Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၀)—ခရစ်တော်ကြွလာခြင်းကိုမြတ်နိုးခြင်း

    ကြီးကျယ်သော ဘာသာရေးနိုးကြားမှုတစ်ခုအကြောင်းကို ဗျာဒိတ်ကျမ်း ၁၄ မှ ပထမကောင်းကင်တမန်၏ သတင်းစကားတွင် ကြိုတင်ဖွင့်ဟထားပါသည်။GCBur 378.1

    “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးသီး ဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တစ်ပါးက ---- ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကိုငါမြင်၏။”GCBur 378.2

    ထိုကောင်းကင်တမန်က “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီး မွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်း ကင်မြေကြီး သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ပြလော့ဟု ကြီးသောအသံနှင့် ပြောဆို၏။” ဗျာဒိတ်ကျမ်း ၁၄:၆-၇။GCBur 378.3

    ကောင်းကင်တမန်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ထိုသ တင်းစကားအားဖြင့် ပြီးမြောက်အောင်မြင်စေရမည့် ထိုအမှုတော် ၏မြှောက်စားခြင်း ခံရသောထူးခြားချက်ကို ပုံဆောင်ကိုယ်စားပြုပါ သည်။ GCBur 378.4

    ထိုကောင်းကင်တမန်၏ ကောင်းကင်အလယ်မှာပျံဝဲခြင်း၊ မြေကြီးပေါ်မှာနေသော အသီးသီးသော ဘာသာစကားပြောသည့် လူမျိုးနွယ်ခပ်သိမ်းတို့အား ကြီးစွာသောအသံဖြင့် ဖွင့်ဟကြွေးကြော် ခြင်းအရာသည် ထိုသတင်းစကား၏ ကမ္ဘာအနှံ့လျင်မြန်စွာ ပျံ့နှံ့ သွားမည့်သာဓကကို ဖေါ်ပြထားခြင်းဖြစ်သည်။ ထိုဖွင့်ဟကြွေးကြော် သည့်အချိန်သည် တရားစီရင်ခြင်းအစပြုကြောင်း ကြေညာသည့် အချိန်ဖြစ်ပါသည်။GCBur 378.5

    ဧဝံဂေလိတရားတော်၏ ကဏ္ဍတစ်ခုဖြစ်သော ဤသတင်း စကားကို နောက်ဆုံးနေ့ရက်များတွင်သာ ကြွေးကြော်ကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကျမှသာ “တရားစီ ရင်တော်မူသော အချိန်ရောက်လာပြီ” ဆိုသည့်အချက်သည် မှန်ကန် ပါမည်။ GCBur 379.1

    ထိုနောက်ဆုံးသော နေ့ရက်များနှင့်စပ်ဆိုင်သော အနာ ဂတ္တိစကားများကို “အမှုကုန်ရသည်ကာလ တိုင်အောင် တံဆိပ်ခတ် ထားရန် ဒံယေလအားမိန့်မှာထားသည်။ ဒံ၊ ၁၂:၄။ ဤအနာဂတ္တိ စကားများ၏ ပြည့်စုံမှုတစ်ခုအပေါ်မှာအခြေခံလျက် ထိုအချိန် ရောက် မှသာ တရားစီရင်ခြင်းနှင့်စပ်ဆိုင်သောသတင်းစကားကို ဟောပြော နိုင်မည်ဖြစ်သည်။GCBur 379.2

    သူ့ခေတ်တွင် ခရစ်တော်၏ကြွလာခြင်းကို မမြော်ရန် အသင်း တော်အား ရှင်ပေါလုသတိပေးခဲ့သည်။ ကြီးကျယ်သောဘာသာ ရေးလမ်းလွဲမှုကြီးနှင့် “ဒုစရိုက်လူ” ၏ကာလတာရှည် စိုးမိုးမှုများ ကိုကျော်လွှားပြီးမှသာ ခရစ်တော်၏ကြွလာခြင်းကို မျှော်လင့် နိုင်ကြပါမည်။ ၂သက်၊ ၂:၃ ကိုကြည့်ပါ။ “ဒုစရိုက်လူ” တည်းဟူ သော “ပျက်စီးခြင်း၏သား” “လျှို့ဝှက် ထားလျက်ရိသော အဓမ္မအရာ” “ထိုအဓမ္မလူ” သည် နှစ်ပေါင်း ၁၂၆၀ တိုင်တိုင် အာဏာတန် ခိုးကိုထိန်းသိမ်းနိုင်ခဲ့သော ရဟန်းမင်းနှင့် ၎င်း၏အဖွဲ့ကို ကိုယ် စားပြုပါသည်။ ထိုကာလသည် ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ ရာထိုကာလမတိုင်မီ ခရစ်တော်ကြွမလာနိုင်ပါချေ။ ရှင်ပေါလု သည် ၁၇၉၈ ခုနှစ် အထိတည်မြဲခဲ့သည် ခရစ်ယာန်များစိုးမိုးရာ ကာလတစ်ခုလုံးအတွက်သိပေးခဲ့ခြင်းဖြစ်သည်။ ၁၇၉၈ ခုနှစ် နောက်ပိုင်းမှစ၍ ခရစ်တော်ကြွလာခြင်းနှင့် စပ်ဆိုင်သောသတင်း စကားကို ဟောပြောကြရပါမည်။GCBur 379.3

    ထိုကဲ့သို့သောသတင်းစကားမျိုးကို အတိတ်အချိန်က တစ်ခါ မှပေးအပ်တော်မမူဖူးချေ။ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်အတိုင်း ရှင်ပေါလု သည် ထိုသတင်းစကားကို မဟောကြားခဲ့ပါ။ ခရစ်တော်ကြွလာခြင်း အတွက် အလွန်ဝေးသောအနာဂတ်ကိုသာ သူပြညွှန်ခဲ့ပါသည်။ GCBur 380.1

    ဘာသာရေး ပြုပြင်ပြောင်းလဲရေးသမားများလည်း ထိုသတင်း စကားကို မပြောဆို၊ မဟောကြားခဲ့ကြပါ။ မာတင်လူးသာက တရားစီ ရင်ခြင်းကို နောင်နှစ်ပေါင်း ၃၀၀ လောက်မှာမှပြုလုပ်လိမ့်မည်ဟု ပြောခဲ့ပါသည်။ သို့သော် ၁၇၉၈ ခုနှစ်မှ စ၍ ဒံယေလအနာဂတ္တိကျမ်း ကိုဖွင့်လှစ်ကာတရားစီရင်ခြင်းနီးကပ်လာကြောင်း သတင်းစကားများကို လူအများဟောပြောခဲ့ကြပါသည်။GCBur 380.2