Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆုတောင်းခြင်းနှင့်ကျမ်းစာဖတ်ခြင်းကို လျစ်လျူရှုခြင်း၏ဆိုးကျိုးများ

    ဆုမတောင်းဘဲ မည်သည့်အခါမျှ ကျမ်းစာကိုမလေ့လာသင့် ချေ။သင့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်းကသာ အရေးပါသော အချက်များကို လွယ်ကူစွာနားလည်စေနိုင်သကဲ့သို့ ခက်ခဲသည့် သမ္မာတရားများကို ကောင်းမွန်စွာသဘောပေါက်စေနိုင်ပါသည်။ ဘုရား၏နှုတ်တော်ထွက် စကားများကို နားလည်စေရန် ကောင်းကင် တမန်များက စိတ်နှလုံးများကို ပြုပြင်ပေးတော်မူကြပါသည်။ ကျွန်ုပ် တို့ကို သမ္မာတရား၏ တင့်တယ်မှုဖြင့် ဆွဲဆောင်တော်မူ၏။ GCBur 654.1

    သမ္မာတရား၏ သတိပေးစကားများဖြင့် ဆုံးမတော် မူသည့် အပြင် သမ္မာတရားပါ ကတိတော်များအားဖြင့် အားဖြည့်ပေးတော် မူပါ သည်။ စုံစမ်းခြင်းခံရသူများသည် ဘုရားသခင်၏ကတိတော်များကို သတိရ အောက်မေ့နိုင်ခြင်း မရှိသည့်ပြင် သမ္မာကျမ်းစာတည်းဟူသော လက်နက်အားဖြင်စာတန်အား မရင်ဆိုင်နိုင်ခြင်းကြောင့် စုံစမ်းခြင်းများ သည် တွန်းလှန်ရန် မဖြစ်နိုင်သည့်အခြေအနေသို့ မကြာခဏရောက်ရှိ သွားတတ်ပါသည်။ GCBur 654.2

    သို့ရာတွင် အသွန်သင်ခံလိုသူများ၏ပတ်လည်တွင် ကောင်း ကင်တမန် များသည် ဝန်းရံနေကြကာ လိုအပ်သည့် သမ္မာတရား များကိုပြန်လည်သတိရ အောက်မေ့အောင် မစကူညီကြပါလိမ့်မည်။GCBur 654.3

    “သန့်ရှင်းသောဝိညာဉ်တော်သည် ---- ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။” ယောဟန် ၁၄:၂၆။ သို့သော် ခက်ခဲရာကာလတွင် ပြန်လည်သတိရ အောက်မေ့လာအောင် သန့်ရှင်းသော ဝိညာဉ်တော်က မစနိုင်ရန် အလို့ငှာ ခရစ်တော်၏ သွန်သင်ချက်များကို ယခင်ကတည်းက စိတ် ထဲတွင်သိုထားကြရပါမည်။GCBur 655.1

    ဖွေးဖွေးလှုပ်အောင်များပြားလှသည့် လူထုကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ချက်ချပေတော့မည်။ “သခင်ဘုရား၊ ကျွန်ုပ်လုပ်ဆောင်ရ မည့်အရာကို ပြညွှန်တော်မူပါ” ဟု ခရစ်ယာန်တိုင်း အနူးအညွတ် တောင်းလျှောက်သင့်ပါ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပတ် သက်သောအရာများတွင်ရှိသော လေးနက်အသက်ပါသော အတွေ့အ ကြုံများကို ယခုအချိန်တွင် ကြိုးစားရှာဖွေ သင့်ကြပါသည်။ ကျွန်ုပ် တို့သည် စာတန်ညှို့ယူဆွဲဆောင်နေသည့်နယ်မြေတွင် အသက်ရှင် နေထိုင်လျက်ရှိကြရာ တစ်မိနစ်၊ တစ်စက္ကန့်ကိုပင် အချိန်မဖြုန်း သင့် ပါချေ။ ဘုရားသခင်၏ကင်းစောင့်တို့၊ ငိုက်မျဉ်းအိပ်ပျော်မနေကြ ပါနှင့်။GCBur 655.2

    လူအများသည် မိမိတို့မကျူးလွန်သည့် မှားယွင်းသော လုပ် ဆောင်မှုများအတွက် ကိုယ့်ကိုကိုယ်ဝမ်းမြောက်ဂုဏ်ယူနေတတ် ကြ ပါသည်။ GCBur 655.3

    ၎င်းတို့သည် ဘုရားသခင်၏ဥယျာဉ်တော်ထဲမှ သစ်ပင် များဖြစ်သည်ဆိုရုံနှင့်မလုံလောက်သေးဘဲ အသီးများလည်း သီးကြ ရပါမည်။ ကောင်းကင်စာစောင်များတွင် ၎င်းတို့အား ဆန်ကုန် မြေလေးများအဖြစ် မှတ်တမ်းတင်ထားပါသည်။ သို့စေကာမူ ဘုရား၏ ကရုဏာတော်ကို အလေးမထား၊ ကျေးဇူးတော်ကို တလွဲ…... အသုံးချနေသူများအတွက် စိတ်ရှည်ခြင်းနှင့်ပြည့်ဝသော မဟာ မေတ္တာတော် ရှင်သည် ထာဝရဘုရားသခင်ရှေ့တော်တွင် အသနားခံ ဆဲဖြစ်တော်မူသည်။GCBur 655.4

    အရွက်များဖြင့်စည်နေသော မိုးတွင်းကာလတွင် အမြဲစိမ်းလန်း သော အပင်နှင့် အခြားအပင်များ၏ခြားနားမှုကို သတိထားမိကြမည် မဟုတ်သော်လည်း အရွက်ကြွေသောနွေကာလတွင် အမြဲစိမ်းအပင် များသည် ဆက်လက်စိမ်းလန်းနေကြမည်ဖြစ်သော်လည်း အခြားအ ပင်များမှာမူ အရိုးနှင့်ပြိုင်းပြိုင်း၊ အရွက်ဆိုလို့ ဗလာနတ္ထိဖြစ်နေသည် ကိုတွေ့ကြရလိမ့်မည်။ ဘာသာရေးဆန့်ကျင်သူများ၊ သဘောထား ကျဉ်းမြောင်းသေးသိမ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ ပြန်လည်အသက် ဝင်လာသည်ဆိုပါတော့။ ထိုအချိန်တွင် သူတော်ကောင်းယောင် ဆောင်သူများသည် ၎င်းတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည် ဖြစ်သော်လည်း ခရစ်ယာန်အစစ်အမှန်များသည် မားမားမတ်မတ် ရပ်တည်ကာ ဒုက္ခဆင်းရဲခြင်းကင်းသည့် ကာလမှာရှိသောယုံကြည် ခြင်းထက် ၎င်းတို့၏ယုံကြည်ခြင်းသည် ပို၍ခိုင်မာလာလိမ့်မည်။ ၎င်း တို့၏မြော်လင့်ခြင်း သည်လည်း ပို၍ပီပြင်လာပါလိမ့်မည်။GCBur 656.1

    “ထိုသူသည်ကား ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာအမြစ် ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကိုမသိ။ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲအသီးကိုသီးတတ် သောအပင်နှင့်တူ၏။” ယေရမိ၊ ၁၇:၈။GCBur 656.2

    *****