Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထိတ်လန့်ဖွယ်ကောက်ချက်ချခြင်း

    မီလာသည် ယခုရရှိပြီဖြစ်သည့်ကောက်ချက်ကို အစကနဦးက နည်းနည်းမှမျှော်လင့်မထားခဲ့ချေ။ စုံစမ်းလေ့လာချက်များ၏ ရလဒ် ကိုသူကိုယ်တိုင်လုံးလုံးကြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော် လည်း ကျမ်းစာအထောက်အထားများမှာ လျစ်လျူရှုထားလို့မဖြစ် လောက်အောင် ရှင်းလင်းနေပါသည်။GCBur 349.3

    နောင်နှစ်ပေါင်း ၂၅ နှစ်အကြာတွင် လူသားများကိုကယ်တင် ရန်ခရစ်တော်ကြွလာမည်ဆိုသည့် ယုံကြည်ချက်သို့ အေဒီ ၁၈၁၈ တွင် သူလက်ခံခဲ့သည်။ နှစ်ခြိုက်စရာအနာဂတ်မြင်ကွင်းကြောင့် ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာ ကယ်တင်ခြင်းခံရမည့် သူ တွေနဲ့အတူ ပျော်ရွှင်မှုကိုမျှဝေခံစားဖို့အတွက် ကျွန်တော့်တောင့်တ မှုတွေ ပြည့်စုံမှာမို့ ကျွန်တော်ဘယ်လောက်ဝမ်းသာနေတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ သမ္မာတရားဟာ အလွန်တောက်ပစွာ ပေါ်ထွန်းလာပါပြီတကား” ဟု မီလာဖွင့်ဟခဲ့သည်။GCBur 349.4

    “ကျွန်တော်၏စိတ်မှာ ထိတွေ့ခံစားခဲ့ရသည့် ထိုအထောက် အထား များကို ကမ္ဘာကြီးအားဖြန့်ဝေဖို့ကိစ္စနှင့်ပတ်သက်သည့် အ ရေးပါသော မေးခွန်းတစ်ခု စိတ်ထဲပေါ်လာပါသည်” ဟု သူကပြောခဲ့ သည်။ မိမိရရှိ ထားသော အလင်းတရားများကို သူတစ်ပါးအား မျှဝေ ဖို့တာဝန်ရှိကြောင်း သူသိရှိပါသည်။ ဆန့်ကျင်မည့်သူများ ရှိလာနိုင် သော်လည်း ထိုသတင်းစကားကြောင့် ခရစ်တော်ကို တွေ့နိုင်သည့် မျှော်လင့်ချက်ရှင်သန်လာကာ ခရစ်ယာန်များဝမ်းမြောက်ကြပေလိမ့် မည်။ GCBur 350.1

    သို့ရာတွင် မိမိ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များမှားယွင်းကာ သူတစ် ပါးအား လမ်းမှားသို့ ပို့ဆောင်မိမည်စိုးနေသောကြောင့် ထိုသတင်း စကားကို အခြားသူများထံ တင်ပြရန် တုံ့ဆိုင်းနေခဲ့သည်။ သို့ဖြင့် သူ့အနေဖြင့် ခက်ခဲသည်ဟုထင်သည့် အရာများကို သတိကြီးစွာ ဖြင့်ဆင်ခြင်သုံးသပ်ကာ (၅) နှစ်အချိန်ကို အမှား ပြင်ဆင်ခြင်းများ ဖြင့်ကုန်လွန်စေခဲ့ပါသည်။GCBur 350.2