Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    -မှားယွင်းမှုကိုထက်မြက်စွာဖေါ်ထုတ်သူ

    ဝစ်ကလစ်သည် မှားယွင်းမှုကို ထက်မြက်စွာဖေါ်ထုတ်သူ တစ်ဦးဖြစ်ပြီး ရောမအသင်းတော်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေ သော မတရားစော်ကားမှုများကို မကြောက်မရွံ့ တိုက်ခိုက်ခဲ့ပါသည်။ ဘုရင့်နန်းတော်တွင် တရားဟောဆရာအဖြစ် ဆောင်ရွက်စဉ်က ရဟန်းမင်းတောင်းဆိုသော လက်ဆောင်ပဏ္ဏာ (ဆက်ကြေး) ကို အင်္ဂလန်ဧကရာဇ်အနေဖြင့် မပေးရန် ရဲဝံ့စွာ ကန့်ကွက်ခဲ့ပါသည်။ တိုင်းပြည်ရှင်ဘုရင်များအပေါ် အာဏာပြရန် ရဟန်းမင်း၏ လုပ်ဆောင် ချက်သည် ဆင်ခြင်တုံတရားနှင့်သာမက ဗျာဒိတ်တော်နှင့်လည်း ဆန့် ကျင်နေပါသည်။ ရဟန်းမင်း၏ တောင်းဆိုချက်များသည် အမျက် ဒေါ သကိုဖြစ်ပေါ်စေခဲ့ပြီး ဝစ်ကလစ်၏ သွန်သင်ချက်များမှာမူ နိုင်ငံတော် ခေါင်းဆောင်များအပေါ် ဩဇာလွှမ်းမိုးသွားသဖြင့် ဘုရင်နှင့်တကွ မှူးမတ်သေနာပတိများသည် ရဟန်းမင်းတောင်းဆိုသည့် ဆက်ကြေး ကို မပေးဆောင်ရန် စည်းလုံးခဲ့ကြပါသည်။GCBur 66.3

    သူဖုန်းစားရဟန်းပျိုများသည် အင်္ဂလန်တင်များပြားလာရာ နိုင်ငံတော်၏ ဂုဏ်အသရေကိုပါ ထိခိုက်စေပါသည်။ ထိုရဟန်းပျိုများ၏ အလုပ်မလုပ်ဘဲ တောင်းစားသည့်ဘဝသည် လူသားအရင်းအမြစ်များ၏ ဆုံးရှုံးမှုတစ်ခုသာမကဘဲ ကြိုးစားလုပ်ဆောင်နေခြင်းများကိုလည်း စော်ကားရာရောက်ပါသည်။ GCBur 67.1

    လူငယ်များသည် စိတ်ဓါတ်ရေးရာတွင် နိမ့်ကျလာကာ ပျက်စီးသွားကြပါသည်။ လူငယ်များစွာတို့မှာ မိဘများ၏ သဘောတူ ညီချက် မပါရုံသာမက ၎င်းတို့ကိုယ်တိုင်လည်း သဘောမတူဘဲလျက်နှင့် ရဟန်းပျိုကျောင်းများတွင် ဘဝကို မြှုပ်နှံကြရန် ဆွဲဆောင်သိမ်း သွင်းခြင်း ခံကြရပါသည်။ နောက်ပိုင်းတွင် လူးသာက “ထိုရဟန်းပျိုများ ၏ လုပ်ဆောင်ချက်သည် ခရစ်ယာန်နှင့် လူသားများ၏ ပုံပန်းလက္ခ ဏာများထက် ဝံပုလွေနှင့်အာဏာရှင် ဘုရင်များပုံပန်း လက္ခဏာကို ပို၍ထင်ရှားစေသည်” ဟုဖွင့်ဆိုခဲ့သည်။ GCBur 67.2

    ထိုအော့နှလုံးနာစရာ လူသားမဆန်စွာ လုပ်ဆောင်မှုများ ကြောင့် သားသမီးများသည် မိဘများအပေါ် စိတ်နာကြည်း မှုများဖြစ် ပေါ်ခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသားများသည် ပင်လျှင် ထိုရဟန်း ပျိုကျောင်းများတွင် ဘဝကိုမြှုပ်နှံရန် ဆွဲဆောင်လှည့်ဖျား ခြင်းကိုခံခဲ့ ကြရပါသည်။ ဖြားယောင်းမှုတွင် တစ်ကြိမ်ပါသွားမိလျှင် လွတ်မြောက် ရန် မလွယ်ကူတော့ချေ။ ထိုကြောင့် မိဘများသည် မိမိတို့၏ သားများကို တက္ကသိုလ်သို့ မပို့လိုကြတော့ချေ။ ကျောင်းများသည် တိုးတက်မှု ဆုတ် ယုတ်လျော့ပါးလာသည်နှင့်အမျှ စာမဖတ်မှုသည် များပြားလာ ပါ တော့သည်။GCBur 67.3

    ရဟန်းမင်းသည် ရဟန်းပျိုများအား အပြစ်ဝန်ခံမှုကို နာကြား ခွင့်နှင့် အပြစ်ဖြေလွှတ်ခွင့်တို့ကို အပ်နှင်းထားရာ ဤအချက်သည် ကြီး မားသောဒုစရိုက်၏ အရင်းအမြစ်တစ်ခု ဖြစ်နေပါသည်။ ထိုရဟန်းပျို များသည် မိမိတို့၏ အကျိုးကိုမျှော်ကိုးလျက် မိမိတို့အား အားကိုးတိုး လျှိုးသောရာဇဝတ်သားများ၏ ပြစ်ဒဏ်များကို အလွယ်တကူ ဖြေလွှတ် ပေးတတ်ကြပါသည်။ ထိုကြောင့် ရာဇဝတ်မှုများအလျင်အမြန် များ ပြားလာပါသည်။ နာမကျန်းသူများနှင့် ဆင်းရဲသားများအား သက်သာ ခွင့် အမျိုမျိုးပေးနိုင်သည့် ငွေကြေးဥစ္စာပစ္စည်းများသည် ထိုရဟန်းပျို များထံသို့ ရောက်သွားသည်။ ထိုကြောင့် ၎င်းတို့သည် ပို၍ပို၍သာ ကြီးပွားချမ်းသာလာပြီး ၎င်းတို့၏ ခမ်းနားထည်ဝါသော နေအိမ်အ ဆောက်အအုံများနှင့် ဇိမ်ခံပစ္စည်းများသည် တိုင်းပြည်၏ တိုးပွားလာ သည့်ဆင်းရဲမှုကို ထင်ရှားစေပါသည်။ သို့စေကာမူ ထိုရဟန်းပျိုများ သည် အယူသီးသည့် လူထုကြီးအပေါ် ဆက်လက်ထိန်းချုပ်ထားပြီး ရဟန်းမင်းကြီးကို အထွတ်အထိပ်ထားခြင်း၊ သေဆုံးသွားပြီးဖြစ်သည့် သူတော်စင်များထံတွင် ချီးမွမ်းဆုတောင်းခြင်း၊ ရဟန်းပျိုများအား လက်ဆောင်ပဏ္ဏာပေးခြင်းသည် ဘာသာရေးဆိုင်ရာတာဝန်များပင် ဖြစ်ကြောင်း ထိုအကျင့်များသည် ကောင်းကင်နိုင်ငံတော်တွင် နေရာ တစ်နေရာရှိဖို့ လုံလောက်ကြောင်း လူထုကြီးအား အယုံသွင်းကြ ပါသည်။GCBur 68.1

    အမြင်ရှင်းပြီးဖြစ်သော ဝစ်ကလစ်ကမူ ဤယုံကြည်ချက်သည် မှားယွင်းသဖြင့် ပယ်ဖျက်ပစ်သင့်ကြောင်း ဖွင့်ဆိုလျက် ထိုဒုစရိုက်လုပ် ငန်းကို အမြစ်မှလှန်ကာ တိုက်ခိုက်ခဲ့ပါသည်။ GCBur 69.1

    ထိုကြောင့် ဆွေးနွေးမှုများ၊ စုံစမ်းမှုများ ဖြစ်ပေါ်လာကာ ရောမအသင်းတော် အာဏာပိုင်များထံတွင် အပြစ်လွှတ်ခြင်း အခွင့် ကောင်းသည်ထက် ဘုရားသခင်ထံတောတွင် ပို၍တောင်းသင့်၊ မတောင်းသင့် စပ်စုလာကြပါသည်။ “ရောမအသင်းတော်မှ ရဟန်းပျို များနှင့် ဘုန်းတော်ကြီးများသည် ကင်ဆာလိုကျွန်ုပ်တို့ကိုစားနေသည်။ ဘုရားသခင်သာ စမမှုမပြုလျှင် လူအပေါင်းတို့သည် ပျက်စီးကြတော့ မည်” ဟု သူတို့ပြောလာကြ ပါသည်။ သူဖုန်းစားရဟန်းပျိုများကမူ မိမိတို့သည် ခရစ်တော်၏လမ်းစဉ်ကို လိုက်လျှောက်နေသူများ ဖြစ်ကြောင်း၊ ခရစ်တော်နှင့်တပည့်တော်များကို ယုံကြည်သူများ၏ အ လှူငွေများဖြင့် ထောက်ပံ့ခဲ့သည်ဖြစ်ကြောင်း ဖွင့်ဆိုခဲ့ကြပါသည်။ ထိုဖွင့်ဆိုချက်ကြောင့် လူအများသည် အမှန်တရားကိုရှာရန် သမ္မာ ကျမ်းစာဘက်ကို ဦးလှည့်လာကြပါသည်။GCBur 69.2

    ဝစ်ကလစ်သည် ထိုရဟန်းပျိုများအကြောင်း လက်ကမ်းစာ စောင်များရေးသားထုတ်ဝေကာ သမ္မာကျမ်းစာ၏ သွန်သင်ချက်များ ကို လိုက်လျှောက်ပြီး ဘုရားသခင်ကိုသာကိုးကွယ်ကြဖို့ လူအများအား ဆင့်ခေါ်ခဲ့ပါသည်။ GCBur 69.3

    ရဟန်းမင်းကြီး တည်ဆောက်ထားသည့် ဤရောမအ ဆောက်အအုံအဖွဲ့အစည်း ကြီးကိုဖြိုရန်အတွက် ဤနည်းထက်ပို၍ ထိရောက်သောအခြားနည်းလမ်းများ မရှိတော့ပါချေ။ အကြောင်းမှာ သန်းပေါင်းများစွာသောလူတို့သည် ထိုအဖွဲ့အစည်းတွင်ပိတ်မိနေ ကြပေပြီ။GCBur 69.4

    အင်္ဂလန်ပြည့်ရှင်၏ လုပ်ပိုင်ခွင့်များကို ရောမအသင်းတော် ၏ လုယူစွက်ဖက်ခြင်းမှ ကာကွယ်ပေးရန် ဝစ်ကလစ်အား နယ်သာ လင်ဆိုင်ရာ အင်္ဂလန်သံအမတ်အဖြစ် ခန့်အပ်လိုက်သည်။ GCBur 70.1

    ဤတွင် သူသည် ပြင်သစ်၊ အီတလီနှင့် စပိန်တိုင်းပြည်များမှ ခရစ်ယာန်သာသနာ့ခေါင်းဆောင်များနှင့် ဆက်သွယ်နိုင်လာပြီး အင်္ဂ လန်ပြည်၏ ပြင်ပ၌ ဖြစ်ပျက်နေသော မြင်ကွင်းများကိုလည်း ကြည့်ရှု ခွင့်ရလာပါသည်။ ရဟန်းမင်းအုပ်ချုပ်ရေး၏ ဇာတိရုပ်မှန်ကိုလည်း ထိုသာသနာ့ခေါင်းဆောင်များအားဖြင့် ပို၍နားလည်လာ ပါသည်။ GCBur 70.2

    ထိုကြောင့် သူသည် အင်္ဂလန်ပြည်သို့ပြန်ကာ မာနထောင်လွှား ခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းများသည် ရောမအသင်းတော်၏ ဘုရား များ ဖြစ်ကြောင်းဖွင့်ဆိုလျက်သူ၏ယခင်သွန်သင်ချက်များကို စိတ် အားထက်သန်စွာ ဟောကြားပါတော့သည်။GCBur 70.3

    အင်္ဂလန်ပြည်သို့ပြန်လည်ရောက်ရှိပြီးနောက် ဝစ်ကလစ်သည် လပ်တာဝတ်တက္ကသိုလ်တွင် ပါမောက္ခချုပ်တာဝန်ကို ထမ်းဆောင်ရန် ဘုရင်၏ခန့်အပ်လွှာကိုရရှိခဲ့သည်။ GCBur 70.4

    ဤအချက်သည် ဘုရင်မင်းမြတ်အနေဖြင့် ဝစ်ကလစ်၏ ရှင်း လင်းသောဖွင့်ဆိုချက်များကို နှစ်သက်မှုရှိကြောင်း အာမခံချက်တစ်ခု ဖြစ်သည်။ ဝစ်ကလစ်၏ ဩဇာသက်ရောက်မှုသည် ထိုတိုင်းပြည်၏ ယုံကြည်မှုကို ပြုပြင်ပြောင်းလဲ သွားစေခဲ့သည်။GCBur 70.5

    မကြာမီမှာပင် ရဟန်းမင်းသည် သူ့အပေါ်တွင် ဒေါသအိုး ပေါက်ကွဲပါတော့သည်။ ထိုကြောင့် “ဖေါက်ပြန်ရေးသမားထိုကျောင်း ဆရာ” ကိုချက်ချင်းသုတ်သင်ပစ်ရန် အမိန့်ပြန်တမ်း (၃) ခုထွက်ပေါ်လာ ခဲ့ပါသည်။GCBur 70.6

    ထိုအမိန့်ပြန်တမ်းများရောက်ရှိလာသည့် အင်္ဂလန်ပြည်တွင် ဘာသာရေးအယူဝါဒ ဖေါက်ပြန်သူများအား ထောင်ချရန်ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ဝစ်ကလစ်သည် ရောမအသင်းတော်၏ ကလဲ့စားချေမှုကို မကြာမီတွင်ခံရတော့မည်ဖြစ်သည်။ သို့ရာတွင် “မကြောက်နှင့်။ ….. ငါသည် သင်၏ ဒိုင်းလွှားဖြစ်သည်” (ကမ္ဘာဦးကျမ်း ၁၅:၁) ဟု ရှေးဘိုးဘေးတို့အား မိန့်တော်မူခဲ့သော ဘုရားသခင်သည် ကိုယ်တော် ၏ကျွန်ကိုကာကွယ်ရန် လက်တော်ကိုဆန့်တော်မူ၏။ သေခြင်းနှင့်ရင် ဆိုင်ခဲ့ရသူပမာ ဝစ်ကလစ် မဟုတ်ဘဲ ဝစ်ကလစ်ကိုသုတ်သင်ရန် အမိန့် ထုတ်ခဲ့သူဖြစ်နေပါသည်။GCBur 71.1

    ဧကာဒသမမြောက်ဂရီဂိုရီ သေဆုံးပြီးသည့်နောက် ပြိုင်ဘက်ရ ဟန်း (၂) ဦးအား သေဆုံးသွားသူ၏နေရာတွင် ရွေးချယ်တင်မြှောက် ရန် ဖြစ်ပါသည်။ ထိုပြိုင်ဘက်ရဟန်းတို့သည် တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ကြောက်စရာ့ ကျိန်ဆဲခြင်းများဖြင့် ကျိန်ဆဲလျက် ထောက်ခံသူများအား ကောင်းကင်နိုင်ငံတွင် ဆုကျေးဇူးများပေးမည်ဟု ကတိပြုလျက် အခြားတစ်ဖက်မှပုဂ္ဂိုလ်များအပေါ် တိုက်ပွဲဝင်ကြရန် ယုံကြည်သူ များကိုဆင့်ဆိုနေပါသည်။ ပြိုင်ဘက် (၂) ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အ ပြင်းအထန်တိုက်ခိုက်နေကြသဖြင့် ဝစ်ကလစ်သည် အခိုက်အတန့် အားဖြင့် ရန်ကင်းနေပါသည်။GCBur 71.2

    စကားများရန်ဖြစ်တိုက်ခိုက်မှုများ၊ စာရိတ္တပျက်ပြားခြင်းများ နှင့် ပြီးသောဂိုဏ်းဂဏကွဲပြားခြင်းများကြောင့် ရဟန်းမင်းအဖွဲ့၏ ဇာတိရုပ်မှန်ကို ပေါ်လွင်စေကာ ဘာသာရေးပြုပြင်ပြောင်းလဲမှုဖြစ် ပေါ်ရန် လမ်းပွင့်သွားခဲ့ ပါသည်။ ထိုရဟန်းမင်းနှစ်ပါးသည် တစ်ပါးကို တစ်ပါး ခရစ်တော်အတုဟု ရှုတ်ချနေခြင်းအပေါ် အမှန်တရားဟုတ် သည်…………………………………………………………………… မဟုတ်သည်ကို သုံးသပ်ကြရန် လူထုကြီးကို ဝစ်ကလစ်ဖိတ်ခေါ်ခဲ့ ပါသည်။GCBur 71.3

    အင်္ဂလန်ပြည်အနှံ့အပြားသို့ အလင်းတရားဖြန့်ဝေရန် ဆုံးဖြတ်ချက် ချထားသော ဝစ်ကလစ်သည် သမ္မာတရားကိုချစ်၍ အ လင်းဖြန့်ဝေလိုသည့် ဆက်ကပ်မှုနှင့် ပြည့်ဝသောတရားဟောဆရာ များအား စုစည်းကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ပါသည်။ GCBur 72.1

    မြို့ရွာများမှ လမ်းမလမ်းကြားမှအစ ဈေးများထဲတွင် ဟော ပြောလျက်ရှိသော ဤလူစုသည် လူအို၊ လူနာ၊ လူဆင်းရဲများကို ရှာ ဖွေစုစည်းကာ ကျေးဇူးတော်ဆိုင်ရာ ဝမ်းမြောက်ဖွယ်သတင်းစကား ကို ဖြန့်ဝေကြပါသည်။GCBur 72.2

    ဝစ်ကလစ်သည် အောက်စ်ဖို့တက္ကသိုလ်ကြီး၏ ခန်းမဆောင်ကြီး ထဲတွင် နှုတ်ကပတ်တော်ကိုဟောကြားခဲ့ရာ “ဧဝံဂေလိပါရဂူ” [The Gospel Doctor] ဟု ကင်ပွန်းတပ်ခြင်းကိုခံခဲ့ရပါသည်။ GCBur 72.3

    သို့ရာတွင် သူ့ဘဝတွင် အဓိကအထားဆုံးအလုပ်တစ်ခုမှာ သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ရန်ဖြစ်သည်။ သို့မှ သာ အင်္ဂလန်တွင် နေထိုင်သူများသည် ဘုရားသခင်၏ အံ့ဖွယ်လက်ရာ တော်များကို မြည်းစမ်းနိုင်ကြမည်ဖြစ်သည်။GCBur 72.4