Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လွတ်လပ်ခွင့်ကိုပေးသောပညတ်တော်

    ခရစ်တော်သည် အသေခံခြင်းအားဖြင့် ပညတ်တော်ကို ဖျက် သိမ်းခဲ့ကြောင်း ဘာသာရေးဆရာများစွာတို့က ဖွင့်ဆိုကြသည်။ တချို့ ကလည်း ပညတ်တော်ကို ဝမ်းနည်ဖွယ်ရာထမ်းပိုးတစ်ခုအဖြစ် ပုံ ဆောင်ဟောကြားကြသည်။ ထိုပညတ်တော်၏ အနှောင်အဖွဲ့နှင့် ဆန့်ကျင်ကာ ဧဝံဂေလိတရား၏အောက်တွင် လွတ်ခြင်းအခွင့်ကို ခံစား ကြရန် သူတို့တင်ပြကြသည်။GCBur 499.1

    သို့သော်ပုရောဖက်များနှင့် တမန်တော်ကြီးများသည် သန့် ရှင်းသော ထိုပညတ်တော်ကို ဤသို့သဘောမထားခဲ့ကြပါ။ “ပေးတော် မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအ တားမရှိဘဲ သွားလာရပါ၏” ဟု ဆာလံ ၁၁၉:၄၅ တွင် ဖေါ်ပြထား ပါသည်။ GCBur 499.2

    တမန်တော်ရှင်ယာကုပ်ကလည်း ပညတ်တော်ဆယ်ပါးကို ရည်ညွှန်းလျက် “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား” ဟု ရှင် ယာကုပ်ဩဝါဒစာ ၁:၂၅ တွင် ဖွင့်ဆိုထားသည်။ GCBur 499.3

    ဗျာဒိတ်ဆရာကလည်း “အသက်ပင်နှင့်ဆိုင်၍ မြို့တံခါးအ တွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကိုကျင့်သောသူတို့သည် မင်္ဂ လာရှိကြ၏” ဟု ဗျာ၊ ၂၂:၁၄ တွင် ဖွင့်ဆိုထားပါသည်။GCBur 499.4

    အကယ်၍သာ ပညတ်တော်ကို ပြောင်းလဲပစ်လို့ရမည်ဆိုလျှင် လည်းကောင်း၊ ပညတ်တော်ကို ဘေးဖယ်ထားလို့ရမည် ဆိုလျှင်သော် လည်းကောင်း၊ ခရစ်တော်သည် အပြစ်၏ပြစ်ဒဏ်စီရင်ချက်မှ လူ သားများကို ကယ်တင်ရန် အသေခံစရာလိုမည်မဟုတ်ချေ။ ဘုရား သခင်၏သားတော်သည် “တရားတော်ကိုချီးမြှောက်၍ ဂုဏ်အသရေ နှင့်ပြည့်စုံစေ” ခြင်းငှာ ကြွလာတော်မူခဲ့ရပါသည်။ ထို့ပြင် ကိုယ် တော်က”ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။” “ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံး ဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ။” “အကျွန်ုပ်၏ ဘုရားသခင်ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အား ရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံး သားထဲမှာရှိပါ၏” ဟု မိန့်မြွက်တော် မူခဲ့ပါသည်။ မဿဲ ၅:၁၇-၁၈။ ဆာ လံ ၄၀:၈။GCBur 499.5

    ပညတ်တော်သည် ဘုရားသခင်၏စာရိတ္တတော်ကိုဖေါ်ပြ သည့်အရာတစ်ခုဖြစ်ရာ ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပါ။ ဘုရားသခင် သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ကိုယ်တော်၏ ပညတ်တော်သည် လည်း ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ “ချစ်ခြင်းမေတ္တာသည် အကျင့် တရား ပြည့်စုံရာ ဖြစ်သတည်း။” “ကိုယ်တော်၏တရားသည် သစ္စာတရား ဖြစ်ပါ၏။” “အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်။” GCBur 500.1

    “တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။” ရောမ ၁၃:၁၀။ ဆာလံ ၁၁၉:၁၄၂။ ရောမ ၇:၁၂။ ထိုကဲ့သို့သော ပညတ်တော် သည်ထာဝရဘုရားကဲ့သို့ပင် ထာဝရတည်ရှိ နေပါမည်။GCBur 500.2

    ကိုယ်တော့်ပညတ်တော်၏စည်းမျဉ်းများနှင့်ညီသော အ သက်တာသို့ ပို့ဆောင်ကာ လူနှင့်ဘုရားသခင်တို့အား ပြန်လည်သင့် မြတ်စေရန်မှာ စိတ်နှလုံး ပြောင်းလဲခြင်းနှင့် သန့်ရှင်းခြင်းတို့သည် အဓိကကျလှပါသည်။ အစဦးတွင် လူသည် ဘုရားသခင် ပတ်တော်နှင့်ကိုက်ညီသည့် စုံလင်သူတစ်ဦးဖြစ်သည်။ သို့ရာတွင် အပြစ်ဒုစရိုက်သည် လူအားဖန်ဆင်းရှင်နှင့် စိမ်းကားသွားစေခဲ့သည်။ လူ၏စိတ်နှလုံး သည် ဘုရားသခင်၏အမိန့်တော် (ပညတ်တော်) ကို အန်တုလာသည်။ “ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက် တတ်။ ထိုမျှမက မလိုက်နိုင်။” ရောမ ၈:၁၇။ GCBur 500.3

    သို့ရာတွင် “လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ကာ ဖန်ဆင်းရှင်နှင့် အဆင်ပြေချောမောစွာ အသက်ရှင်နိုင် ရန် “ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ သည့်တိုင် လောကီသားများကို ချစ်တော်မူ၏။” ဤပြောင်း လဲမှုကို အသစ်မွေးဖွားခြင်းဟုခေါ်ပြီး “အသစ်မွေးဖွားခြင်း မခံရသေးသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ကြရချေ။ ယောဟန် ၃:၁၆၊ ၃။GCBur 501.1