Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြစ်ဒဏ်စီရင်ခြင်းခံရသော ခမ်းနားကြီးကျယ်သည့်ဗိမာန်တော်ကြီး

    ယေရုရှလင်မြို့ကြီးဘာကြောင့်ပျက်စီးခဲ့ရသလဲ။ pp, 17.18 တောင်ပေါ်သို့ ရောက်တယ် ဆိုရင်ပဲ− အလွန်တင့်တယ်တဲ့ဗိမာန်တော် ကြီးကိုလှမ်းပြီးမြင်နေရပါတယ်။GCBur 5.2

    ခရစ်တော်သည် ယေရုရှလင်မြို့ကို အပေါ်စီးမှမြင်တွေ့ရသည့် သံလွင်တော်ပေါ်သို့ ပသခါပွဲမတိုင်မီ (၂) ရက်အလိုတွင်တပည့်တော် များနှင့်အတူ တစဖန်သွားရောက်တော်မူခဲ့သည်။ ယုဒဘုရင်များတွင် ပညာ အရှိဆုံးဖြစ်သော ရှောလမုန်ဘုရင်ကြီး အပြီးသတ်တည်ဆောက် ခဲ့တဲ့ အရောင် အဝါများတောက်ပပြီး တင့်တယ်လှတဲ့ဗိမာန်တော် တော့မဟုတ်ပါဘူး။ မူလ ဗိမာန်တော်ကြီးကို နေဗုခဒ်နေဇာမင်းကြီးက ဖျက်ဆီးခဲ့ရာ၊ ခရစ်တော်မတိုင်မီ နှစ်ပေါင်း (၅၀၀) လောက်တွင် ပြန်လည်တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။GCBur 6.1

    သို့ရာတွင် ခမ်းနားမှုအရာတွင် ဒုတိယဗိမာန်တော်သည် ပထမဗိမာန် တော်ကို မမီပါချေ။ ဘုရားသခင်၏ ဘုန်းရောင်ခြည်တော် မိုးတိမ်ကို လည်းကောင်း၊ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်လာသည့် ကောင်းကင်မီးကို လည်းကောင်း ဒုတိယဗိမာန်တော်တွင် မတွေ့ရချေ။ ၎င်းပြင် ပဋိညာဉ်သေတ္တာ၊ ကရုဏာပလ္လင်တော်နှင့် သက်သေခံရာ စားပွဲများကိုလည်း မတွေ့ရပါချေ။ ဘုရားသခင်၏အလိုတော်ကို ယဇစ်ပုရောဟိတ်များအား ဖွင့်ဆိုသည့် ကောင်းကင်မှ မည်သည့်အသံ ကိုမျှလည်း ဒုတိယဗိမာန်တော်တွင် မကြားရချေ။ သို့ရာတွင် ဒုတိယ ဗိမာန်တော်ကို ဘုရားသခင်၏မိုးတိမ်အားဖြင့် ဂုဏ်မပြုသော်လည်း အသွေးအသားအားဖြင့် ထင်ရှားစွာဖော်ပြသည့် ဘုရားသခင်ကိုယ်တော် တိုင်အတူရှိခြင်းအားဖြင့် ဂုဏ်ပြုတော်မူခဲ့ပါသည်။ နာဇရက်မြို့သား ယေရှုသည် သန့်ရှင်းရာဗိမာန်တော်ပရဝဏ်ထဲသို့ ကြွမြန်းတော်မူခဲ့ ပြီးလူသား များကို သွန်သင်တော်မူခဲ့သည်၊ ကုသပေးတော်မူခဲ့သည်။ သို့ရာတွင် ကမ်းလှမ်း တော်မူသည့်ထိုဆုမင်္ဂလာကို အစ္စရေးများက မျက်နှာလွှဲခဲ့ကြပါသည်။ ထို့ကြောင့် ရွှေဝါရောင်ဂိတ်တံခါးမှထွက်ခွါ သွားသည့်ထိုသခင်နှင့်အတူ ကောင်းကင်မှ ဘုန်းရောင်ခြည်တော်များ သည်လည်း ဗိမာန်တော်မှ အစဉ်အမြဲခွဲခွါသွားပါတော့သည်။ “သင်တို့ နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟုဖွင့်ဆို ထားနှင့်ပြီးသော သခင်ယေရှု၏ မိန့်ဆိုချက်သည် ဤအချိန်တွင် ပြည့်စုံ ခြင်းသို့ရောက်ခဲ့ပါသည်။ မဿဲ ၂၃:၃၈။GCBur 6.2

    ဗိမာန်တော်ကြီးသည် ပျက်စီးလိမ့်မည်ဟူသောခရစ်တော်၏ အနာဂတ္တိစကားကို ကြားရသောတပည့်တော်များသည် အံ့ဩထိတ်လန့် သွားကာ အဓိပ္ပါယ်ကိုလည်းသိလို ကြသည်။ ဟေရုဒ်မင်းကြီးသည် ရောမများနှင့် ယုဒများထံမှစုဆောင်းရသမျှဘဏ္ဍာများကို ဗိမာန် တော်တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။ ကြီးမားသောစကျင် ကျောက်တုံးကြီးများကို ရောမမှသယ်ဆောင်ကာ တည်ဆောက်ခဲ့သည်။ ထိုကြောင့် “တပည့်တော် တစ်ယောက်က ကိုယ်တော်၊ ကြည့်ရှုတော် မူပါ။ ဧရာမကျောက်ကြီးတကား။ ဧရာမတိုက်ဆောင်ကြီးတကားဟု လျှောက်၏။” မာကု ၁၃:၁။GCBur 7.1

    ထိုအခါ ယေရှုခရစ်က “ငါအမှန်ဆိုသည်ကား မဖြိုချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှတည်မနေရ” ဟုအံ့ဩထိတ်လန့်စရာ မိန့်ဆိုတော်မူ၏။ မဿဲ ၂၄:၂။ “ထိုအမူအရာတို့သည် အဘယ် ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ် သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။” မဿဲ ၂၄:၃။GCBur 7.2

    ခရစ်တော်သည် ကပ်ကမ္ဘာမကုန်မီတွင် ဖြစ်ပျက်မည့်အထင် ကရအဖြစ်အပျက်များ အကြောင်းကို အကြမ်းဖျင်းသာမိန့်ဆိုတော်မူခဲ့ သည်။ ကိုယ်တော်၏အနာဂတ္တိစကားတွင် အနက် (၂) မျိုးပါဝင် နေရာယေရုရှလင်မြို့ကြီးပျက်စီးသွားခြင်းအပြင် နောက်ဆုံးသော နေ့ရက်ကြီးတွင် ရင်ဆိုင်ရမည့်ကြောက်လန့်စရာများကိုလည်း အရိပ် နိမိတ်ပေးလျက်ရှိသည်။GCBur 7.3

    မေရှိယကိုငြင်းပယ်ခြင်းနှင့် ကပ်တိုင်တင်၍ သတ်ခဲ့ခြင်းတို့ ကြောင့် အစ္စရေးများအပေါ်သို့ ပြစ်ဒဏ်စီရင်တော်မူသည်မှာ “ပုရောဖက် ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံရှာဖွယ် အရာသည် သန့်ရှင်းသော အရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင် ရလျှင် ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင် GCBur 8.1

    ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ” ဟူ၍ဖြစ်၏။ မဿဲ ၂၄:၁၅-၁၆ (လုကာ ၂၁:၂၀-၂၁)။ ရောမများ၏ ရုပ်တုဆိုင်ရာ လုပ်ဆောင်မှုများသည် သန့်ရှင်းရာဌာနတော်၌ ရောက်ရှိ လာသောအချိန်တွင် ခရစ်တော်၏ နောက်လိုက်များသည် ဘေးလွတ် ရာသို့ ပြေးကြရန်ဖြစ်သည်။ မနှောင့်နှေးမှသာလျှင် အသက်လွတ်ကြ ပေလိမ့်မည်။ ယေရုရှလင်မြို့သည် မိမိ၏အပြစ်ဒုစရိုက်များကြောင့် အမျက်တော်သင့်ကာ မိမိ၏ မယုံကြည်မှုကြောင့် ပြစ်ဒဏ်စီရင်မှုကို ခံခဲ့ရပါသည်။ မိက္ခာ ၃:၉-၁၂။GCBur 8.2

    ယေရုရှလင်မြို့သားများသည် မိမိတို့ကျူးလွန်ခဲ့သောအပြစ် ကြောင့်ဖြစ်ပေါ်လာသည့် ဒုက္ခများကိုခရစ်တော်ကြောင့် မိမိတို့ဒုက္ခ နှင့်ရင်ဆိုင်ရသည်ဟု စွပ်စွဲပြောဆိုလာကြသည်။ ကိုယ်တော်၌အပြစ် တစ်စုံတစ်ရာမျှမရှိကြောင်းသိလျက်နှင့် အစ္စရေးတစ်မျိုးသားလုံး၏ လုံခြုံရေးအတွက် ကိုယ်တော်အသေခံမှဖြစ်မည်ဟု သူတို့ကြေညာခဲ့ သည်။ နိုင်ငံတစ်ခုလုံး ပျက်စီးသွားခြင်းနှင့် နှိုင်းစာလျှင် လူတစ်ဦးသေ သွားခြင်းကပို၍ကောင်းသည် ဟူသော ယဇ်ပုရောဟိတ်တို့၏ ဆုံးဖြတ် ချက်ကိုသူတို့သဘောပေါက်ခဲ့ကြသည်။GCBur 8.3

    မိမိတို့၏အပြစ်များကို ဖေါ်ပြဆုံးမသောကြောင့် ကယ်တင်ရှင် ကိုသူတို့ကပ်တိုင်တင်၍ သတ်ပစ်စဉ်မှာပင် မိမိတို့သည် ဘုရားသခင် သားသမီးများဖြစ်ကြသည်ဟု ဖွင့်ဆိုကာ မိမိတို့အား ရန်သူများလက်မှ သခင်ဘုရားလာရောက်ကယ်ဆယ်မည်ဟု သူတို့မျှော်လင့်ခဲ့ကြပါGCBur 9.1

    သည်။ Room 5:6,8. ယုဒများ၏အပြစ်ကြောင့် ယေရုရှလင်၏ ဗိမာန်တော်ပျက်ပြီး ခရစ်တော်ရဲ့အသေခံခြင်းကြောင့် − Isa, 53:3.GCBur 9.2