည် ကောလိပ်တက်တုန်းက စာတော်သူတစ်ဦးအဖြစ် ကျော်ကြားသကဲ့သို့ ဘုရားတရားရှိသူတစ်ဦး အဖြစ်လည်း လူသိ များသူတစ်ဦး ဖြစ်သည်။ သူသည် စာပေသင်ကြားရေးဆိုင်ရာ… ဘာသာရေးလွတ်မြောက်မှုများအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်ထား သူတစ်ဦးဖြစ်သည်။ သူသည် စာသင်ကျောင်းဆိုင်ရာ ပညာရေးစည်း မျဉ်းများကိုတတ်မြောက်ထားပြီး ကျောင်းဆရာများကျင့်သုံးရမည့် နည်းဗျူဟာများကို နားလည်ထားပါသည်။ GCBur 64.6

    ထိုကဲ့သို့ဗဟုသုတပိုင်းတွင် ကျယ်ပြန့်ကျေညက်မှုကြောင့် သူ၏မိတ်ဆွေများသာမက ရန်သူများကပင် လေးစားခြင်းခံရသူတစ် ဦးဖြစ်သည်။ သူသည် မိမိကိုရန်မူသူများအား ၎င်းတို့ကို ထောက်ခံ နေသူ၏ အားနည်းချက်နှင့် အသိပညာနည်းပါးမှုများကို ထောက်ပြ ကာ ဘာသာရေးပြန်လည်ထူထောင်ရေး လုပ်ငန်းအပေါ် မစော်ကား အောင် ကာကွယ်ခဲ့ပါသည်။GCBur 65.1

    ဝစ်ကလစ်သည် ကောလိပ်ကျောင်းသားဘဝမှစ၍ သမ္မာ ကျမ်းစာကို စတင်လေ့လာခဲ့ပါသည်။ ထိုအချိန်သို့မရောက်မီ စာပေ သင်ကြားမှုဆိုင်ရာ လေ့လာမှုများနှင့် အသင်းတော်ဆိုင်ရာ သွန်သင် ခြင်းဘာသာရပ်များက ကျေနပ်မှုမပေးစွမ်းနိုင်သော လိုအင်ဆန္ဒကြီး တစ်ခု သူ၌ရှိနေပါသည်။ နှုတ်ကပတ်တော်တွင် သူရှာဖွေနေသော အ ရာကိုတွေ့ခဲ့ပါသည်။ GCBur 65.2

    ဤတွင် ခရစ်တော်ကို တစ်ပါးတည်းသော ကြားဖျန်ဖြေသူ တစ်ဦးအဖြစ် ဖေါ်ပြထားသည်ကို သူတွေ့ရပါသည်။ သို့နှင့် သူတွေ့ရှိ ထားသော သမ္မာတရားကို ဟစ်ကြွေးရန် သူဆုံးဖြတ်ခဲ့ပါသည်။GCBur 65.3

    ဝစ်ကလစ်သည် အစဦးလုပ်ဆောင်မှုအပိုင်းတွင် ရောမအ သင်းတော်ကို ဆန့်ကျင်ခဲ့ခြင်း မရှိသော်လည်း ရဟန်းမင်းအဖွဲ့၏ မှား ယွင်းမှုများကို ပို၍သိရှိလာသည်နှင့်အမျှ သမ္မာကျမ်းစာ၏ သွန်သင် ချက်များကို ပို၍ပို့ချခဲ့ပါသည်။ ရောမအသင်းတော်သည် ကျမ်းစာ ကိုစွန့်ကာ ရိုးရာဓလေ့နောက်သို့ လိုက်နေပြီကိုလည်း သူမြင်….. ခဲ့သည်။ သမ္မာကျမ်းစာကိုစွန့်ပစ်ခြင်းအတွက် ရဟန်းပျိုအဖွဲ့ကို သူအ ပြစ်တင်ရုံသာမက အသင်းတော်အား ကျမ်းစာကိုပြန်လည် ဖတ်ရှုခွင့် ပြုပြီး သမ္မာတရား၏ ဖွင့်ဆိုချက်များဖြင့် အသင်းတော်ကို တည်ဆောက် ရန် သူတောင်းဆိုခဲ့ပါသည်။ GCBur 65.4

    သူသည် စကားပြော ကောင်းသောတရားဟောဆရာ တစ်ဦး ဖြစ်ရုံသာမက သူ၏နေ့စဉ် အသက်တာသည်လည်း သူဟောသော တ ရားနှင့် ကိုက်ညီသူတစ်ဦး ဖြစ်ပါသည်။ သူတတ်ကျွမ်းသောကျမ်းပညာ၊ စင်ကြယ်သောသူ့အသက်တာ၊ သမ္မာသတိ၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သူ့အသက်တာတို့ကြောင့် လူအများက သူ့ကိုလေးစားကြသည်။ GCBur 66.1

    လူအများသည် ရောမအသင်းတော်တွင် ဖြစ်ပျက်နေသော မကောင်းမှုများကို မြင်တွေ့လာကြကာ ဝစ်ကလစ်တင်ပြသော ကျမ်းတရားများကို ပွင့်လင်းသော ဝမ်းသာအားရမှုများဖြင့် ကြိုဆိုခဲ့ကြ ပါသည်။ မိမိတို့ထက် ထိုသူက လူအများပေါ်မှာ ပို၍ဩဇာရှိနေသော ကြောင့် ရဟန်းမင်းအဖွဲ့မှ ခေါင်းဆောင်များသည် ဒေါသထွက်နေ ကြပါသည်။GCBur 66.2