Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူးသာ၏လုံခြုံမှုကိုအန္တရာယ်ပြုနိုင်ခြင်း

    လူးသာအတွက် ပြင်ဆင်ထားသည့် လုံခြုံရေးအစီအစဉ်ကို ဂရုမထားရန် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြ သည်။ “ရိုင်းမြစ်ဟာ ဂျွန်ဟပ်စ်ရဲ့ပြာကို လွန်ခဲ့တဲ့အနှစ်တစ်ရာလောက် တုန်းက ကြိုဆိုခဲ့သလို လူးသာရဲ့ပြာကိုလည်း ကြိုဆိုနေပြီ” ဟု ဟစ်ကြွေးခဲ့ကြသည်။ GCBur 163.1

    သို့သော် ဂျာမနီမင်းညီမင်းသားများသည် လူးသာ၏ရန်သူ များအဖြစ် မိမိတို့ကိုယ်ကို ဝန်ခံထားကြသော်လည်း လူထုအကြည်အ ညိုပျက်စေမည့် ထိုသို့သော ဖေါက်ပြန်မှုမျိုးကို ကန့်ကွက်ခဲ့ကြသည်။ GCBur 163.2

    ဟပ်စ်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသောဆိုးကျိုးများကို ထောက်ပြကာ ထိုဆိုးကျိုးများကို ဂျာမနီပြည်အပေါ်သို့ နောက်တစ်ခါ မကျရောက်စေလိုကြချေ။GCBur 163.3

    “ဂုဏ်သိက္ခာနဲ့ယုံကြည်မှုတွေကို စွန့်ပစ်သည်ထားဦးတော့ ဂျာမနီမင်းညီမင်းသားများရဲ့ စိတ်နှလုံးတွေထဲမှာ ခိုလှုံရာကိုတော့ ရှာသင့်ကြပါတယ်” ဟု ချားစ်ဘုရင်က ထိုယုတ်ညံ့သောအဆိုပြုချက်ကို တုံ့ပြန်ခဲ့ပါသည်။ GCBur 163.4

    ဆီဂျစ်မန်က ဟပ်စ်ကိုလုပ်ခဲ့သလို သူ့အနေဖြင့်လည်း လူးသာ ကိုလုပ်ဖို့ ရဟန်းမင်း၏ဘက်တော်သားများက ချားစ်ကိုတိုက်တွန်း ခဲ့ကြ ပါသည်။ GCBur 163.5

    သစ္စာကတိထားခဲ့သော ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဆီဂျစ် မန်ကို ဟပ်စ်က လူပုံအလယ်တွင် သတိပေးထောက်ပြခဲ့သည့်မြင် ကွင်းကို ချားစ်ပြန်လည်သတိရမြင်ယောင်ကာ “ငါတော့ ဆီဂျစ်မန် လိုအရှက်မကွဲချင်ဘူး” ဟု ကြေညာခဲ့ပါသည်။GCBur 163.6

    သို့စေကာမူ ချားစ်သည် လူးသာတင်ပြခဲ့သော သမ္မာတရား များကို စိုက်လိုက်မတ်တတ်ငြင်းဆိုခဲ့ပါသည်။ သူသည် အမှန်တရား နှင့်ဖြောင့်မတ်ခြင်း လမ်းကြောင်းပေါ်သို့လျှောက်လှမ်းရန် ဓလေ့ထုံးစံ များကို မစွန့်လွှတ်လိုချေ။ သူ့ဖခင်လုပ်ဆောင်ခဲ့သည့်အတိုင်း ရဟန်း မင်း၏ ယုံကြည်ချက်များကို သူဆက်လက်ကိုင်စွဲလိုသည်။ ထိုကြောင့် ဖခင်ကြီး လက်ခံယုံကြည်ခဲ့သည် အရာထက် ပိုသော အလင်းတရား များကိုလက်ခံရန် သူအလိုမရှိခဲ့ပါချေ။GCBur 164.1

    ယနေ့ခေတ်လူသားအများစုသည်လည်း မိရိုးဖလာဓလေ့ထုံး စံများကို စွဲလမ်းတတ်ကြသည်။ ဘုရားသခင်က နောက်ဆက်တွဲ အလင်းတရားများကို ပေးသောအခါ ၎င်းတို့၏ဖခင်များမရယူခဲ့သဖြင့် ထိုအရာများကိုလက်ခံရန် သူတို့ငြင်းဆန်တတ်ကြပါသည်။ အမှန် တရားကို ကိုယ်တိုင်မရှာဖွေဘဲ ကိုယ်လုပ်ရမည့်တာဝန်ကိုဆုံးဖြတ်ရန် ဖခင်များကိုအားကိုးခြင်းကို ဘုရားသခင်သည် နှစ်သက်တော်မမူချေ။ နှုတ်ကပတ်တော်မှ ယခုထွန်းလင်းလျက်ရှိသော နောက်ဆက်တွဲ အလင်းတရားများအတွက် ကျွန်ုပ်တို့၌သာ တာဝန်ရှိ၏။GCBur 164.2

    ဘုရားသခင်သည် လူးသာကိုအသုံးပြုကာ ဂျာမနီဧကရာဇ် ဘုရင်ကြီးနှင့် မင်းညီမင်းသားများကို မိန့်ကြားတော်မူနေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လွှတ်တော်သို့တက်ရောက်လာကြ သူများအား နောက်ဆုံးအကြိမ်အဖြစ် တောင်းပန်တော်မူနေပါသည်။ ရှေးခေတ်ပိလတ်မင်းကဲ့သို့ပင် ချားစ်ဘုရင်သည်လည်း လောကစည်း စိမ်များသို့လိုက်ကာ သမ္မာတရား၏ အလင်းကိုငြင်းပယ်ရန် ဆုံးဖြတ် ခဲ့ပါသည်။GCBur 164.3

    လူးသာအပေါ်လုပ်ဆောင်ရန် ကြံစည်ထားချက်များကို သ တင်းဖြန့်လိုက်ရာ တစ်မြို့လုံးတွင်လှုပ်ရှားသွားပါသည်။ ရောမ.... အသင်းတော်၏ ကောက်ကျစ်စဉ်းလဲမှုများကိုသိထားသောလူးသာ၏ မိတ်ဆွေများကသူ့အားမသတ်သင့်ဟုသဘောရကြသည်။ သို့နှင့်မှူးမတ် များက သူ့အား ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကတိပြုကြသည်။ အိမ်တ့ခါးပေါက်များနှင့် လူစည်ကားရာနေရာများတွင် ကြော်ငြာများ ကပ်ထားသည်ကိုတွေ့ရသည်။ တချို့မှာ လူးသာကိုရှုတ်ချသည့်ကြော် ငြာများ ဖြစ်ပြီး တချို့မှာမူ ထောက်ခံသည့် စာတမ်းများဖြစ်သည်။ ကြော်ငြာတစ်ခုမှာမူ “ငယ်သားအစိုးရသောပြည်သည် အမင်္ဂလာ ရှိ၏” ဟုရေးသားထားပါသည်။ (ဒေသနာ ၁၀:၁၆)။ လူးသာအပေါ် မ တရားလုပ်ဆောင်ခြင်းဖြင့် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဧကရာဇ်၏စိုးစံမှုကို မတည်မငြိမ်ဖြစ်စေသည်ကို လူးသာအပေါ်ထောက်ခံကြောင်း ထင် ရှားစေသည့် လူထုစိတ်အားထက်သန်မှု များက ဧကရာဇ်ဘုရင်နှင့် လွှတ်တော်ကို သဘောပေါက်စေပါသည်။GCBur 164.4